ဆက်တိုက်နိုင်နေပေမယ့် လုံးဝပေါ့ဆ၊နားလို့မရဘူး- ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီး အသင်းဟာ ပြိုင်ပွဲစုံ (၂၀)ပွဲဆက်တိုက် အနိုင်ရပြီး အကောင်းဆုံးပုံစံတွေ ပြသနေပေမယ့် နည်းပြ ဂွာဒီယိုလာ ကတော့ လုပ်စရာတွေအများကြီး ကျန်ရှိနေသေးတယ်လို့ သတိပေးစကားပြောဆိုထားပါတယ်။ မန်စီးတီး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက ယူနိုက်တက် အသင်းကို (၁၂)မှတ်ဖြတ်ထားနိုင်ပါတယ်။ ဖလားရဖို့ နည်းပြ ဂွာဒီယိုလာအသင်းကအတော်ကို ကြိုးစားထားတာပါ။

နည်းပြဂွါဒီယိုလာက “ကျွန်တော်တို့အသင်းက ကစားသမားတွေဟာ တစ်စက္ကန့်တောင်အနားယူ စိတ်လျှော့ထားလို့ မရသေးပါဘူး။ အမြဲတမ်းကောင်းသထက်ကောင်းအောင် ကြိုးပမ်းနေရပါမယ်။” “အောင်မြင်မှုရဖို့ဟာ အသင်းရဲ့အဓိကပစ်မှတ်ပါ။ အသင်းအနေနဲ့နိုင်ပွဲတွေရနိုင်သလောက် ရယူသွားမှာဖြစ်တဲ့အပြင် ရလဒ်ကောင်းတွေပိုမိုရယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။”

“အသင်းကကစားသမားတွေဟာလည်း ခြေစွမ်းပိုင်းကောင်းသထက်ကောင်းအောင် ပစ်မှတ်ထားလေ့ကျင့်နေဆဲဖြစ်ပါတယ်။ အသင်းမှာ ပါဝင်ကစားခွင့်မရတဲ့ကစားသမားတွေဟာလည်း အသင်းအတွက်အကောင်းဆုံးကစားနိုင်ဖို့ ကြိုးစားနေကြပါတယ်” ဆိုပြီး ပြောပါတယ်။

မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ် အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး အဲဒီပွဲပြီးရင် ယူနိုက်တက်အသင်း နဲ့ မန်ချက်စတာဒါဘီ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အခုရာသီမှာ ဂွာဒီယိုလာကလည်း လက်စောင်းထက်နေတဲ့ နည်းပြတစ်ယောက်ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆက္တိုက္ႏိုင္​ေန​​ေပမယ့္ လုံး၀​ေပါ့ဆ၊နားလို႔မရဘူး- ဂြာဒီယိုလာ

မန္စီးတီး အသင္းဟာ ၿပိဳင္ပြဲစုံ (၂၀)ပြဲဆက္တိုက္ အႏိုင္ရၿပီး အေကာင္းဆုံးပုံစံေတြ ျပသေနေပမယ့္ နည္းျပ ဂြာဒီယိုလာ ကေတာ့ လုပ္စရာေတြအမ်ားႀကီး က်န္ရွိေနေသးတယ္လို႔ သတိေပးစကား​ေျပာဆိုထားပါတယ္။ မန္စီးတီး အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ အမွတ္​ေပးဇယားတြင္ ထိပ္ဆုံးေနရာမွာ ရပ္တည္ေနၿပီး ဒုတိယေနရာက ယူႏိုက္တက္ အသင္းကို (၁၂)မွတ္ျဖတ္ထားႏိုင္ပါတယ္။ ဖလားရဖို႔ နည္းျပ ဂြာဒီယိုလာအသင္းကအ​ေတာ္ကို ႀကိဳးစားထားတာပါ။

နည္းျပဂြါဒီယိုလာက“ကြၽန္ေတာ္တို႔အသင္းကကစားသမားေတြဟာတစ္စကၠန္႔ေတာင္အနားယူစိတ္​ေလွ်ာ့ထားလို႔ မရ​ေသးပါဘူး။အၿမဲတမ္းေကာင္းသထက္ေကာင္းေအာင္ႀကိဳးပမ္းေနရပါမယ္။” “​ေအာင္ျမင္မႈရဖို႔ဟာအသင္းရဲ႕အဓိကပစ္မွတ္ပါ။အသင္းအေနနဲ႔ႏိုင္ပြဲေတြရႏိုင္သေလာက္ရယူသြားမွာျဖစ္တဲ့အျပင္ရလဒ္ေကာင္းေတြပိုမိုရယူႏိုင္ဖို႔ျပင္ဆင္ေနပါတယ္။” “အသင္းကကစားသမားေတြဟာလည္း ေျခစြမ္းပိုင္းေကာင္းသထက္ေကာင္းေအာင္ပစ္မွတ္ထား​ေလ့က်င့္ေနဆဲျဖစ္ပါတယ္။အသင္းမွာပါဝင္ကစားခြင့္မရတဲ့ကစားသမားေတြဟာလည္းအသင္းအတြက္အေကာင္းဆုံးကစားႏိုင္ဖို႔ ႀကိဳးစား​ေနၾကပါတယ္” ဆိုၿပီး ​ေျပာပါတယ္။

မန္စီးတီး အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ဝုလ္ဗ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရဖို႔ရွိ​ေနၿပီး အဲဒီပြဲၿပီးရင္ ယူႏိုက္တက္အသင္း နဲ႔ မန္ခ်က္စတာဒါဘီ ပြဲ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။အခုရာသီမွာ ဂြာဒီယိုလာကလည္း လက္​ေစာင္းထက္​ေနတဲ့ နည္းျပတစ္​ေယာက္ျဖစ္​ေနပါတယ္။