စော်အသစ်လေးလည်းကြွား၊ စာချုပ်အသစ်လည်းကြွားနိုင်တဲ့ ကော်တွိုက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကော်တွိုက်စ်ရဲ့ စာချုပ်သစ် ကိစ္စ မပြောခင် စန်းပွင့်သူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြပေးချင်ပါတယ်။

ကော်တွိုက်စ်ဟာ ချဲလ်ဆီးအသင်းမှာ ကစားနေစဉ်ကတည်းက သူ့ရဲ့ချစ်သူဟောင်း မာတာဒိုမင်ဂွက်ဇ်နဲ့ လမ်းခွဲခဲ့တာပါ။

ကော်တွိုက်စ်ဟာ မာတာဒိုမင်ဂွက်ဇ်နဲ့ ကလေး ၂ ယောက်ရှိပါတယ်။

သူ့ကလေး ၂ ယောက်ရဲ့မိခင်နဲ့ လမ်းခွဲပြတ်စဲခဲ့ပြီးနောက် ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ပါသေးတယ်။

ကော်တွိုက်စ်ဟာ အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ဗြိတိန်မော်ဒယ် ဒီလာနေးရွိုင်လီနဲ့ ဇာတ်လမ်းရှိခဲ့တယ်လို့လည်း သတင်းထွက်ခဲ့ဖူးပါတယ်။

ကော်တွိုက်စ်ဟာ အရင်တုန်းကလည်း ဘားမယ်တစ်ဦး၊ ဘယ်လ်ဂျီယံမော်ဒယ်တစ်ဦးနဲ့ ဖောက်ပြန်ခဲ့ဖူးတယ်လို့ သတင်းထွက်ခဲ့သူပါ။

ကော်တွိုက်စ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာပဲ လက်ရှိတွဲနေတဲ့ ရည်းစားဖြစ်သူကို ပရိသတ်တွေဆီ တရားဝင်အသိပေးခဲ့ပါတယ်။

ကော်တွိုက်စ်လက်ရှိတွဲနေတာကတော့ မီချယ် ဂါဇစ်လို့ ခေါ်တဲ့ အစ္စရေးမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂိုးသမား ကော်တွိုက်စ်ကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ ဂိုးသမားဖြစ်သူ ကော်တွိုက်စ်ဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ ချဲလ်ဆီးအသင်းထံကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းလာခဲ့သူဖြစ်ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ယခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ခဲ့တာဖြစ်ပါတယ်။

ကော်တွိုက်စ်ဟာ ပထမဆုံးဘောလုံးရာသီမှာ တုန်းက လက်စွမ်းမပြနိုင်ခဲ့ဘဲ ဝေဖန်မှုတွေကြုံခဲ့ရပေမယ့် ဒုတိယရာသီမှာတော့ လက်စွမ်းကောင်းကို ပြသနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာ လာလီဂါချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

​ေစာ္အသစ္​ေလးလည္းႂကြား၊ စာခ်ဳပ္အသစ္လည္းႂကြားႏိုင္တဲ့ ​ေကာ္တြိဳက္စ္

ေကာ္တြိဳက္စ္ရဲ႕ စာခ်ဳပ္သစ္ ကိစၥ မ​ေျပာခင္ စန္းပြင့္သူတစ္​ေယာက္ျဖစ္​ေၾကာင္း ​ေဖာ္ျပ​ေပးခ်င္ပါတယ္။ေကာ္တြိဳက္စ္ဟာ ခ်ဲလ္ဆီးအသင္းမွာ ကစားေနစဥ္ကတည္းက သူ႔ရဲ႕ခ်စ္သူေဟာင္း မာတာဒိုမင္ဂြက္ဇ္နဲ႔ လမ္းခြဲခဲ့တာပါ။ ေကာ္တြိဳက္စ္ဟာ မာတာဒိုမင္ဂြက္ဇ္နဲ႔ ကေလး ၂ ေယာက္ရွိပါတယ္။ သူ႔ကေလး ၂ ေယာက္ရဲ႕မိခင္နဲ႔ လမ္းခြဲျပတ္စဲခဲ့ၿပီးေနာက္ ႐ုပ္သံအစီအစဥ္ တင္ဆက္သူတစ္ေယာက္နဲ႔ ဇာတ္လမ္းျဖစ္ခဲ့ပါ​ေသးတယ္။

ေကာ္တြိဳက္စ္ဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ရွိတဲ့ ၿဗိတိန္ေမာ္ဒယ္ ဒီလာေနး႐ြိဳင္လီနဲ႔ ဇာတ္လမ္းရွိခဲ့တယ္လို႔လည္း သတင္းထြက္ခဲ့ဖူးပါတယ္။ ေကာ္တြိဳက္စ္ဟာ အရင္တုန္းကလည္း ဘားမယ္တစ္ဦး၊ ဘယ္လ္ဂ်ီယံေမာ္ဒယ္တစ္ဦးနဲ႔ ေဖာက္ျပန္ခဲ့ဖူးတယ္လို႔ သတင္းထြက္ခဲ့သူပါ။

ေကာ္တြိဳက္စ္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္မွာပဲ လက္ရွိတြဲေနတဲ့ ရည္းစားျဖစ္သူကို ပရိသတ္ေတြဆီ တရားဝင္အသိေပးခဲ့ပါတယ္။ ေကာ္တြိဳက္စ္လက္ရွိတြဲေနတာကေတာ့ မီခ်ယ္ ဂါဇစ္လို႔ ေခၚတဲ့ အစၥေရးေမာ္ဒယ္တစ္ေယာက္ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဂိုးသမား ေကာ္တြိဳက္စ္ကို ၂၀၂၆ ခုႏွစ္အထိ သက္တမ္းတိုးစာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီလို႔ အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းရဲ႕ ဂိုးသမားျဖစ္သူ ေကာ္တြိဳက္စ္ဟာ ၂၀၁၈ ခုႏွစ္ ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းထံကေန ေပါင္ ၃၅ သန္းနဲ႔ ေျပာင္းလာခဲ့သူျဖစ္ၿပီး သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ယခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့တာေၾကာင့္ ၅ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ထပ္မံခ်ဳပ္ခဲ့တာျဖစ္ပါတယ္။ ေကာ္တြိဳက္စ္ဟာ ပထမဆုံးေဘာလုံးရာသီမွာ တုန္းက လက္စြမ္းမျပႏိုင္ခဲ့ဘဲ ေဝဖန္မႈေတြႀကဳံခဲ့ရေပမယ့္ ဒုတိယရာသီမွာေတာ့ လက္စြမ္း​ေကာင္းကို ျပသႏိုင္ခဲ့ၿပီး ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ လာလီဂါခ်န္ပီယံဆုကို ရရွိခဲ့ပါတယ္။