စံချိန်ကောင်းတွေကို ရယူကျော်ဖြတ်နိုင်တဲ့ ရော်နယ်ဒိုအတွက် ပီလီရဲ့ ချီးကျူးမှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နေ့က ကက်ဂလီယာရီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူပြီး နောက် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝ သွင်းဂိုးပေါင်း ၇၇၀ ဂိုးအထိရှိခဲ့ပြီး ဘောလုံးလောကရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အခုဆို ဘရာဇီးဂန္တဝင် ကစားသမား ပီလီရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ် သွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ စီရော်နယ်ဒိုက “ကျွန်တော်ရဲ့ အဆုံးမရှိသော လေးစားသူကတော့ ပီလီပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ပေါ်လိုနှင့် ဘရာဇီးအသင်းအတွက် သူသွင်းယူခဲ့တဲ့ဂိုးတွေကတော့ အမှန်အကန်ပါပဲ။” “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပီလီရဲ့ တရားဝင်သွင်းဂိုးဖြစ်တဲ့ ၇၅၇ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ပီလီက ဆော်ပေါ်လိုကလပ်အသင်းအတွက် ၉ ဂိုးနဲ့ ဘရာဇီးတပ်မတော် အသင်း အတွက် ၁ ဂိုး သွင်းယူပေးထားခဲ့တယ်လို့ သိရပါတယ်။”

“အခုဆို ကျွန်တော်ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျောက် တရားဝင် သွင်းဂိုး ၇၇၀ပြည့်သွားပါပြီ။ကျွန်တော့်ရဲ့ စကားလုံးကတော့ ပီလီကိုပဲရည်ညွှန်းပါတယ်။” “အခုလို မှတ်တမ်းရေးထိုးနိုင်ဖို့အတွက် ကူညီပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ ပီလီကလည်း သူ့ရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုစကားဆိုထားပါတယ်။

“ရော်နယ်ဒို…ဘဝဆိုတာ တစ်ယောက်တည်း တိုက်ရတာပါ။ အားလုံးက သူ့ကိုယ်ပိုင် ခရီးလမ်း ရှိပါတယ်။” “အခုဆိုသင့်ခရီးလမ်းက ဘယ်လောက်ထိ လှပခန့်ညားလဲ။ သင့်ကို အများကြီး လေးစားပါတယ်။ ကျွန်ုပ်ရဲ့ တရားဝင် စံချိန် သွင်းဂိုးကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်” ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စံခ်ိန္​ေကာင္း​ေတြကို ရယူ​ေက်ာ္ျဖတ္ႏိုင္တဲ့ ​ေရာ္နယ္ဒိုအတြက္ ပီလီရဲ႕ ခ်ီးက်ဴးမႈ

ၿပီးခဲ့တဲ့ေန႔က ကက္ဂလီယာရီအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ ဟက္ထရစ္ဂိုးသြင္းယူၿပီး ေနာက္ ဂ်ဴဗင္တပ္တိုက္စစ္မႉး စီေရာ္နယ္ဒိုအေနနဲ႔ ကစားသမားဘဝ သြင္းဂိုးေပါင္း ၇၇၀ ဂိုးအထိရွိခဲ့ၿပီး ေဘာလုံးေလာကရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမား ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ​ေရာ္နယ္ဒိုဟာ အခုဆို ဘရာဇီးဂႏၲဝင္ ကစားသမား ပီလီရဲ႕ သြင္းဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ သြားႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာ စီေရာ္နယ္ဒိုက “ကြၽန္ေတာ္ရဲ႕ အဆုံးမရွိေသာ ေလးစားသူကေတာ့ ပီလီပဲ ျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ ေပၚလိုႏွင့္ ဘရာဇီးအသင္းအတြက္ သူသြင္းယူခဲ့တဲ့ဂိုးေတြကေတာ့ အမွန္အကန္ပါပဲ။” “ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ပီလီရဲ႕ တရားဝင္သြင္းဂိုးျဖစ္တဲ့ ၇၅၇ ဂိုးကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ပီလီက ေဆာ္ေပၚလိုကလပ္အသင္းအတြက္ ၉ ဂိုးနဲ႔ ဘရာဇီးတပ္မေတာ္ အသင္း အတြက္ ၁ ဂိုး သြင္းယူေပးထားခဲ့တယ္လို႔ သိရပါတယ္။”

“အခုဆို ကြၽန္ေတာ္ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝတစ္ေလ်ာက္ တရားဝင္ သြင္းဂိုး ၇၇၀ျပည့္သြားပါၿပီ။ကြၽန္ေတာ့္ရဲ႕ စကားလုံးကေတာ့ ပီလီကိုပဲရည္ၫႊန္းပါတယ္။” “အခုလို မွတ္တမ္းေရးထိုးႏိုင္ဖို႔အတြက္ ကူညီေပးခဲ့တဲ့ တစ္ဦးတစ္ေယာက္ ခ်င္းကို ေက်းဇူးတင္ပါတယ္” လို႔ ေျပာပါတယ္။

ပီလီကလည္း သူ႔ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ခဲ့တဲ့ ေရာ္နယ္ဒိုကို ဂုဏ္ျပဳစကားဆိုထားပါတယ္။“​ေရာ္နယ္ဒို…ဘဝဆိုတာ တစ္ေယာက္တည္း တိုက္ရတာပါ။ အားလုံးက သူ႔ကိုယ္ပိုင္ ခရီးလမ္း ရွိပါတယ္။” “အခုဆိုသင့္ခရီးလမ္းက ဘယ္ေလာက္ထိ လွပခန္႔ညားလဲ။ သင့္ကို အမ်ားႀကီး ေလးစားပါတယ္။ ကြၽႏ္ုပ္ရဲ႕ တရားဝင္ စံခ်ိန္ သြင္းဂိုးကို ေက်ာ္ျဖတ္ႏိုင္တဲ့အတြက္ ဂုဏ္ယူပါတယ္” ဆိုၿပီး လူမႈကြန္ရက္မွာ ​​ေရးသားထားပါတယ္။