စံချိန်မှတ်တမ်းကောင်း ထပ်ရပြန်လို့ ဂွါဒီယိုလာ စကားတွေကြွယ်ပြပြီ

မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့က ချန်ပီယံလီဗာပူးကို အနိုင်ရရှိကာ အမှတ်ပေးဇယားရဲ့ထိပ်ကနေ ဦးဆောင်နေတာဖြစ်ပြီး ပွဲကျန်တစ်ပွဲရှိသေးတာဖြစ်တဲ့အတွက် ကျန်အသင်း ၅သင်းစလုံး ဟာ လက်ရှိမှာတော့ သူ့ရဲ့အောက်သို့ ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီး အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ဆွမ်ဆီး အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ဒါကြောင့် မန်စီးတီး အသင်းဟာ အဲဒီနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ (၁၅)ပွဲဆက်အနိုင်ရပြီး အင်္ဂလိပ်ထိပ်တန်းဘယ်အသင်းကမှ အရင်တုန်းက မစွမ်းဆောင်နိုင်ခဲ့တာကို စွမ်းဆောင်ပြပြီး စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာကတော့ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး၁၅ပွဲဆက်တိုက်အနိုင်ရယူနိုင်တဲ့ပထမဆုံးအင်္ဂလန်အသင်းအဖြစ်စံချိန်တင်နိုင်ခြင်းအတွက် အံအားသင့်ဖွယ်အလွန်ကောင်းပြီးအထူးကောင်းမွန်တဲ့အောင်မြင်မှုဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုလာပါတယ်။ မန်စီးတီးအသင်းဟာ၁၉၈၇ခုနှစ်ကအာဆင်နယ်၊၁၈၉၂ခုနှစ်ကပရက်စတန်အသင်းတို့ရရှိ ခဲ့ဖူးတဲ့ စံချိန်တွေကိုချိုးဖျက်နိုင်ခဲ့တာပါ။

ဆွမ်ဆီးအသင်းကိုအနိုင်ရတဲ့အက်ဖ်အေပွဲစဉ်ဟာနည်းပြဂွါဒီယိုလာအတွက်မန်စီးတီးအသင်းနည်းပြအဖြစ်တာဝန်ယူချိန် အတွင်းအနိုင်ရတဲ့ပွဲပေါင်း၂၀၀ပြည့်ပွဲစဉ်ဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာက“၁၅ပွဲဆက်တိုက်အနိုင်ရမှုကအသင်းအတွက်အလွန်အံအားသင့်ဖွယ်ကောင်းပါတယ်။ကစားသမားတွေဟာ ဘယ်လောက်ထူးခြားကောင်းမွန်တယ်ဆိုတာပြသထားပြီး၊ ကျွန်တော်တို့ လာမယ့် ပွဲအတွက် စဉ်းစားနေပါတယ်။ကျွန်တော်တို့အသင်းဟာအခက်အခဲဆုံးအချိန်ကာလကိုဖြတ်သန်းခဲ့ပြီးမှစံချိန်ကောင်းတွေစိုက်ထူနိုင်ခဲ့တာပါ။”

“ဆက်လက်ပြီး ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ဖို့ လိုပါတယ်။ အခုအချိန်မှာတော့ လာမယ့်ပွဲကို စဉ်းစားရမှာပါ။ ကျွန်တော်တို့အသင်းဟာကစားရမယ့်ပွဲစဉ်အများကြီးကိုအာရုံမစိုက်ဘဲလက်ရှိကစားရမယ့်ပွဲစဉ်တစ်ပွဲချင်းစီသာအာရုံစိုက်ကစားခဲ့ပါတယ်။ “ လို့ပြောပါတယ်။ ဂွါဒီယိုလာနှင့်သူ့ရဲ့ကစားသမားတွေဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီးသီးဟက်မှာ တော့တင်ဟမ် နှင့်စနေနေ့တွင် ကစားရမှာဖြစ်ပြီး ၄ရက်အကြာမှာတော့ အဲဗာတန်နှင့် ကစားရမှာဖြစ်ပါတယ်။

Zawgyi

စံခ်ိန္မွတ္တမ္းေကာင္း ထပ္ရျပန္လို႔ ဂြါဒီယိုလာ စကားေတြႂကြယ္ျပၿပီ

မန္စီးတီးအသင္းဟာ တနဂၤေႏြေန႔က ခ်န္ပီယံလီဗာပူးကို အႏိုင္ရရွိကာ အမွတ္ေပးဇယားရဲ႕ထိပ္ကေန ဦး ေဆာင္ေနတာျဖစ္ၿပီး ပြဲက်န္တစ္ပြဲရွိေသးတာျဖစ္တဲ့အတြက္ က်န္အသင္း ၅သင္းစလုံး ဟာ လက္ရွိမွာေတာ့ သူ႔ရဲ႕ေအာက္သို႔ ေရာက္ရွိသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ မန္စီးတီး အသင္းဟာ ဒီမနက္ပိုင္းက ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပၪၥမအဆင့္ ပြဲစဥ္မွာ ဆြမ္ဆီး အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္ ကို တက္ေရာက္သြားၿပီျဖစ္ပါတယ္။ဒါေၾကာင့္ မန္စီးတီး အသင္းဟာ အဲဒီႏိုင္ပြဲေၾကာင့္ ၿပိဳင္ပြဲစုံ (၁၅)ပြဲဆက္အႏိုင္ရၿပီး အဂၤလိပ္ထိပ္တန္းဘယ္အသင္းကမွ အရင္တုန္းက မစြမ္းေဆာင္ႏိုင္ခဲ့တာကို စြမ္းေဆာင္ျပၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာကေတာ့ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး၁၅ပြဲဆက္တိုက္အႏိုင္ရယူႏိုင္တဲ့ပထမဆုံးအဂၤလန္အသင္းအျဖစ္စံခ်ိန္တင္ႏိုင္ျခင္းအတြက္ အံအားသင့္ဖြယ္အလြန္ေကာင္းၿပီးအထူးေကာင္းမြန္တဲ့ေအာင္ျမင္မႈျဖစ္တယ္လို႔ထုတ္ေဖာ္ေျပာဆိုလာပါတယ္။ မန္စီးတီးအသင္းဟာ၁၉၈၇ခုႏွစ္ကအာဆင္နယ္၊၁၈၉၂ခုႏွစ္ကပရက္စတန္အသင္းတို႔ရရွိ ခဲ့ဖူးတဲ့ စံခ်ိန္ေတြကိုခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ။ဆြမ္ဆီးအသင္းကိုအႏိုင္ရတဲ့အက္ဖ္ေအပြဲစဥ္ဟာနည္းျပဂြါဒီယိုလာအတြက္မန္စီးတီးအသင္းနည္းျပအျဖစ္တာဝန္ယူခ်ိန္ အတြင္းအႏိုင္ရတဲ့ပြဲေပါင္း၂၀၀ျပည့္ပြဲစဥ္ျဖစ္ပါတယ္။

နည္းျပဂြါဒီယိုလာက“၁၅ပြဲဆက္တိုက္အႏိုင္ရမႈကအသင္းအတြက္အလြန္အံအားသင့္ဖြယ္ေကာင္းပါတယ္။ကစားသမားေတြဟာ ဘယ္ေလာက္ထူးျခားေကာင္းမြန္တယ္ဆိုတာျပသထားၿပီး၊ ကြၽန္ေတာ္တို႔ လာမယ့္ ပြဲအတြက္ စဥ္းစားေနပါတယ္။ကြၽန္ေတာ္တို႔အသင္းဟာအခက္အခဲဆုံးအခ်ိန္ကာလကိုျဖတ္သန္းခဲ့ၿပီးမွစံခ်ိန္ေကာင္းေတြစိုက္ထူႏိုင္ခဲ့တာပါ။”

“ဆက္လက္ၿပီး ကြၽန္ေတာ္တို႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကစားႏိုင္ဖို႔ လိုပါတယ္။ အခုအခ်ိန္မွာေတာ့ လာမယ့္ပြဲကို စဥ္းစားရမွာပါ။ ကြၽန္ေတာ္တို႔အသင္းဟာကစားရမယ့္ပြဲစဥ္အမ်ားႀကီးကိုအာ႐ုံမစိုက္ဘဲလက္ရွိကစားရမယ့္ပြဲစဥ္တစ္ပြဲခ်င္းစီသာအာ႐ုံစိုက္ကစားခဲ့ပါတယ္။ “ လို႔ေျပာပါတယ္။ ဂြါဒီယိုလာႏွင့္သူ႔ရဲ႕ကစားသမားေတြဟာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အီးသီးဟက္မွာ ေတာ့တင္ဟမ္ ႏွင့္စေနေန႔တြင္ ကစားရမွာျဖစ္ၿပီး ၄ရက္အၾကာမွာေတာ့ အဲဗာတန္ႏွင့္ ကစားရမွာျဖစ္ပါတယ္။