စံချိန်သစ်တင်နိုင်ပြန်တဲ့ နည်းပြတူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်ဆီးအသင်းနဲ့အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်မှာချယ်ဆီးအသင်းက၂ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ တူချယ်ဟာ အဲဗာတန်ကို အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ အဲဗာတန်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် တူချယ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လိဂ်အိမ်ကွင်းအဖွင့် ၅ပွဲဆက်ပေးဂိုးမရှိကစားနိုင်တဲ့ပထမဆုံးနည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ချယ်ဆီးအသင်းအနေနဲ့ကစားကွက်မှာပုံမှန်ပွဲထွက်နေကျ၃-၄-၂-၁လူစာရင်းကိုအသုံးပြုခဲ့ပြီးတိုက်စစ်မှာဝါနာကိုအထောင်ထားကာနောက်မှာဟာဗက်ဇ်ကိုဟက်ဒ်ဆန်အိုဒွိုင်းနဲ့တွဲဖက်စေပါတယ်။ ချယ်ဆီးအသင်းအတွက်ဦးဆောင်ဂိုးကိုပွဲချိန်၃၁မိနစ်မှာအလွန်ဆိုရဲ့ပေးပို့မှုကနေဟာဗက်ဇ်ပိတ်သွင်းရာမှာအဲဗာတန်နောက်ခံလူဂေါ့ဖရေးနဲ့ထိမိပြီးဂိုးဝင်သွားခဲ့ရာကနေရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယဂိုးကိုတော့ ပွဲချိန်၆၅မိနစ်မှာဟာဗက်ဇ်ကိုပင်နယ်တီဧရိယာထဲမှာပစ်ဖို့ဒ်ကစားပုံကြမ်းခဲ့လို့ရရှိလာတဲ့ပင်နယ်တီကိုဂျော်ဂျင်ဟိုကအဆုံးသတ်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနိုင်ပွဲကြောင့် ချယ်ဆီးဟာ အသင်းလိုက်မှတ်တမ်းတစ်ခု တင်နိုင်ခဲ့ပြီး ၂၀၁၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၅ပွဲဆက် ပေးဂိုးမရှိကစားနိုင်ခဲ့ပါတယ်။ချယ်ဆီးဟာ ၁၁ပွဲမှာ ခံစစ်က စုစုပေါင်း ၂ဂိုးပဲပေးထားရပါတယ်။

ချယ်ဆီးအသင်းကိုတူချယ်စတင်တာဝန်ယူကိုင်တွယ်ချိန်ကနေစပြီးဥရောပရဲ့ထိပ်သီးလိဂ်၅ခုမှာချယ်ဆီးဂိုးသမားမန်ဒီထက်(၇ကြိမ်ရထား)Clean-sheet ပိုမိုရယူထားတဲ့ဂိုးသမားမရှိသေးပါဘူး။ ဒါ့အပြင် ချယ်ဆီးကစားသမား မားကို့စ်အလွန်ဆိုအနေနဲ့အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာအခွင့်အရေး(၄)ကြိမ်အထိဖန်တီးနိုင်ခဲ့ပြီးအဲဒါဟာအဲဗာတန်ကစားသမားအားလုံးထက်သာလွန်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စံခ်ိန္သစ္တင္ႏိုင္ျပန္တဲ့ နည္းျပတူခ်ယ္လ္

ခ်ယ္ဆီးအသင္းနဲ႔အဲဗာတန္အသင္းတို႔ရဲ႕ပြဲစဥ္မွာခ်ယ္ဆီးအသင္းက၂ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ တူခ်ယ္ဟာ အဲဗာတန္ကို အႏိုင္ရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။ အဲဗာတန္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ တူခ်ယ္ဟာ ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ လိဂ္အိမ္ကြင္းအဖြင့္ ၅ပြဲဆက္ေပးဂိုးမရွိကစားႏိုင္တဲ့ပထမဆုံးနည္းျပအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

အဲဒီပြဲစဥ္မွာ ခ်ယ္ဆီးအသင္းအေနနဲ႔ကစားကြက္မွာပုံမွန္ပြဲထြက္ေနက်၃-၄-၂-၁လူစာရင္းကိုအသုံးျပဳခဲ့ၿပီးတိုက္စစ္မွာဝါနာကိုအေထာင္ထားကာေနာက္မွာဟာဗက္ဇ္ကိုဟက္ဒ္ဆန္အိုဒြိဳင္းနဲ႔တြဲဖက္ေစပါတယ္။ ခ်ယ္ဆီးအသင္းအတြက္ဦးေဆာင္ဂိုးကိုပြဲခ်ိန္၃၁မိနစ္မွာအလြန္ဆိုရဲ႕ေပးပို႔မႈကေနဟာဗက္ဇ္ပိတ္သြင္းရာမွာအဲဗာတန္ေနာက္ခံလူေဂါ့ဖေရးနဲ႔ထိမိၿပီးဂိုးဝင္သြားခဲ့ရာကေနရရွိခဲ့တာျဖစ္ပါတယ္။

ဒုတိယဂိုးကို​ေတာ့ ပြဲခ်ိန္၆၅မိနစ္မွာဟာဗက္ဇ္ကိုပင္နယ္တီဧရိယာထဲမွာပစ္ဖို႔ဒ္ကစားပုံၾကမ္းခဲ့လို႔ရရွိလာတဲ့ပင္နယ္တီကိုေဂ်ာ္ဂ်င္ဟိုကအဆုံးသတ္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

အဲဒီႏိုင္ပြဲ​ေၾကာင့္ ခ်ယ္ဆီးဟာ အသင္းလိုက္မွတ္တမ္းတစ္ခု တင္ႏိုင္ခဲ့ၿပီး ၂၀၁၅ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္မွာ အိမ္ကြင္း ၅ပြဲဆက္ ေပးဂိုးမရွိကစားႏိုင္ခဲ့ပါတယ္။ခ်ယ္ဆီးဟာ ၁၁ပြဲမွာ ခံစစ္က စုစုေပါင္း ၂ဂိုးပဲေပးထားရပါတယ္။ ခ်ယ္ဆီးအသင္းကိုတူခ်ယ္စတင္တာဝန္ယူကိုင္တြယ္ခ်ိန္ကေနစၿပီးဥေရာပရဲ႕ထိပ္သီးလိဂ္၅ခုမွာခ်ယ္ဆီးဂိုးသမားမန္ဒီထက္(၇ႀကိမ္ရထား)Clean-sheet ပိုမိုရယူထားတဲ့ဂိုးသမားမရွိေသးပါဘူး။

ဒါ့အျပင္ ခ်ယ္ဆီးကစားသမား မားကို႔စ္အလြန္ဆိုအေနနဲ႔အဲဗာတန္အသင္းနဲ႔ပြဲစဥ္မွာအခြင့္အေရး(၄)ႀကိမ္အထိဖန္တီးႏိုင္ခဲ့ၿပီးအဲဒါဟာအဲဗာတန္ကစားသမားအားလုံးထက္သာလြန္ေနတာျဖစ္ပါတယ္။