စံချိန်သစ်တွေ မှတ်တမ်းကောင်းတွေနဲ့ အင်တာမီလန်ရဲ့နိုင်ပွဲ

TURIN, ITALY - NOVEMBER 23: Romelu Menama Lukaku Bolingoli of FC Internazionale celebrates after scoring the third goal during the Serie A match between Torino FC and FC Internazionale at Stadio Olimpico di Torino on November 23, 2019 in Turin, Italy. (Photo by Claudio Villa - Inter/Inter via Getty Images )
PC ; Internet

ဒီရာသီ စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့တိုရီနိုနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း ၃ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် ကွန်တီရဲ့အသင်းဟာ အစောပိုင်းပွဲစဉ်မှာ အတ္တလန္တာကိုအနိုင်ရထားတဲ့ လက်ရှိချန်ပီယံဂျူဗင်တပ်ကို ၁မှတ်အကွာကနေဆက်လက် ဖိအားပေးနိုင်ခဲ့သလို စံချိန်သစ်တစ်ချို့ပါ စိုက်ထူနိုင်ခဲ့ပါတယ်။လက်ရှိစီးရီးအေ ၁၃ပွဲကစားပြီးချိန်မှာ အင်တာမီလန်ဟာ ၁၁ပွဲ အနိုင်ရထားပါတယ်။ဒါဟာ ၁၉၅၀-၅၁ရာသီတုန်းက စိုက်ထူခဲ့တဲ့ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးရာသီအစ မှတ်တမ်းနဲ့တူညီသွားခဲ့တာပါ။

PC ; Internet

ဒါ့အပြင် အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် စီးရီးအေအဝေးကွင်း ၇ပွဲဆက်အနိုင်ရတဲ့ စံချိန်သစ်ကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။ ၂၀၀၂-၀၃ ရာသီအစမှာ လာဇီယိုအသင်းလုပ်ပြခဲ့ဖူးတဲ့ စီးရီးအေအဝေးကွင်း ၇ပွဲဆက်အနိုင်ရတဲ့စံချိန်နဲ့တူညီခဲ့တာဖြစ်ပြီး လာမယ့်အဝေးကွင်းပွဲစဉ်တစ်ပွဲ ဆက်နိုင်မယ်ဆိုရင်တော့ ၁၉၉၂-၉၃ရာသီမှာ အေစီမီလန်၊ ၂၀၁၈-၁၉ရာသီမှာ ဂျူဗင်တပ်အသင်းတို့ရရှိခဲ့တဲ့ စီးရီးအေအဝေးကွင်း ၈ပွဲဆက်အနိုင်ရတဲ့မှတ်တမ်းနဲ့ တူညီသွားမှာဖြစ်ပါတယ်။

PC ; Internet

ဒါ့အပြင် တိုရီနိုနဲ့ပွဲစဉ်မှာ အင်တာမီလန်အသင်းအတွက်ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူဟာလည်း အသင်းသမိုင်းမှာအကောင်းဆုံးစံချိန်တစ်ခုနဲ့ ထပ်တူကျအောင်လုပ်နိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်ကစားသမားဘ၀ စီးရီးအေအဖွင့် ၁၃ပွဲမှာ ၁၀ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းသမိုင်းမှာ သူ့လိုပဲ စွမ်းဆောင်နိုင်ခဲ့သူဆိုလို့ ၁၉၄၈-၄၉ရာသီမှာ အင်တာမီလန်အသင်းအတွက်ကစားပေးခဲ့တဲ့ စတီဖာနိုနိုင်ယာ တစ်ဦးသာရှိနေပါတယ်။

PC ; Internet

အင်တာမီလန်အသင်းဟာ လာမယ့်စီးရီးအေအဝေးကွင်းပွဲစဉ်မှာ ဖီအိုရင်တီးနားကိုအနိုင်ရမယ်ဆိုရင် မြို့ခံပြိုင်ဘက်အေစီမီလန်နဲ့ ပြိုင်ဘက်ကြီး ဂျူဗင်တပ်တို့ စိုက်ထူထားခဲ့တဲ့ စီးရီးအေအဝေးကွင်း ၈ပွဲဆက်အနိုင်စံချိန်နဲ့တူညီနိုင်မှာဖြစ်ပါတယ်။

(zawgyi)

ဒီရာသီ စီးရီးေအမွာ ေျခစြမ္းျပေနတဲ့ အင္တာမီလန္အသင္းဟာ ၿပီးခဲ့တဲ့တိုရီႏိုနဲ႔ အေ၀းကြင္းပြဲစဥ္မွာလည္း ၃ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ဒီႏိုင္ပြဲေၾကာင့္ ကြန္တီရဲ႕အသင္းဟာ အေစာပိုင္းပြဲစဥ္မွာ အတၱလႏာၱကိုအႏိုင္ရထားတဲ့ လက္ရွိခ်န္ပီယံဂ်ဴဗင္တပ္ကို ၁မွတ္အကြာကေနဆက္လက္ ဖိအားေပးႏိုင္ခဲ့သလို စံခ်ိန္သစ္တစ္ခ်ိဳ႔ပါ စိုက္ထူႏိုင္ခဲ့ပါတယ္။လက္ရွိစီးရီးေအ ၁၃ပြဲကစားၿပီးခ်ိန္မွာ အင္တာမီလန္ဟာ ၁၁ပြဲ အႏိုင္ရထားပါတယ္။ဒါဟာ ၁၉၅၀-၅၁ရာသီတုန္းက စိုက္ထူခဲ့တဲ့ အသင္းသမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုးရာသီအစ မွတ္တမ္းနဲ႔တူညီသြားခဲ့တာပါ။ဒါ့အျပင္ အသင္းရဲ႕သမိုင္းမွာ ပထမဆံုးအႀကိမ္အျဖစ္ စီးရီးေအအေ၀းကြင္း ၇ပြဲဆက္အႏိုင္ရတဲ့ စံခ်ိန္သစ္ကိုလည္း စိုက္ထူႏိုင္ခဲ့ပါတယ္။ ၂၀၀၂-၀၃ ရာသီအစမွာ လာဇီယိုအသင္းလုပ္ျပခဲ့ဖူးတဲ့ စီးရီးေအအေ၀းကြင္း ၇ပြဲဆက္အႏိုင္ရတဲ့စံခ်ိန္နဲ႔တူညီခဲ့တာျဖစ္ျပီး လာမယ့္အေ၀းကြင္းပြဲစဥ္တစ္ပြဲ ဆက္ႏိုင္မယ္ဆိုရင္ေတာ့ ၁၉၉၂-၉၃ရာသီမွာ ေအစီမီလန္၊ ၂၀၁၈-၁၉ရာသီမွာ ဂ်ဴဗင္တပ္အသင္းတို႔ရရွိခဲ့တဲ့ စီးရီးေအအေ၀းကြင္း ၈ပြဲဆက္အႏိုင္ရတဲ့မွတ္တမ္းနဲ႔ တူညီသြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ တိုရီႏိုနဲ႔ပြဲစဥ္မွာ အင္တာမီလန္အသင္းအတြက္ဂိုးသြင္းႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး လူကာကူဟာလည္း အသင္းသမိုင္းမွာအေကာင္းဆံုးစံခ်ိန္တစ္ခုနဲ႔ ထပ္တူက်ေအာင္လုပ္ႏိုင္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး လူကာကူဟာ အင္တာမီလန္ကစားသမားဘ၀ စီးရီးေအအဖြင့္ ၁၃ပြဲမွာ ၁၀ဂိုးသြင္းႏိုင္ခဲ့ျပီး အသင္းသမိုင္းမွာ သူ႔လိုပဲ စြမ္းေဆာင္ႏိုင္ခဲ့သူဆိုလို႔ ၁၉၄၈-၄၉ရာသီမွာ အင္တာမီလန္အသင္းအတြက္ကစားေပးခဲ့တဲ့ စတီဖာႏိုႏိုင္ယာ တစ္ဦးသာရွိေနပါတယ္။ အင္တာမီလန္အသင္းဟာ လာမယ့္စီးရီးေအအေ၀းကြင္းပြဲစဥ္မွာ ဖီအိုရင္တီးနားကိုအႏိုင္ရမယ္ဆိုရင္ ျမိဳ႔ခံျပိဳင္ဘက္ေအစီမီလန္နဲ႔ ျပိဳင္ဘက္ၾကီး ဂ်ဴဗင္တပ္တို႔ စိုက္ထူထားခဲ့တဲ့ စီးရီးေအအေ၀းကြင္း ၈ပြဲဆက္အႏိုင္စံခ်ိန္နဲ႔တူညီႏိုင္မွာျဖစ္ပါတယ္။