
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲမှာ ယူကရိန်းအသင်းကို (၄)ဂိုးပြတ်အနိုင်ယူပြီး
၁၉၉၆ ခုနှစ်နောက်ပိုင်း (၂၅)နှစ်ကြာဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါပြီ။
အင်္ဂလန်အသင်းအတွက် ဂိုးတွေကို ဟယ်ရီကိန်း(၂ဂိုး)၊ မက်ဂွိုင်းယားနဲ့ ဟန်ဒါဆင်တို့က သွင်းယူခဲ့ပြီး နည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို
အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ နောက်ထပ်တစ်ကြိမ်ဆီမီးဖိုင်နယ်အဆင့် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ အင်္ဂလန်အသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရသူ ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင်စွမ်းဆောင်ခဲ့သလို
အခုယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးခဲ့တာကြောင့်
ဂန္ထဝင်နည်းပြကြီး အဲ့လ်ဖ်ရမ်ဆေး (၁၉၆၆ ကမ္ဘာ့ဖလား၊ ယူရို-၁၉၆၈)နဲ့အတူ အဓိကပြိုင်ပွဲကြီးနှစ်ခုမှာ ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
ဒါ့အပြင် ယူကရိန်းနဲ့ပွဲမှာ (၄)ဂိုးသွင်းခဲ့တာက ၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ဂျာမနီအသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရတဲ့ပွဲနောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ရှုံးထွက်အဆင့်မှာ အင်္ဂလန်အသင်း (၄)ဂိုးသွင်းနိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းရဲ့ ဂိုးတွေထဲက (၃)ဂိုးဟာ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်လို့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲမှာ ခေါင်းတိုက်ဂိုး(၃)ဂိုးသွင်းယူခဲ့တဲ့
ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားကနေ အခုအချိန်အထိ
အင်္ဂလန်အသင်းကစားသမားတွေ ခေါင်းတိုက်သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၉)ဂိုးအထိရှိလာပါပြီ။
အင်္ဂလန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၇)ပွဲဆက်ပေးဂိုးမရှိတဲ့စံချိန်ပိုင်ဆိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက
ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဂိုးပေးခဲ့ရပြီးနောက်ပိုင်း (၆၆၂)မိနစ်ကြာ ပေးဂိုးမရှိသေးပါဘူး။
ဒီလိုစံချိန်မှတ်တမ်းကောင်းတွေနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံဟောင်း ဒိန်းမတ်အသင်းနဲ့ ဆုံတွေ့နေတာကြောင့်
အသင်းသမိုင်းတစ်လျှောက် ယူရိုဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းနေတာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾကတဲ့ ေဆာက္ဂိတ္နဲ႔အဂၤလန္အသင္း
ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းတစ္သင္းျဖစ္တဲ့ အဂၤလန္အသင္းဟာ ကြာတားဖိုင္နယ္ပြဲမွာ ယူကရိန္းအသင္းကို (၄)ဂိုးျပတ္အႏိုင္ယူၿပီး ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း (၂၅)ႏွစ္ၾကာေဝးကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါၿပီ။
အဂၤလန္အသင္းအတြက္ ဂိုးေတြကို ဟယ္ရီကိန္း(၂ဂိုး)၊ မက္ဂြိဳင္းယားနဲ႔ ဟန္ဒါဆင္တို႔က သြင္းယူခဲ့ၿပီး နည္းျပေဆာက္ဂိတ္ဟာ အဂၤလန္အသင္းကို အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ေနာက္ထပ္တစ္ႀကိမ္ဆီမီးဖိုင္နယ္အဆင့္ ပို႔ေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
၂၀၁၆ ခုႏွစ္မွာ အဂၤလန္အသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရသူ ေဆာက္ဂိတ္ဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဆီမီးဖိုင္နယ္အဆင့္အထိ ေရာက္ရွိေအာင္စြမ္းေဆာင္ခဲ့သလို အခုယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္အဆင့္ကို ပို႔ေဆာင္ေပးခဲ့တာေၾကာင့္ ဂႏၴဝင္နည္းျပႀကီး အဲ့လ္ဖ္ရမ္ေဆး (၁၉၆၆ ကမာၻ႔ဖလား၊ ယူ႐ို-၁၉၆၈)နဲ႔အတူ အဓိကၿပိဳင္ပြဲႀကီးႏွစ္ခုမွာ ဆီမီးဖိုင္နယ္ေရာက္ခဲ့တဲ့ နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။
ဒါ့အျပင္ ယူကရိန္းနဲ႔ပြဲမွာ (၄)ဂိုးသြင္းခဲ့တာက ၁၉၆၆ ကမာၻ႔ဖလားဗိုလ္လုပြဲအျဖစ္ ဂ်ာမနီအသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ရႈံးထြက္အဆင့္မွာ အဂၤလန္အသင္း (၄)ဂိုးသြင္းႏိုင္ခဲ့တာပါ။
အဂၤလန္အသင္းရဲ႕ ဂိုးေတြထဲက (၃)ဂိုးဟာ ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္လို႔ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပြဲစဥ္တစ္ပြဲမွာ ေခါင္းတိုက္ဂိုး(၃)ဂိုးသြင္းယူခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ၂၀၁၈ ကမာၻ႔ဖလားကေန အခုအခ်ိန္အထိ အဂၤလန္အသင္းကစားသမားေတြ ေခါင္းတိုက္သြင္းယူခဲ့တဲ့ဂိုးအေရအတြက္က (၉)ဂိုးအထိရွိလာပါၿပီ။ အဂၤလန္အသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ (၇)ပြဲဆက္ေပးဂိုးမရွိတဲ့စံခ်ိန္ပိုင္ဆိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလတုန္းက ဘယ္လ္ဂ်ီယံနဲ႔ပြဲမွာ ဂိုးေပးခဲ့ရၿပီးေနာက္ပိုင္း (၆၆၂)မိနစ္ၾကာ ေပးဂိုးမရွိေသးပါဘူး။
ဒီလိုစံခ်ိန္မွတ္တမ္းေကာင္းေတြနဲ႔အတူ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တဲ့ အဂၤလန္အသင္းဟာ ယူ႐ိုခ်န္ပီယံေဟာင္း ဒိန္းမတ္အသင္းနဲ႔ ဆုံေတြ႕ေနတာေၾကာင့္ အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ိုဗိုလ္လုပြဲကို ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ဖို႔ အခြင့္အေရးေကာင္းေနတာလည္းျဖစ္ပါတယ္။