စံချိန်တင်အဖြစ် Ballon d’Or ဆုကို ၆ ကြိမ်မြောက်ရရှိသွားတဲ့ မက်ဆီ

photo-AP

photo-EPA

ဘာစီလိုနာစူပါစတားလီယွန်နယ်မက်ဆီဟာ လီဗာပူးရဲ့ဗန်ဒစ်ဂျ်နဲ့ ဂျူဗင်တပ်ရဲ့စီရော်နယ်ဒိုတို့ကိုကျော်ဖြတ်ပြီး Ballon d’Or ဆုကို စံချိန်တင်အဖြစ် ၆ ကြိမ်မြောက် ဆွတ်ခူးရရှိသွားပါတယ်။ အသက် ၃၂ နှစ်အရွယ် အဲဒီအာဂျင်တီးနားကြယ်ပွင့်အတွက် ၂၀၁၅ နောက်ပိုင်း ပထမဆုံး Ballon d’Or ဆုဖြစ်ပြီး အဓိကပြိုင်ဘက်စီရော်နယ်ဒိုနဲ့ စံချိန်တူနေရာကနေ အခုတော့ စံချိန်သစ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ် Ballon d’Or ဆုပေးပွဲတုန်းက အံ့သြစရာကောင်းလွန်းလှအောင် အဆင့် ၅ သာရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ရေပန်းစားခဲ့တဲ့ဗန်ဒစ်ဂျ်ကိုတောင် ကျော်ဖြတ်ဆွတ်ခူးသွားခဲ့တာပါ။

photo-AP

မက်ဆီဟာ ဒီ ၂၀၁၉ အတွင်းမှာ ဘာစီလိုနာအတွက် အထူးခြေစွမ်းပြကစားပေးနိုင်ခဲ့ပြီး ပြက္ခဒိန်တစ်နှစ်တာအတွင်း ဂိုး ၄၀ သွင်းယူခဲ့ကာ ၁၇ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ မက်ဆီအနေနဲ့ ကွင်းထဲက ၃၅၁၆ မိနစ်တည်းနဲ့ အဲဒီလောက်စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆုဖလားအောင်မြင်မှုအနေနဲ့တော့ မက်ဆီဟာ ဘာစီလိုနာနဲ့အတူ လာလီဂါနဲ့ စပိန်စူပါဖလားတို့မှာ ဗိုလ်စွဲခဲ့ပေမယ့် စပိန်ဘုရင့်ဖလားမှာ ဒုတိယ၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမဲ့ မက်ဆီဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါပြိုင်ပွဲနှစ်ရပ်စလုံးမှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

photo-reuters

မဲပေးမှုအရ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ဟာ ဒုတိယနေရာရပ်တည်နိုင်ခဲ့ပါတယ်။ မျှော်လင့်ထားကြတဲ့အတိုင်းပဲ စီရော်နယ်ဒိုကလည်း တတိယနေရာရပ်တည်ခဲ့ပါတယ်။ အဆင့် ၄၊ အဆင့် ၅ နဲ့ အဆင့် ၇ နေရာတွေကို ကျန်လီဗာပူးအသင်းသားတွေ သိမ်းပိုက်ခဲ့ပြီး မာနီက အဆင့် ၄ ၊ ဆာလာက အဆင့် ၅ နဲ့ အယ်လစ်ဆန်က အဆင့် ၇ တို့ဖြစ်ပါတယ်။ အဆင့် ၆ မှာတော့ ပီအက်စ်ဂျီရဲ့အမ်ဘက်ပီရှိခဲ့တာပါ။

[Zawgyi]

စံခ်ိန္တင္အျဖစ္ Ballon d’Or ဆုကို ၆ ႀကိမ္ေျမာက္ရရွိသြားတဲ့ မက္ဆီ

ဘာစီလိုနာစူပါစတားလီယြန္နယ္မက္ဆီဟာ လီဗာပူးရဲ႕ဗန္ဒစ္ဂ်္နဲ႔ ဂ်ဴဗင္တပ္ရဲ႕စီေရာ္နယ္ဒိုတုိ႔ကိုေက်ာ္ျဖတ္ၿပီး Ballon d’Or ဆုကုိ စံခ်ိန္တင္အျဖစ္ ၆ ႀကိမ္ေျမာက္ ဆြတ္ခူးရရွိသြားပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္အတြက္ ၂၀၁၅ ေနာက္ပိုင္း ပထမဆုံး Ballon d’Or ဆုျဖစ္ၿပီး အဓိကၿပိဳင္ဘက္စီေရာ္နယ္ဒိုနဲ႔ စံခ်ိန္တူေနရာကေန အခုေတာ့ စံခ်ိန္သစ္တင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္ Ballon d’Or ဆုေပးပြဲတုန္းက အ့ံၾသစရာေကာင္းလြန္းလွေအာင္ အဆင့္ ၅ သာရရွိခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ေရပန္းစားခဲ့တဲ့ဗန္ဒစ္ဂ်္ကိုေတာင္ ေက်ာ္ျဖတ္ဆြတ္ခူးသြားခဲ့တာပါ။

မက္ဆီဟာ ဒီ ၂၀၁၉ အတြင္းမွာ ဘာစီလိုနာအတြက္ အထူးေျခစြမ္းျပကစားေပးႏိုင္ခဲ့ၿပီး ျပကၡဒိန္တစ္ႏွစ္တာအတြင္း ဂိုး ၄၀ သြင္းယူခဲ့ကာ ၁၇ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။ မက္ဆီအေနန႔ဲ ကြင္းထဲက ၃၅၁၆ မိနစ္တည္းနဲ႔ အဲဒီေလာက္စြမ္းေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဆုဖလားေအာင္ျမင္မႈအေနနဲ႔ေတာ့ မက္ဆီဟာ ဘာစီလိုနာနဲ႔အတူ လာလီဂါနဲ႔ စပိန္စူပါဖလားတုိ႔မွာ ဗုိလ္စြဲခဲ့ေပမယ့္ စပိန္ဘုရင့္ဖလားမွာ ဒုတိယ၊ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္န႔ဲပဲ ေက်နပ္ခဲ့ရပါတယ္။ ဒါေပမဲ့ မက္ဆီဟာ ခ်န္ပီယံလိဂ္နဲ႔ လာလီဂါၿပိဳင္ပြဲႏွစ္ရပ္စလုံးမွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

မဲေပးမႈအရ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ဟာ ဒုတိယေနရာရပ္တည္ႏိုင္ခဲ့ပါတယ္။ ေမွ်ာ္လင့္ထားၾကတဲ့အတိုင္းပဲ စီေရာ္နယ္ဒိုကလည္း တတိယေနရာရပ္တည္ခဲ့ပါတယ္။ အဆင့္ ၄၊ အဆင့္ ၅ နဲ႔ အဆင့္ ၇ ေနရာေတြကို က်န္လီဗာပူးအသင္းသားေတြ သိမ္းပိုက္ခဲ့ၿပီး မာနီက အဆင့္ ၄ ၊ ဆာလာက အဆင့္ ၅ နဲ႔ အယ္လစ္ဆန္က အဆင့္ ၇ တုိ႔ျဖစ္ပါတယ္။ အဆင့္ ၆ မွာေတာ့ ပီအက္စ္ဂ်ီရဲ႕အမ္ဘက္ပီရွိခဲ့တာပါ။