စေတနာကဝေဒနာလိုဖြစ်စေခဲ့လို့ ရော်နယ်ဒိုကို တောင်းပန်လိုက်တဲ့ ရမ်ဆေး

Photo Credit

Photo Credit

ဂျူဗင်တပ်စ်ကွင်းလယ်လူအာရွန်ရမ်ဆေးကတော့ ချန်ပီယံလိဂ်ပွဲစဉ် လိုကိုမိုးတစ်မော်စကိုနဲ့ပွဲမှာ အသင်းဖော်ရော်နယ်ဒိုအတွက် တခြားသောသမိုင်းသစ်ရေးထိုးနိုင်စေမယ့် သွင်းဂိုးကိုလုယူမိခဲ့သလို ဖြစ်ခဲ့တာကြောင့် ပေါ်တူဂီသားကိုတောင်းပန်လိုက်ပါတယ်။

Photo Credit

အဆိုပါ ဝေးလ်နိုင်ငံသားကွင်းလယ်လူဟာ ဗုဒ္ဓဟူးနေ့က ရုရှားမြေမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ဖရီးကစ်ကန်ချက်ကို လိုကိုမိုးတစ်ဂိုးသမားဂိုင်ဟာမီကာကွယ်ရင်း လက်ထဲကဘောလုံးလွတ်သွားခဲ့ပြီး ဂိုးစည်းပေါ်မှာရှိနေခဲ့တာပါ။

Photo Credit

ဘောလုံးက ဆက်လှိမ့်သွားမှာသေချာနေခဲ့ပြီး အဲဒီဂိုးဟာ Ballon d’Or ဆု ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုအတွက် ချန်ပီယံလိဂ် မတူညီတဲ့ပြိုင်ဘက်အသင်း ၃၄ သင်းဘက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်စေမှာ ဖြစ်ပေမယ့် အသင်းဖော် ရမ်ဆေးက သေချာအောင် အသာအယာပိတ်သွင်းယူသွားခဲ့ပါတယ်။

Photo Credit

ယခုလိုအဖြစ်အပျက်ကြောင့် ရော်နယ်ဒိုဟာ လီယိုနယ်မက်ဆီ၊ ရာအူးလ်တို့နဲ့အတူ ၃၃ သင်းဘက်ကိုသာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေပါတယ်။ ရမ်ဆေးကတော့ ရော်နယ်ဒိုကို သမိုင်းသစ်ရေးထိုးနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားစေခဲ့တဲ့အတွက် တောင်းပန်စကားဆိုသွားခဲ့ပါတယ်။

Photo Credit

လိုကိုမိုးတစ်ကို ၂-၁ နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်ကစားသမားဟောင်းရမ်ဆေးက “ဂိုးသမားကဘောလုံးနဲ့ အရမ်းနီးကပ်နေပြီး ဒိုင်ဗင်ထိုးဖမ်းဖို့အခွင့်အရေးရှိနေသေးတယ်လို့ ထင်ခဲ့တာကြောင့် ကျွန်တော်ကသေချာအောင် အဆုံးသတ်ခဲ့တာပါ”

https://twitter.com/21sport3/status/1192300289765859328

 

Video Credit

”ဘောလုံးကဂိုးစည်းပေါ်မှာရှိနေခဲ့ပြီး ကျွန်တော့်ရဲ့ မသိစိတ်က အလိုလိုသေချာအောင် ပိတ်သွင်းမိခဲ့တာပါ။ ရော်နယ်ဒိုကိုတောင်းပန်ပါတယ်“လို့ ပြောသွားခဲ့ပါတယ်။ နည်းပြမော်ရီဇီယိုဆာရီရဲ့ ဂျူဗင်တပ်စ်အသင်းဟာ အုပ်စု D ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး လိုကိုမိုးတစ်ကို ၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ကာနောက်ထပ် ၂ ပွဲကစားဖို့ ကျန်ရှိနေပြီး ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ေစတနာကေဝဒနာလိုျဖစ္ေစခဲ့လို႔ ေရာ္နယ္ဒိုကို ေတာင္းပန္လိုက္တဲ့ ရမ္ေဆး

ဂ်ဴဗင္တပ္စ္ကြင္းလယ္လူအာရြန္ရမ္ေဆးကေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္ လိုကိုမုိးတစ္ေမာ္စကိုနဲ႔ပြဲမွာ အသင္းေဖာ္ေရာ္နယ္ဒိုအတြက္ တျခားေသာသမိုင္းသစ္ေရးထိုးႏိုင္ေစမယ့္ သြင္းဂိုးကိုလုယူမိခဲ့သလို ျဖစ္ခဲ့တာေၾကာင့္ ေပၚတူဂီသားကိုေတာင္းပန္လိုက္ပါတယ္။
အဆိုပါ ေဝးလ္ႏိုင္ငံသားကြင္းလယ္လူဟာ ဗုဒၶဟူးေန႔က ႐ုရွားေျမမွာ ပထမဆံုးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ေရာ္နယ္ဒိုရဲ႕ဖရီးကစ္ကန္ခ်က္ကို လိုကိုမိုးတစ္ဂိုးသမားဂိုင္ဟာမီကာကြယ္ရင္း လက္ထဲကေဘာလံုးလြတ္သြားခဲ့ၿပီး ဂိုးစည္းေပၚမွာရွိေနခဲ့တာပါ။
ေဘာလံုးက ဆက္လွိမ့္သြားမွာေသခ်ာေနခဲ့ၿပီး အဲဒီဂိုးဟာ Ballon d’Or ဆု ၅ ႀကိမ္ရရွိထားတဲ့ ေရာ္နယ္ဒိုအတြက္ ခ်န္ပီယံလိဂ္ မတူညီတဲ့ၿပိဳင္ဘက္အသင္း ၃၄ သင္းဘက္ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမားျဖစ္ေစမွာ ျဖစ္ေပမယ့္ အသင္းေဖာ္ ရမ္ေဆးက ေသခ်ာေအာင္ အသာအယာပိတ္သြင္းယူသြားခဲ့ပါတယ္။
ယခုလိုအျဖစ္အပ်က္ေၾကာင့္ ေရာ္နယ္ဒိုဟာ လီယိုနယ္မက္ဆီ၊ ရာအူးလ္တို႔နဲ႔အတူ ၃၃ သင္းဘက္ကိုသာ ဂိုးသြင္းယူႏိုင္တဲ့ ကစားသမားေတြအျဖစ္ ပူးတြဲရပ္တည္ေနပါတယ္။ ရမ္ေဆးကေတာ့ ေရာ္နယ္ဒိုကို သမိုင္းသစ္ေရးထိုးႏိုင္မယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္သြားေစခဲ့တဲ့အတြက္ ေတာင္းပန္စကားဆိုသြားခဲ့ပါတယ္။
လိုကိုမိုးတစ္ကို ၂-၁ နဲ႔ အႏိုင္ရရွိတဲ့ပြဲစဥ္အၿပီးမွာ အာဆင္နယ္ကစားသမားေဟာင္းရမ္ေဆးက “ဂိုးသမားကေဘာလံုးနဲ႔ အရမ္းနီးကပ္ေနၿပီး ဒိုင္ဗင္ထိုးဖမ္းဖို႔အခြင့္အေရးရွိေနေသးတယ္လို႔ ထင္ခဲ့တာေၾကာင့္ ကၽြန္ေတာ္ကေသခ်ာေအာင္ အဆံုးသတ္ခဲ့တာပါ”
”ေဘာလံုးကဂိုးစည္းေပၚမွာရွိေနခဲ့ၿပီး ကၽြန္ေတာ့္ရဲ႕ မသိစိတ္က အလိုလိုေသခ်ာေအာင္ ပိတ္သြင္းမိခဲ့တာပါ။ ေရာ္နယ္ဒိုကိုေတာင္းပန္ပါတယ္“လို႔ ေျပာသြားခဲ့ပါတယ္။ နည္းျပေမာ္ရီဇီယိုဆာရီရဲ႕ ဂ်ဴဗင္တပ္စ္အသင္းဟာ အုပ္စု D ရဲ႕ ထိပ္ဆံုးမွာ ဦးေဆာင္ေနၿပီး လိုကိုမိုးတစ္ကို ၇ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ကာေနာက္ထပ္ ၂ ပြဲကစားဖုိ႔ က်န္ရွိေနၿပီး ၁၆ သင္းအဆင့္ကိုတက္ေရာက္ႏိုင္ခဲ့ပါတယ္။