
photo-gettyimages
photo-gettyimages
မက်ဆီလိုကစားသမားမျိုးအဖို့ကတော့ ဂိုးသွင်းလိုက်တိုင်း စံချိန်တွေချည်းဖြစ်လို့နေပါတယ်။ အခုလည်း ဆလားဗီးယားပရပ်နဲ့မနေ့ညချန်ပီယံလိဂ်ပွဲက သွင်းဂိုးကြောင့် အဲဒီဘာစီလိုနာတိုက်စစ်မှုးဟာ စံချိန်သစ်တစ်ခုနိုင်ခဲ့ပြီး စီရော်နယ်ဒိုနဲ့ရာအူးလ်တို့ရဲ့နောက်ထပ်ချန်ပီယံလိဂ်စံချိန်တစ်ခုကိုလည်း လိုက်မီခဲ့ပါတယ်။ မက်ဆီဟာ အဲဒီပွဲမှာ ပွဲအစ ၃ မိနစ်မှာပဲ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီချန်ပီယံလိဂ်မှာ သူ့ရဲ့ပထမဆုံးသွင်းဂိုးလည်း ဖြစ်လာခဲ့တာပါ။
photo-gettyimages
ဒီဂိုးကြောင့် မက်ဆီအနေနဲ့ ချန်ပီယံလိဂ်မှာ ၂၀၀၅-၀၆ ရာသီကစပြီး ၁၅ ရာသီဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါ။ ဘာစီလိုနာနဲ့ ပထမအသင်းကစားသမားဘ၀ ပထမဆုံးအပြည့်အဝရာသီဖြစ်တဲ့ အဲဒီ ၂၀၀၅-၀၆ ရာသီ အုပ်စုအဆင့် ဂရိကလပ်ပါနာသီနာကော့စ်နဲ့အုပ်စုအဆင့်ပွဲမှာ သူဟာ ဂိုးစတင်သွင်းနိုင်ခဲ့ပြီး အဲဒါဟာ သမိုင်းဝင်ချန်ပီယံလိဂ်ဖြတ်သန်းမှုရဲ့အစလည်း ဖြစ်ခဲ့တာပါ။ ပါနာသီနာကော့စ်ဟာ ချန်ပီယံလိဂ်မှာ မက်ဆီဂိုးသွင်းတာခံရတဲ့ပထမဆုံးအသင်းဖြစ်လာခဲ့သလို မနေ့ညက ဆလားဗီးယားဟာလည်း ချန်ပီယံလိဂ်မှာ မက်ဆီဂိုးသွင်းတာခံရတဲ့ ၃၃ သင်းမြောက်ဖြစ်လာပါတယ်။
photo-getttyimages
ဒါကြောင့် မက်ဆီဟာ ရီးရဲလ်ရဲ့ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ရာအူးလ်တို့ရဲ့မတူညီတဲ့ချန်ပီယံလိဂ်ပြိုင်ဘက် ၃၃ သင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။ သူတို့ ၃ ယောက်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံးသွင်းထားကြသူတွေလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုက ၁၂၇ ဂိုးနဲ့ဦးဆောငေ်နပြီး မက်ဆီ ၁၁၂ ဂိုးနဲ့ ဒုတိယနေရာက လိုက်နေကာ ရာအူးလ်ကတော့ ၇၁ ဂိုးနဲ့ ခမ်လှမ်းလှမ်းတတိယနေရာမှာ ကျန်ခဲ့ပါတယ်။ အင်္ဂါညက ချန်ပီယံလိဂ်မှာ ၁၅ ဂိုးသွင်းနိုင်တဲ့အသက်အငယ်ဆုံးကစားသမားဆိုတဲ့ သူ့စံချိန်တစ်ခုကို အမ်ဘက်ပီထံ ဆုံးရှုံးခဲ့ရပေမယ့် ဗုဒ္ဓဟူးညမှာတော့ မက်ဆီဟာ ချန်ပီယံလိဂ်မှာ စံချိန်သစ်တစ်ခုတင်ခဲ့ပြီး နောက်ထပ်စံချိန်တစ်ခုကိုလည်း လိုက်မီနိုင်ခဲ့တာပါ။
[Zawgyi]
စံခ်ိန္သစ္တစ္ခုတင္ႏိုင္ခဲ့ၿပီး စီေရာ္နယ္ဒိုနဲ႔ရာအူးလ္တုိ႔ရဲ႕ေနာက္ထပ္စံခ်ိန္ကိုလည္းလုိက္မီခဲ့တဲ့ မက္ဆီ
မက္ဆီလိုကစားသမားမ်ိဳးအဖုိ႔ကေတာ့ ဂိုးသြင္းလုိက္တိုင္း စံခ်ိန္ေတြခ်ည္းျဖစ္လို႔ေနပါတယ္။ အခုလည္း ဆလားဗီးယားပရပ္နဲ႔မေန႔ညခ်န္ပီယံလိဂ္ပြဲက သြင္းဂိုးေၾကာင့္ အဲဒီဘာစီလုိနာတိုက္စစ္မႈးဟာ စံခ်ိန္သစ္တစ္ခုႏိုင္ခဲ့ၿပီး စီေရာ္နယ္ဒိုနဲ႔ရာအူးလ္တို႔ရဲ႕ေနာက္ထပ္ခ်န္ပီယံလိဂ္စံခ်ိန္တစ္ခုကိုလည္း လုိက္မီခဲ့ပါတယ္။ မက္ဆီဟာ အဲဒီပြဲမွာ ပြဲအစ ၃ မိနစ္မွာပဲ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ဒီရာသီခ်န္ပီယံလိဂ္မွာ သူ႔ရဲ႕ပထမဆုံးသြင္းဂိုးလည္း ျဖစ္လာခဲ့တာပါ။
ဒီဂိုးေၾကာင့္ မက္ဆီအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ၂၀၀၅-၀၆ ရာသီကစၿပီး ၁၅ ရာသီဆက္ဂိုးသြင္းႏိုင္ခဲ့တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့တာပါ။ ဘာစီလုိနာနဲ႔ ပထမအသင္းကစားသမားဘ၀ ပထမဆုံးအျပည့္အ၀ရာသီျဖစ္တဲ့ အဲဒီ ၂၀၀၅-၀၆ ရာသီ အုပ္စုအဆင့္ ဂရိကလပ္ပါနာသီနာေကာ့စ္နဲ႔အုပ္စုအဆင့္ပြဲမွာ သူဟာ ဂိုးစတင္သြင္းႏိုင္ခဲ့ၿပီး အဲဒါဟာ သမိုင္း၀င္ခ်န္ပီယံလိဂ္ျဖတ္သန္းမႈရဲ႕အစလည္း ျဖစ္ခဲ့တာပါ။ ပါနာသီနာေကာ့စ္ဟာ ခ်န္ပီယံလိဂ္မွာ မက္ဆီဂိုးသြင္းတာခံရတဲ့ပထမဆုံးအသင္းျဖစ္လာခဲဲ့သလို မေန႔ညက ဆလားဗီးယားဟာလည္း ခ်န္ပီယံလိဂ္မွာ မက္ဆီဂိုးသြင္းတာခံရတဲ့ ၃၃ သင္းေျမာက္ျဖစ္လာပါတယ္။
ဒါေၾကာင့္ မက္ဆီဟာ ရီးရဲလ္ရဲ႕ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ရာအူးလ္တို႔ရဲ႕မတူညီတဲ့ခ်န္ပီယံလိဂ္ၿပိဳင္ဘက္ ၃၃ သင္းကို ဂိုးသြင္းႏိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းကို လိုက္မီသြားခဲ့ပါတယ္။ သူတုိ႔ ၃ ေယာက္ဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းထားၾကသူေတြလည္း ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုက ၁၂၇ ဂိုးနဲ႔ဦးေဆာငေ္နၿပီး မက္ဆီ ၁၁၂ ဂိုးနဲ႔ ဒုတိယေနရာက လုိက္ေနကာ ရာအူးလ္ကေတာ့ ၇၁ ဂိုးနဲ႔ ခမ္လွမ္းလွမ္းတတိယေနရာမွာ က်န္ခဲ့ပါတယ္။ အဂၤါညက ခ်န္ပီယံလိဂ္မွာ ၁၅ ဂိုးသြင္းႏိုင္တဲ့အသက္အငယ္ဆုံးကစားသမားဆုိတဲ့ သူ႔စံခ်ိန္တစ္ခုကို အမ္ဘက္ပီထံ ဆုံးရႈံးခဲ့ရေပမယ့္ ဗုဒၶဟူးညမွာေတာ့ မက္ဆီဟာ ခ်န္ပီယံလိဂ္မွာ စံခ်ိန္သစ္တစ္ခုတင္ခဲ့ၿပီး ေနာက္ထပ္စံခ်ိန္တစ္ခုကိုလည္း လုိက္မီႏိုင္ခဲ့တာပါ။