စွဲချက်တင်ခံရရင်လည်း မန်ယူအတွက်နောက်ထပ် ၄ ပွဲကစားလို့ရဦးမယ့် ကာဗာနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းတိုက်စစ်မှူး ကာဗာနီဟာ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းကြောင့် စွဲချက်တင်ခံရမယ်ဆိုရင်လည်း မန်ယူအတွက်နောက်ထပ် ၄ ပွဲကစားလို့ရသေးကြောင်း သိရပါတယ်။ ကာဗာနီဟာ ဆောက်သမ်တန်နဲ့ပွဲမှာ မန်ယူအသင်းအရှုံးကနေ အနိုင်ပြန်ရအောင် စွမ်းဆောင်ပြခဲ့သူဖြစ်ပါတယ်။

အဲဒီပွဲမှာ ကာဗာနီဟာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့တာပါ။ ဒါကြောင့်သူ့ကိုအားလုံးကဂုဏ်ပြုနေကြတာဖြစ်ပြီး အင်စတာဂရမ်ပေါ်မှာလည်း ချီးကျူးမှုတွေရှိခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ဥရုဂွေးပရိသတ်တစ်ဦးက အင်စတာဂရမ်မှာ ကာဗာနီအောင်ပွဲခံတဲ့ပုံတင်ပြီး ‘မင်းကိုချစ်တယ် နွားရိုင်းသတ်သမားကြီးရေ”လို့တင်ကာဂုဏ်ပြုခဲ့တာပါ။ ဒါကို ကာဗာနီကတုံ့ပြန်ရာမှာ စပိန်ဘာသာနဲ့ ‘Gracias negrito.’ လို့ပြန်ပြောခဲ့ပါတယ်။ ဒါဟာ ”ကျေးဇူးဘဲ မဲလုံး” ရေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီစကားဟာ တောင်အမေရိကနဲ့ ဥရုဂွေးမှာတော့ အသုံးများကြပေမယ့် အင်္ဂလန်မှာတော့ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းအဖြစ်သတ်မှတ်ထားတာပါ။

pablofer2222 ကဘယ်သူလဲ? Pablofer2222 ဒါမှမဟုတ် ပါဘလို ဆိုတာ… အင်စတာဂရမ်မှာ (၇.၈)သန်း ဖော်လိုဝါ ရှိတဲ့ ကာဗာနီရဲ့ Fan တစ်ဦးဖြစ်ပါတယ်။ သူရဲ့ အင်စတာဂရမ်အကောင့်ဟာ Private လုပ်ထား တာကြောင့်သူ့ရဲ့အကြောင်းကိုသေချာမသိနိုင်ပေမယ့် သူ့ရဲ့ ပရိုဖိုင်းပုံမှာ မြင်းနဲ့ပုံကိုတင်ထားတာကြောင့် မြင်းတွေကိုနှစ်သက်တဲ့ ကာဗာနီရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ် ဦး ဖြစ်နိုင်ပါတယ်။

အဲဒီပု့ိစ်တင်ခဲ့ပြီး ၃ နာရီအကြာမှာတော့ ကာဗာနီဟာ ပြန်ဖျက်လိုက်ပါတယ်။ negrito ဆိုတဲ့အသုံးက သူကြီးပြင်းခဲ့ရာတောင်အမေရိကမှာတော့ ချစ်စနိုးနဲ့ခေါ်ကြတာဖြစ်ပြီး တကယ်လို့အရေးယူမှုလုပ်လာမယ်ဆိုရင်တော့ အဲဒါဟာ ကာဗာနီရဲ့ခုခံကာကွယ်ရာ ဖြစ်ပါလိမ့်မယ်။

အက်ဖ်အေဟာ ဘယ်လိုအကြောင်းအရာမျိုးပေါ်အခြေခံသည်ဖြစ်စေ၊ ဘာသာစကားကွဲပြားသည်ဖြစ်စေ လူမျိုးရေးခွဲခြားမှုအသုံးအနှုန်း မပြုလုပ်ဖို့အတွက် ဩဂုတ်လကတည်းက ကလပ်တွေဆီအကြောင်းကြားထားပြီးသားပါ။ ဒါကြောင့် ကာဗာနီဟာ ဘယ်လိုဘဲအကြောင်းပြသည်ဖြစ်စေ စွဲချက်တင်ခံရဖို့ရှိနေတာပါ။


ဒါပေမယ့် အက်ဖ်အေရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ဟာ ဗုဒ္ဓဟူးနေ့ရောက်မှ ကာဗာနီကိုဆက်သွယ်ဦးမလား ဒါမှမဟုတ် စွဲချက်တင်မလားဆိုတာ ဆုံးဖြတ်ပြီး အက်ဖ်အေကိုလာမယ့် တနင်္လာနေ့ရောက်မှ တင်ပြမှာဖြစ်ပါတယ်။ အက်ဖ်အေကလည်း ဒီဇင်ဘာ ၂၁ ရောက်မှအရေးယူမယူကို ကြားနာဆုံးဖြတ်ချက်ချဖို့ စီစဉ်မယ့်အပြင် ကာဗာနီအနေနဲ့ ဒီကြားကာလထဲမှာ ဖြေရှင်းချက်ပေးဖို့အခွင့်အရေးလည်းရှိနေသေးတာကြောင့် လာမယ့်တစ်ပတ် ဝက်စ်ဟမ်းနဲ့ပွဲ၊ ဒီဇင်ဘာ ၁၂ ကျရင် မန်စီးတီးနဲ့ ကစားရမယ့် မန်ချက်စတာဒါဘီပွဲတွေအပြင် ရှက်ဖီးယူနိုက်တက်၊ လိဒ်ယူနိုက်တက်တို့နဲ့ ကစားရမယ့်ပွဲတွေမှာ လွတ်လပ်စွာပါဝင်နိုင်ခွင့် ရှိဦးမှာပါ။ ကာဗာနီအနေနဲ့ စွဲချက်တင်ပြစ်ဒဏ်ချမှတ်ခံရရင် အနည်းဆုံး ၃ ပွဲပယ်ခံရမှာဖြစ်ပါတယ်။

ကာဗာနီရဲ့အခုဖြစ်ရပ်ကို သူနဲ့တစ်နိုင်ငံတည်းသားဆွာရက်ဇ်ရဲ့အဖြစ်နဲ့လည်း နှိုင်းယှဉ်မှုတွေ ပြုလုပ်နေကြပြီး ဆွာရက်ဇ်တုန်းက မန်ယူနောက်ခံလူအီဗရာနဲ့ ရင်ဆိုင်တွေ့မှုမှာ negro(ကပ္ပလီ)ဆိုတဲ့စကားလုံးကို အသုံးပြုခဲ့လို့ ၈ ပွဲပယ်ခံခဲ့ရသလို ပေါင် ၄ သောင်းလည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ကာဗာနီကလည်း သူရဲ့ အင်စတာဂရမ်မှာပြန်လည်ဖြေရှင်းပြခဲ့ပြီး သူတင်ခဲ့တဲ့ပိုစ်နဲ့ပတ်သက်လို့ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။ သူက “တနင်္ဂနွေနေ့ပွဲမှာ သူတင်ခဲ့တဲ့ post ဟာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ကိုနွေးထွေးတဲ့နှုတ်ခွန်းဆက်ခဲ့တာတစ်ခုဖြစ်စေဖို့သာ ရည်ရွယ်ထားခဲ့တာဖြစ်ပြီး သူpost တင်ပြီးသိပ်မကြာခင်မှာ ဒီလိုရေးသားမှုက အဓိပ္ပါယ်နောက်တစ်မျိုးဖြစ်စေတယ်လို သိသိခြင်း ပြန်လည်ဖြုတ်ချခဲ့ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ သူဟာ လူမျိုးရေးခွဲခြားမှုကိုလုံးဝဆန့်ကျင်တဲ့သူတစ်ဦးဖြစ်တာကြောင့် ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ထိခိုက်မှုတွေရှိခဲ့တာတွေအတွက် စိတ်ရင်းအမှန်နဲ့တောင်းပန်ပါတယ်” ဆိုပြီး ရေးသားထားခဲ့ကာ ပါဘလိုလို့ယူဆရတဲ့ သူ့မိတ်ဆွေနဲ့တွဲရိုက်ထားတဲ့ပုံနဲ့ အင်စတာဂရမ်မှာ photo ပိုစ်တင်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စြဲခ်က္တင္ခံရရင္လည္း မန္ယူအတြက္ေနာက္ထပ္ ၄ ပြဲကစားလို႔ရဦးမယ့္ ကာဗာနီ

မန္ယူအသင္းတိုက္စစ္မႉး ကာဗာနီဟာ လူမ်ိဳးေရးခြဲျခားတဲ့ အသုံးအႏႈန္းေၾကာင့္ စြဲခ်က္တင္ခံရမယ္ဆိုရင္လည္း မန္ယူအတြက္ေနာက္ထပ္ ၄ ပြဲကစားလို႔ရေသးေၾကာင္း သိရပါတယ္။ ကာဗာနီဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ မန္ယူအသင္းအရႈံးကေန အႏိုင္ျပန္ရေအာင္ စြမ္းေဆာင္ျပခဲ့သူျဖစ္ပါတယ္။ အဲဒီပြဲမွာ ကာဗာနီဟာ ကိုယ္တိုင္ ၂ ဂိုးသြင္းၿပီး တစ္ဂိုးဖန္တီးေပးခဲ့တာပါ။ ဒါေၾကာင့္သူ႔ကိုအားလုံးကဂုဏ္ျပဳေနၾကတာျဖစ္ၿပီး အင္စတာဂရမ္ေပၚမွာလည္း ခ်ီးက်ဴးမႈေတြရွိခဲ့ပါတယ္။

ဒီပြဲအၿပီးမွာ ဥ႐ုေဂြးပရိသတ္တစ္ဦးက အင္စတာဂရမ္မွာ ကာဗာနီေအာင္ပြဲခံတဲ့ပုံတင္ၿပီး ‘မင္းကိုခ်စ္တယ္ ႏြား႐ိုင္းသတ္သမားႀကီးေရ”လို႔တင္ကာဂုဏ္ျပဳခဲ့တာပါ။ ဒါကို ကာဗာနီကတုံ႔ျပန္ရာမွာ စပိန္ဘာသာနဲ႔ ‘Gracias negrito.’ လို႔ျပန္ေျပာခဲ့ပါတယ္။ ဒါဟာ ”ေက်းဇူးဘဲ မဲလုံး” ေရဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။ ဒီစကားဟာ ေတာင္အေမရိကနဲ႔ ဥ႐ုေဂြးမွာေတာ့ အသုံးမ်ားၾကေပမယ့္ အဂၤလန္မွာေတာ့ လူမ်ိဳးေရးခြဲျခားတဲ့အသုံးအႏႈန္းအျဖစ္သတ္မွတ္ထားတာပါ။

pablofer2222 ကဘယ္သူလဲ? Pablofer2222 ဒါမွမဟုတ္ ပါဘလို ဆိုတာ… အင္စတာဂရမ္မွာ (၇.၈)သန္း ေဖာ္လိုဝါ ရွိတဲ့ ကာဗာနီရဲ႕ Fan တစ္ဦးျဖစ္ပါတယ္။ သူရဲ႕ အင္စတာဂရမ္အေကာင့္ဟာ Private လုပ္ထား တာေၾကာင့္သူ႔ရဲ႕အေၾကာင္းကိုေသခ်ာမသိႏိုင္ေပမယ့္ သူ႔ရဲ႕ ပ႐ိုဖိုင္းပုံမွာ ျမင္းနဲ႔ပုံကိုတင္ထားတာေၾကာင့္ ျမင္းေတြကိုႏွစ္သက္တဲ့ ကာဗာနီရဲ႕ ရင္းႏွီးတဲ့ မိတ္ေဆြတစ္ ဦး ျဖစ္ႏိုင္ပါတယ္။

အဲဒီပု႔ိစ္တင္ခဲ့ၿပီး ၃ နာရီအၾကာမွာေတာ့ ကာဗာနီဟာ ျပန္ဖ်က္လိုက္ပါတယ္။ negrito ဆိုတဲ့အသုံးက သူႀကီးျပင္းခဲ့ရာေတာင္အေမရိကမွာေတာ့ ခ်စ္စႏိုးနဲ႔ေခၚၾကတာျဖစ္ၿပီး တကယ္လို႔အေရးယူမႈလုပ္လာမယ္ဆိုရင္ေတာ့ အဲဒါဟာ ကာဗာနီရဲ႕ခုခံကာကြယ္ရာ ျဖစ္ပါလိမ့္မယ္။ အက္ဖ္ေအဟာ ဘယ္လိုအေၾကာင္းအရာမ်ိဳးေပၚအေျခခံသည္ျဖစ္ေစ၊ ဘာသာစကားကြဲျပားသည္ျဖစ္ေစ လူမ်ိဳးေရးခြဲျခားမႈအသုံးအႏႈန္း မျပဳလုပ္ဖို႔အတြက္ ဩဂုတ္လကတည္းက ကလပ္ေတြဆီအေၾကာင္းၾကားထားၿပီးသားပါ။ ဒါေၾကာင့္ ကာဗာနီဟာ ဘယ္လိုဘဲအေၾကာင္းျပသည္ျဖစ္ေစ စြဲခ်က္တင္ခံရဖို႔ရွိေနတာပါ။

ဒါေပမယ့္ အက္ဖ္ေအရဲ႕စည္းကမ္းထိန္းသိမ္းေရးေကာ္မရွင္ဟာ ဗုဒၶဟူးေန႔ေရာက္မွ ကာဗာနီကိုဆက္သြယ္ဦးမလား ဒါမွမဟုတ္ စြဲခ်က္တင္မလားဆိုတာ ဆုံးျဖတ္ၿပီး အက္ဖ္ေအကိုလာမယ့္ တနလၤာေန႔ေရာက္မွ တင္ျပမွာျဖစ္ပါတယ္။ အက္ဖ္ေအကလည္း ဒီဇင္ဘာ ၂၁ ေရာက္မွအေရးယူမယူကို ၾကားနာဆုံးျဖတ္ခ်က္ခ်ဖို႔ စီစဥ္မယ့္အျပင္ ကာဗာနီအေနနဲ႔ ဒီၾကားကာလထဲမွာ ေျဖရွင္းခ်က္ေပးဖို႔အခြင့္အေရးလည္းရွိေနေသးတာေၾကာင့္ လာမယ့္တစ္ပတ္ ဝက္စ္ဟမ္းနဲ႔ပြဲ၊ ဒီဇင္ဘာ ၁၂ က်ရင္ မန္စီးတီးနဲ႔ ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲေတြအျပင္ ရွက္ဖီးယူႏိုက္တက္၊ လိဒ္ယူႏိုက္တက္တို႔နဲ႔ ကစားရမယ့္ပြဲေတြမွာ လြတ္လပ္စြာပါဝင္ႏိုင္ခြင့္ ရွိဦးမွာပါ။ ကာဗာနီအေနနဲ႔ စြဲခ်က္တင္ျပစ္ဒဏ္ခ်မွတ္ခံရရင္ အနည္းဆုံး ၃ ပြဲပယ္ခံရမွာျဖစ္ပါတယ္။

ကာဗာနီရဲ႕အခုျဖစ္ရပ္ကို သူနဲ႔တစ္ႏိုင္ငံတည္းသားဆြာရက္ဇ္ရဲ႕အျဖစ္နဲ႔လည္း ႏႈိင္းယွဥ္မႈေတြ ျပဳလုပ္ေနၾကၿပီး ဆြာရက္ဇ္တုန္းက မန္ယူေနာက္ခံလူအီဗရာနဲ႔ ရင္ဆိုင္ေတြ႕မႈမွာ negro(ကပၸလီ)ဆိုတဲ့စကားလုံးကို အသုံးျပဳခဲ့လုိ႔ ၈ ပြဲပယ္ခံခဲ့ရသလို ေပါင္ ၄ ေသာင္းလည္း ဒဏ္ရိုက္ခံခဲ့ရပါတယ္။

ကာဗာနီကလည္း သူရဲ႕ အင္စတာဂရမ္မွာျပန္လည္ေျဖရွင္းျပခဲ့ၿပီး သူတင္ခဲ့တဲ့ပိုစ္နဲ႕ပတ္သက္လို႕ျပန္လည္ေတာင္းပန္သြားခဲ့ပါတယ္။ သူက “တနဂၤေႏြေန႔ပြဲမွာ သူတင္ခဲ့တဲ့ post ဟာ သူ႕ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ကိုေႏြးေထြးတဲ့ႏႈတ္ခြန္းဆက္ခဲ့တာ တစ္ခုျဖစ္ေစဖို႔သာ ရည္႐ြယ္ထားခဲ့တာျဖစ္ၿပီး သူpost တင္ၿပီးသိပ္မၾကာခင္မွာ ဒီလိုေရးသားမႈက အဓိပၸါယ္ေနာက္တစ္မ်ိဳးျဖစ္ေစတယ္လို သိသိျခင္း ျပန္လည္ျဖဳတ္ခ်ခဲ့ပါတယ္လို႕ ရွင္းျပခဲ့ပါတယ္။ သူဟာ လူမ်ိဳးေရးခြဲျခားမႈကိုလုံးဝဆန႔္က်င္တဲ့သူတစ္ဦးျဖစ္တာေၾကာင့္ ဒီျဖစ္ရပ္နဲ႔ပတ္သတ္ၿပီး ထိခိုက္မႈေတြရွိခဲ့တာေတြအတြက္ စိတ္ရင္းအမွန္နဲ႔ေတာင္းပန္ပါတယ္” ဆိုၿပီး ေရးသားထားခဲ့ကာ ပါဘလိုလို႕ယူဆရတဲ့ သူ႕မိတ္ေဆြနဲ႕တြဲရိုက္ထားတဲ့ပံုနဲ႕ အင္စတာဂရမ္မွာ photo ပိုစ္တင္ထားပါတယ္။