စော်အလန်းတွေနဲ့ ကဲခဲ့တဲ့ ရွန်းနီကို မိန်းမဖြစ်သူက နားလည်မှုတွေပေးထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝိန်းရွန်းနီဟာဟိုတယ်တစ်ခုအခန်းထဲတွင် မပေါ့တပေါ် မိန်းကလေးများနှင့် ရိုက်ကူးထားတဲ့ဓာတ်ပုံများ အွန်လိုင်းတွင်ထွက်ပေါ်လာပြီးနောက် အိမ်ထောင်ရေးကိစ္စ အက်ကြောင်းထင်နိုင်တယ်လို့ တချို့က ယူဆကြပါတယ်။

ဟိုတယ်အခန်းထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ပုံတွေမှာ ရွန်းနီတစ်ယောက် ယုန်သူငယ်လို ဖြစ်ခဲ့ပြီး သူဟာ ဘာမှ မသိတဲ့ အိပ်ပျော် နေသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

သား ၄ ယောက်ရဲ့ ဖခင် ချစ်ခင်ပွန်း ရွန်းနီကို ကောလင်းကတော့ နားလည်ပေးနေဆဲပါ။

ရွန်းနီရဲ့ အဲ ဒီဖြစ်ရပ်ဟာ သက်သက်မဲ့ ဂွင်ဆင် ချောက်ချခံခဲ့ရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ကောလင်းက ယုံကြည်နေပါတယ်။

တစ်ဖက်မှာတော့ ဒါဘီကောင်တီအသင်းတာဝန်ရှိသူများဟာအသက်၃၅နှစ်အရွယ်ရှိအင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရဲ့ဓာတ်ပုံများ ထွက်ပေါ်လာမှုအပေါ်အကြီးအကျယ်ဒေါသထွက်လျက်ရှိပါတယ်။

ဒါဘီကောင်တီကလပ်အတွင်းလူတစ်ဦးက “ရွန်းနီအနာဂတ်က ၅၀-၅၀ ရှိနေပါတယ်။

မန်နေဂျာတစ်ဦးဆိုတာအားလုံးရဲ့စံပြဖြစ်နေရပါမယ်။

လူငယ်တွေကိုဦးဆောင်နေတဲ့သူတစ်ဦးကညဖက်အပြင်ထွက်တဲ့အချိန်မှာတောင်ကိုယ့်ကိုယ်ကိုမထိန်းသိမ်းနိုင်ဘူးဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဒီအပြုအမူကကလပ်ရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေပါတယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအနေအထားအရ ဝိန်းရွန်းနီဟာဩဂုတ်လ၇ရက်နေ့တွင်စတင်မယ့်ချန်ပီယံရှစ်ရာသီသစ်မတိုင်မီရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi






