စူပါလိဂ်မလုပ်ဖြစ်လို့ ပိုက်ဆံမရှိရင် ဟာလန်းနဲ့ အမ်ဘက်ပီတို့ အပြောင်းအရွှေ့တွေ မေ့လိုက်လို့ ပီးရက်ဇ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလိပ်ကလပ် ၆သင်းစလုံး တပြိုင်တည်းု ပြိုင်တူနူတ်ထွက်ကြပြီးနောက် စူပါလိဂ်ပြိုင်ပွဲကိုစတင်ဖို့ မဖြစ်နိုင်တော့သလို ရီးရဲဥက္ခဌပီရက်ဇ် ဦးဆောင်ကြိုးစားခဲ့တဲ့ စူပါလိဂ်အိပ်မက်ကတော့ အခုခါမှာ တစ်စခန်းရပ်သွားပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ ပီးရက်ဇ်က စူပါလိ၈်မရှိတော့ရင် အပြောင်းအရွှေ့ဈေးကွက်မှာ ဟော့နေတဲ့ အမ်ဘက်ပီနဲ့ ဟာလန်းတို့ရဲ့ အပြောင်းအရွှေ့တွေက ဖြစ်လာနိုင်စရာမရှိတော့ဘူးလို့ ဝေဖန်လိုက်ပါတယ်၊ လာလီဂါအသင်းတွေအပါမဝင် ဥရောပအသင်းတွေဟာ ကိုဗစ်ကာလမှာ ဘဏ္ဍာရေးပိုင်းဝင်ငွေထိခိုက်နစ်နာခဲ့ရတဲ့အတွက် ဈေးကွက်မှာ ငွေသုံးပြနိုင်မယ်မထင်ဘူးလို့ ပီရက်ဇ်က ယူဆထားတာပါ။

စူပါလိဂ်မှာပါဝင်တဲ့ ဥရောပထိပ်သီးကလပ်အသင်း ၁၂သင်းဟာ ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ စုစုပေါင်း ပေါင် သန်း ၆၅၀ကျော် ဝင်ငွေ နစ်နာဆုံးရှုံးခဲ့ကြတာကို ပီရက်ဇ်က ထောက်ပြပြောဆိုခဲ့ပြီး ကလပ်အသင်းတွေအနေနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ တောင့်တင်းမှုရှိအောင် စးပါလိ၈်ကို အကောင်အထည်ဖော်ပြီး ဘောလုံးလောကကို ကာကွယ်ပေးချင်တာဖြစ်တယ်လို့ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။

ပီရက်ဇ်က “ ကျွန်တော်စိတ်မကောင်းဖြစ်သလို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ဒီကိစ္စအတွက် နှစ်ပေါင်းများစွာကြိုးစားခဲ့တာပါ။ ဘောလုံးလောကကြီးတိုးတက်လာဖို့နဲ့ စီးပွါးရေးအရရောပါ။ လိဂ်တွေကအရိုးစွဲပါတယ်။
ကျွန်တော်တို့ပြောင်းလဲနိုင်တာက ကြားရက်ပွဲတွေပါ။ ချန်ပီယံလိဂ်ကခေတ်ကုန်သွားပါပြီ။ ကွာတားဖိုင်နယ်လောက်ကစမ ှစိတ်ဝင်စားစရာကောင်းတာပါ၊ ပြီးတော့ အသင်းတွေအခုဆို ဘဏ္ဏာရေးအခက်အခဲတွေရှိနေပါတယ်။


ဘာစီလိုနာဆို အတော်လေးကြိုးစားနေရတာပါ။ ချန်ပီယံလိဂ်ကရတဲ့ဝင်ငွေက မက်လောက်စရာမရှိသလို UEFA ကလည်း ဘာအကူညီမှ မပေးနိုင်ပါဘူး။

ဒီလိူပုံစံတိုင်းဆက်သွားရင်တော့ ကစားသမားတစ်ယောက်ကို ပေါင်သန်းရာနဲ့ချီပြီးခေါ်ဖို့မလွယ်တော့ပါဘူး။ ဒီတော့ ဘာပေးတွေဟာလန်းတွေ ကျွန်တော့်ကိုလာမပြောကြပါနဲ့တော့။ ဒီအခြေနေအတိုင်းဆိုရင်တော့ ဝေးပါပြီ” လို့ပြောခဲ့ပါတယ်။

စူပါလိဂ်ကိစ္စနဲ့ ပတ်သက်ပြီး ပီရက်ဇ်ဟာ အလွန်စိတ်ပျက်နေပြီး ပရီးမီးယားလိဂ်ကလပ်တွေရဲ့ သူ့အပေါ် သစ္စာမရှိမှုကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။

ပီရက်ဇ်ဟာ UEFA အနေနဲ့ ဘာမှအရေးယူလို့မရအောင် သူကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ အသင်းတွေကတော့ အရင်ဦးအောင်နူတ်ထွက်ခဲ့တာပါ။

ဒါ့အပြင် မနေ့ညက ကစားသွားခဲပတဲပ ရီးရဲလ်ရဲ့ လာလီဂါပွဲစဉ်နဲ့ ချဲလ်ဆီးအသင်းရဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်တွေမတိုင်ခင်မှာ ပရိသတ်တွေက စူပါလိဂ်ကို ကန့်ကွက်ဆန္ဒပြခဲပကြတာတွေနဲ့ ပတ်သတ်ပြီး ” ချဲလ်ဆီးကွင်းရှေ့ကို ရောက်လာခဲ့တာ ပရီသတ် ၄၀ လောက်ပါပဲ။ မနေ့က ရီးရဲလ်ပွဲမတိုင်ခင်မှာ ဘယ်ကမှန်းမသိတဲ့ လူ တွေကို ကာဒစ်ဇ်အကျီပေးဝတ်ပြီး လှုံဆော်ခဲ့သလိုမျိုးပါ” လို့ ဝေဖန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စူပါလိဂ္မလုပ္ျဖစ္လို႔ ပိုက္ဆံမရွိရင္ ဟာလန္းနဲ႔ အမ္ဘက္ပီတို႔ အေျပာင္းအေ႐ႊ႕ေတြ ေမ့လိုက္လို႔ ပီးရက္ဇ္ဆို

အဂၤလိပ္ကလပ္ ၆သင္းစလုံး တၿပိဳင္တည္းု ၿပိဳင္တူႏူတ္ထြက္ၾကၿပီးေနာက္ စူပါလိဂ္ၿပိဳင္ပြဲကိုစတင္ဖို႔ မျဖစ္ႏိုင္ေတာ့သလို ရီးရဲဥကၡဌပီရက္ဇ္ ဦးေဆာင္ႀကိဳးစားခဲ့တဲ့ စူပါလိဂ္အိပ္မက္ကေတာ့ အခုခါမွာ တစ္စခန္းရပ္သြားၿပီျဖစ္ပါတယ္။
အခုအခ်ိန္မွာေတာ့ ပီးရက္ဇ္က စူပါလိ၈္မရွိေတာ့ရင္ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေဟာ့ေနတဲ့ အမ္ဘက္ပီနဲ႔ ဟာလန္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ေတြက ျဖစ္လာႏိုင္စရာမရွိေတာ့ဘူးလို႔ ေဝဖန္လိုက္ပါတယ္၊ လာလီဂါအသင္းေတြအပါမဝင္ ဥေရာပအသင္းေတြဟာ ကိုဗစ္ကာလမွာ ဘ႑ာေရးပိုင္းဝင္ေငြထိခိုက္နစ္နာခဲ့ရတဲ့အတြက္ ေဈးကြက္မွာ ေငြသုံးျပႏိုင္မယ္မထင္ဘူးလို႔ ပီရက္ဇ္က ယူဆထားတာပါ။

စူပါလိဂ္မွာပါဝင္တဲ့ ဥေရာပထိပ္သီးကလပ္အသင္း ၁၂သင္းဟာ ၿပီးခဲ့တဲ့ ကိုဗစ္ကာလမွာ စုစုေပါင္း ေပါင္ သန္း ၆၅၀ေက်ာ္ ဝင္ေငြ နစ္နာဆုံးရႈံးခဲ့ၾကတာကို ပီရက္ဇ္က ေထာက္ျပေျပာဆိုခဲ့ၿပီး ကလပ္အသင္းေတြအေနနဲ႔ ဘ႑ာေရးပိုင္းဆိုင္ရာေတာင့္တင္းမႈရွိေအာင္ စးပါလိ၈္ကို အေကာင္အထည္ေဖာ္ၿပီး ေဘာလုံးေလာကကို ကာကြယ္ေပးခ်င္တာျဖစ္တယ္လို႔ ပီရက္ဇ္က ေျပာၾကားခဲ့ပါတယ္။

ပီရက္ဇ္က “ ကြၽန္ေတာ္စိတ္မေကာင္းျဖစ္သလို စိတ္ပ်က္မိပါတယ္။ ကြၽန္ေတာ္တို႔ ဒီကိစၥအတြက္ ႏွစ္ေပါင္းမ်ားစြာႀကိဳးစားခဲ့တာပါ။ ေဘာလုံးေလာကႀကီးတိုးတက္လာဖို႔နဲ႔ စီးပြါးေရးအရေရာပါ။ လိဂ္ေတြကအ႐ိုးစြဲပါတယ္။
ကြၽန္ေတာ္တို႔ေျပာင္းလဲႏိုင္တာက ၾကားရက္ပြဲေတြပါ။ ခ်န္ပီယံလိဂ္ကေခတ္ကုန္သြားပါၿပီ။ ကြာတားဖိုင္နယ္ေလာက္ကစမ ွစိတ္ဝင္စားစရာေကာင္းတာပါ၊ ၿပီးေတာ့ အသင္းေတြအခုဆို ဘဏၰာေရးအခက္အခဲေတြရွိေနပါတယ္။
ဘာစီလိုနာဆို အေတာ္ေလးႀကိဳးစားေနရတာပါ။ ခ်န္ပီယံလိဂ္ကရတဲ့ဝင္ေငြက မက္ေလာက္စရာမရွိသလို UEFA ကလည္း ဘာအကူညီမွ မေပးႏိုင္ပါဘူး။ ဒီလိူပုံစံတိုင္းဆက္သြားရင္ေတာ့ ကစားသမားတစ္ေယာက္ကို ေပါင္သန္းရာနဲ႔ခ်ီၿပီးေခၚဖို႔မလြယ္ေတာ့ပါဘူး။ ဒီေတာ့ ဘာေပးေတြဟာလန္းေတြ ကြၽန္ေတာ့္ကိုလာမေျပာၾကပါနဲ႔ေတာ့။ ဒီအေျခေနအတိုင္းဆိုရင္ေတာ့ ေဝးပါၿပီ” လို႔ေျပာခဲ့ပါတယ္။

စူပါလိဂ္ကိစၥနဲ႔ ပတ္သက္ၿပီး ပီရက္ဇ္ဟာ အလြန္စိတ္ပ်က္ေနၿပီး ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ သူ႔အေပၚ သစၥာမရွိမႈကိုလည္း ေဝဖန္ခဲ့ပါေသးတယ္။ ပီရက္ဇ္ဟာ UEFA အေနနဲ႔ ဘာမွအေရးယူလို႔မရေအာင္ သူကာကြယ္ေပးမယ္လို႔ ကတိေပးခဲ့ေပမဲ့ အသင္းေတြကေတာ့ အရင္ဦးေအာင္ႏူတ္ထြက္ခဲ့တာပါ။ ဒါ့အျပင္ မေန႔ညက ကစားသြားခဲပတဲပ ရီးရဲလ္ရဲ႕ လာလီဂါပြဲစဥ္နဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ဘ႐ိုက္တန္နဲ႔ ပြဲစဥ္ေတြမတိုင္ခင္မွာ ပရိသတ္ေတြက စူပါလိဂ္ကို ကန႔္ကြက္ဆႏၵျပခဲပၾကတာေတြနဲ႔ ပတ္သတ္ၿပီး ” ခ်ဲလ္ဆီးကြင္းေရွ႕ကို ေရာက္လာခဲ့တာ ပရီသတ္ ၄၀ ေလာက္ပါပဲ။ မေန႔က ရီးရဲလ္ပြဲမတိုင္ခင္မွာ ဘယ္ကမွန္းမသိတဲ့ လူ ေတြကို ကာဒစ္ဇ္အက်ီေပးဝတ္ၿပီး လႈံေဆာ္ခဲ့သလိုမ်ိဳးပါ” လို႔ ေဝဖန္ခဲ့ပါတယ္။