စံချိန်မှတ်တမ်းကောင်းတွေနဲ့အတူ ရွန်နီရဲ့သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ဖို့နီးစပ်လာတဲ့ ဟယ်ရီကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အယ်လ်ဘေးနီးယားကို (၅-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက်ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ

စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့သလို အခုဆိုရင် အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးဂျင်မီဂရိဗ်ရဲ့ သွင်းဂိုးအရေအတွက်(၄၄)ဂိုးကို အမီလိုက်နိုင်ခဲ့ပြီး

လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေတဲ့ ရွန်နီရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ခေါင်းတိုက်သွင်းဂိုး၊ ဘယ်ခြေ၊ ညာခြေတွေနဲ့ဂိုးတွေသွင်းယူခဲ့တာကြောင့် ၁၉၉၃၊ ဖေဖော်ဝါရီလတုန်းက ဆန်မာရီနိုနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့

ဒေးဗစ်ပလက်နောက်ပိုင်း အင်္ဂလန်အသင်းအတွက် Perfect Hat-trick (ခေါင်းတိုက်၊ ဘယ်ခြေ၊ ညာခြေ) သွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒ့ါအပြင် အခုဟက်ထရစ်က အဓိကပြိုင်ပွဲတွေမှာ ဟယ်ရီကိန်းရဲ့(၃၈)ဂိုးမြောက်ဖြစ်ခဲ့ပြီး အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရွန်နီတင်ရှိခဲ့တဲ့ (၃၇)ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုနှစ်အတွင်း အင်္ဂလန်အသင်းအတွက် ဟယ်ရီကိန်းသွင်းယူခဲ့တဲ့ဂိုးအရေအတွက်(၁၀)ဂိုးအထိရှိလာပြီး ၂၀၁၉ ခုနှစ်တုန်းကလည်း (၁၂)ဂိုးသွင်းယူခဲ့တာကြောင့်

(၁)နှစ်အတွင်း(၁၀)ဂိုးနဲ့အထက်သွင်းယူခဲ့တာက နှစ်ကြိမ်အထိရှိသွားပြီဖြစ်လို့ နာမည်ကျော်ကစားသမားဟောင်းဗီဗီယန်ဝုဒ်ဝါ့ဒ်(၁၉၀၈-၁ဝဂိုး၊ ၁၉၀၉-၁၁ဂိုး) နောက်ပိုင်း အဲဒီလိုစွမ်းဆောင်ခဲ့တဲ့ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ လာမယ့်ဆန်မာရီနိုနဲ့ပွဲမှာသာ ဂိုးတွေဆက်သွင်းနိုင်မယ်ဆိုရင် ဂျင်မီဂရိဗ်ရဲ့သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်မှာဖြစ်သလို ရွန်နီတင်ရှိထားတဲ့(၅၃)ဂိုးစံချိန်ကို ချိုးဖျက်နိုင်ဖို့က သိပ်မခက်ခဲနိုင်ပါဘူး။

ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးရဖို့ရုန်းကန်နေရပြီး (၁၀)ပွဲကစား၊ (၁)ဂိုးသာသွင်းခဲ့တဲ့ ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းမှာတော့ မထင်မှတ်လောက်အောင်ခြေစွမ်းပြနေတာကြောင့်

စပါးအသင်းနည်းပြကွန်တီအနေနဲ့ လာမယ့်ကလပ်ပွဲတွေကျရင် ဟယ်ရီကိန်းကို အင်္ဂလန်အသင်းဂျာစီဝတ်ဆင်ကစားစေတာက ပိုကောင်းမယ်လို့တောင်တွေးနေလောက်ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စံခ်ိန္မွတ္တမ္းေကာင္းေတြနဲ႔အတူ ႐ြန္နီရဲ႕သြင္းဂိုးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔နီးစပ္လာတဲ့ ဟယ္ရီကိန္း

အယ္လ္ေဘးနီးယားကို (၅-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ အဂၤလန္အသင္းအတြက္ဟက္ထရစ္သြင္းယူခဲ့တဲ့ တိုက္စစ္မႉးဟယ္ရီကိန္းဟာ စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့သလို အခုဆိုရင္ အသင္းရဲ႕ဂႏၴဝင္တိုက္စစ္မႉးဂ်င္မီဂရိဗ္ရဲ႕ သြင္းဂိုးအေရအတြက္(၄၄)ဂိုးကို အမီလိုက္ႏိုင္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအျဖစ္ရပ္တည္ေနတဲ့ ႐ြန္နီရဲ႕ စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔ တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာ ေခါင္းတိုက္သြင္းဂိုး၊ ဘယ္ေျခ၊ ညာေျခေတြနဲ႔ဂိုးေတြသြင္းယူခဲ့တာေၾကာင့္ ၁၉၉၃၊ ေဖေဖာ္ဝါရီလတုန္းက ဆန္မာရီႏိုနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ ေဒးဗစ္ပလက္ေနာက္ပိုင္း အဂၤလန္အသင္းအတြက္ Perfect Hat-trick (ေခါင္းတိုက္၊ ဘယ္ေျခ၊ ညာေျခ) သြင္းႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒ့ါအျပင္ အခုဟက္ထရစ္က အဓိကၿပိဳင္ပြဲေတြမွာ ဟယ္ရီကိန္းရဲ႕(၃၈)ဂိုးေျမာက္ျဖစ္ခဲ့ၿပီး အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီတင္ရွိခဲ့တဲ့ (၃၇)ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အခုႏွစ္အတြင္း အဂၤလန္အသင္းအတြက္ ဟယ္ရီကိန္းသြင္းယူခဲ့တဲ့ဂိုးအေရအတြက္(၁၀)ဂိုးအထိရွိလာၿပီး ၂၀၁၉ ခုႏွစ္တုန္းကလည္း (၁၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ (၁)ႏွစ္အတြင္း(၁၀)ဂိုးနဲ႔အထက္သြင္းယူခဲ့တာက ႏွစ္ႀကိမ္အထိရွိသြားၿပီျဖစ္လို႔ နာမည္ေက်ာ္ကစားသမားေဟာင္းဗီဗီယန္ဝုဒ္ဝါ့ဒ္(၁၉၀၈-၁ဝဂိုး၊ ၁၉၀၉-၁၁ဂိုး)ေနာက္ပိုင္း အဲဒီလိုစြမ္းေဆာင္ခဲ့တဲ့ပထမဆုံးအဂၤလန္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ျပန္ပါတယ္။

ဟယ္ရီကိန္းအေနနဲ႔ လာမယ့္ဆန္မာရီႏိုနဲ႔ပြဲမွာသာ ဂိုးေတြဆက္သြင္းႏိုင္မယ္ဆိုရင္ ဂ်င္မီဂရိဗ္ရဲ႕သြင္းဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္မွာျဖစ္သလို ႐ြန္နီတင္ရွိထားတဲ့(၅၃)ဂိုးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔က သိပ္မခက္ခဲႏိုင္ပါဘူး။ ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးရဖို႔႐ုန္းကန္ေနရၿပီး (၁၀)ပြဲကစား၊ (၁)ဂိုးသာသြင္းခဲ့တဲ့ ဟယ္ရီကိန္းဟာ အဂၤလန္အသင္းမွာေတာ့ မထင္မွတ္ေလာက္ေအာင္ေျခစြမ္းျပေနတာေၾကာင့္ စပါးအသင္းနည္းျပကြန္တီအေနနဲ႔ လာမယ့္ကလပ္ပြဲေတြက်ရင္ ဟယ္ရီကိန္းကို အဂၤလန္အသင္းဂ်ာစီဝတ္ဆင္ကစားေစတာက ပိုေကာင္းမယ္လို႔ေတာင္ေတြးေနေလာက္ပါၿပီ။