စူပါလိဂ်က ဘောလုံးလောကကို ကယ်တင်ဖို့ အကြောင်းပြပေမယ့် ပါနေတဲ့ အသင်းတွေကို လိဂ်တွေကထုတ်ပယ်ခံရဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပဘောလုံးလောက တစ်ခုလုံးကို ဂယက်ရိုက်သွားစေခဲ့တဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ဝေဖန်ကန့်ကွက်မှုတွေမျိုးစုံထွက်ပေါ်နေပေမယ့် ဒီပြိုင်ပွဲမှာ ဥက္ကဌအဖြစ် အရွေးခံထားရတဲ့ ရီးရဲလ်သက္ကဌပီရက်ဇ်ကတော့ ဒီပြိုင်ပွဲဟာ လာမယ့် ၂နှစ် ၃နှစ်လောက်နေရင် ပျောက်ဆုံးပျက်ဆီးသွားနိုင်တဲ့ ဘောလုံးလောကကို ကယ်တင်မယ့်ကိစ္စရပ်တစ်ခုလို့ တင်စားပြောကြားသွားပါတယ်။

ပီးရက်ဇ်က ” ကိုဗစ်ကပ်ရောဂါကြောင့် ကလပ်အသင်းတွေရဲ့ ဝင်ငွေအပိုင်းတွေ အများကြီးဆုံးရှုံးပြီး ဘဏ္ဍာရေးအခြေအနေအတော်ဆိုးနေပါတယ်။

ဒီပြသနာကို ဖြေရှင်းဖို့နည်းလမ်းက ပိုပြီးအကြိတ်အနယ်ရှိတဲ့ အကောင်းဆုံးပြိုင်ပွဲတစ်ခု ဖန်တီးဖို့ပါပဲ။ အခုချိန်မှာ ပရီသတ်တွေဆီက ကွင်းဝင်ကြေးတွေမရ၊ ရုပ်သံထုတ်လွှင့်ခွင့်တွေ ကျဆင်းတာတွေဖြစ်လာတော့ ဘောလုံးလောကဟာ ဒီပုံစံအတိုင်းဆိုရင် နောက် ၃/၄နှစ် အတွင်းမှာ လုံးဝပျက်ဆီးသွားမှာပါ။ ကျွန်တော်တို့ ဘောလုံးလောကကို ကယ်တင်ချင်ပါတယ်။ စူပါလိဂ်ပြိုင်ပွဲက ချမ်းသာချင်လို့ ထလုပ်တာမဟုတ်ပါဘူး။
ဘောလုံးလောကကို ကယ်တင်ဖို့ပါ။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာတောင် ထိပ်တန်းကလပ်အသင်းတွေ ငွေကြေးပိုင်းတောင့်တင်းမှ ကျန်တဲ့ ကလပ်အသင်းတွေလည်း အဆင်ပြေမှာပါ” လို့ ပြောကြားသွားပါတယ်။

အလားတူ ပီရက်ဇ်က UEFA အနေနဲ့ ခေတ်ကာလနဲ့လိုက်လျောညီထွေဖြစ်မယ့် အစီအဉ်ကောင်းတွေကို ပြုလုပ်ဖို့ဆန္ဒရှိနေပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲရင် ယူရို သန်း ၁၂၀နဲ့ ၁၃၀အကြားမှာ ရပေမယ့် စူပါလိဂ်မှာ ဒီထက်ပိုပြီး ဆုကြေးငွေရမယ့်အကြောင်း၊ ဘောလုံးလောကအတွက် နောက်ထပ်နှစ်ပေါင်း ၂၀လောက် အဆင်ပြေနိုင်ဖို့ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ စူပါလိဂ်မှာ ၁၂သင်းနဲ့ စတင်ဖို့ရှိနေပြီး ပါဝင်ဖြစ်မှာမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ထားတဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မန်တို့နဲ့ ပတ်သတ်ပြီး ” ဂျာမန်အသင်းတွေကို ပါဝင်ဖို့ ဘယ်တုန်းကမှ မကှမ်းလှမ်းခဲ့ပါဘူး။

ပီအက်စ်ဂျီကိုလည်း ဘာမှအကြောင်းမကြားထားပါဘူး။ အခု ၁၂သင်းရှိပြီး စတင်လို့ရပါတယ်။ နောက်ထပ် ၃သင်းလောက် ထပ်ပါမယ်ဆိုလည်း အဆင်ပြေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ အက်ဖ်အေဂုဏ်ထူးဆောင် ဥက္ကဌတော်ဝင်မင်းသား ဝီလျံအပါအဝင် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး စူပါလိဂ်မှာ ပါဝင်မယ့် ပရီးမီးယားလိဂ် Big Six ဖြစ်တဲ့ မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့နဲ့ ပတ်သတ်ပြီး ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဥရောပစူပါလိဂ်ကို အင်္ဂလန်၊ အီတလီ၊ စပိန် ဘောလုံးအဖွဲ့ချုပ် အက်အေတွေနဲ့ သက်ဆိုင်ရာ ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါဘောလုံးအဖွဲ့အစည်းတွေက စုပေါင်းကြေညာချက်ထုတ်ပြီး ကန့်ကွက်ထားကြသလို စူပါလိဂ်မှာ ပါဝင်ကစားမယ့် အသင်းတွေကို သက်ဆိုင်ရာလိဂ်တွေက ထုတ်ပယ်ပစ်သွားဖို့အထိ စီစဉ်နေကြတယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စူပါလိဂ္က ေဘာလုံးေလာကကို ကယ္တင္ဖို႔ အေၾကာင္းျပေပမယ့္ ပါေနတဲ့ အသင္းေတြကို လိဂ္ေတြကထုတ္ပယ္ခံရဖို႔ရွိေန

ဥေရာပေဘာလုံးေလာက တစ္ခုလုံးကို ဂယက္႐ိုက္သြားေစခဲ့တဲ့ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲနဲ႔ ပတ္သတ္ၿပီး ေဝဖန္ကန႔္ကြက္မႈေတြမ်ိဳးစုံထြက္ေပၚေနေပမယ့္ ဒီၿပိဳင္ပြဲမွာ ဥကၠဌအျဖစ္ အေ႐ြးခံထားရတဲ့ ရီးရဲလ္သကၠဌပီရက္ဇ္ကေတာ့ ဒီၿပိဳင္ပြဲဟာ လာမယ့္ ၂ႏွစ္ ၃ႏွစ္ေလာက္ေနရင္ ေပ်ာက္ဆုံးပ်က္ဆီးသြားႏိုင္တဲ့ ေဘာလုံးေလာကကို ကယ္တင္မယ့္ကိစၥရပ္တစ္ခုလို႔ တင္စားေျပာၾကားသြားပါတယ္။

ပီးရက္ဇ္က ” ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကလပ္အသင္းေတြရဲ႕ ဝင္ေငြအပိုင္းေတြ အမ်ားႀကီးဆုံးရႈံးၿပီး ဘ႑ာေရးအေျခအေနအေတာ္ဆိုးေနပါတယ္။ ဒီျပသနာကို ေျဖရွင္းဖို႔နည္းလမ္းက ပိုၿပီးအႀကိတ္အနယ္ရွိတဲ့ အေကာင္းဆုံးၿပိဳင္ပြဲတစ္ခု ဖန္တီးဖို႔ပါပဲ။ အခုခ်ိန္မွာ ပရီသတ္ေတြဆီက ကြင္းဝင္ေၾကးေတြမရ၊ ႐ုပ္သံထုတ္လႊင့္ခြင့္ေတြ က်ဆင္းတာေတြျဖစ္လာေတာ့ ေဘာလုံးေလာကဟာ ဒီပုံစံအတိုင္းဆိုရင္ ေနာက္ ၃/၄ႏွစ္ အတြင္းမွာ လုံးဝပ်က္ဆီးသြားမွာပါ။ ကြၽန္ေတာ္တို႔ ေဘာလုံးေလာကကို ကယ္တင္ခ်င္ပါတယ္။ စူပါလိဂ္ၿပိဳင္ပြဲက ခ်မ္းသာခ်င္လို႔ ထလုပ္တာမဟုတ္ပါဘူး။
ေဘာလုံးေလာကကို ကယ္တင္ဖို႔ပါ။ ပရီးမီးယားလိဂ္လို ၿပိဳင္ပြဲမွာေတာင္ ထိပ္တန္းကလပ္အသင္းေတြ ေငြေၾကးပိုင္းေတာင့္တင္းမွ က်န္တဲ့ ကလပ္အသင္းေတြလည္း အဆင္ေျပမွာပါ” လို႔ ေျပာၾကားသြားပါတယ္။

အလားတူ ပီရက္ဇ္က UEFA အေနနဲ႔ ေခတ္ကာလနဲ႔လိုက္ေလ်ာညီေထြျဖစ္မယ့္ အစီအဥ္ေကာင္းေတြကို ျပဳလုပ္ဖို႔ဆႏၵရွိေနၿပီး ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲရင္ ယူ႐ို သန္း ၁၂၀နဲ႔ ၁၃၀အၾကားမွာ ရေပမယ့္ စူပါလိဂ္မွာ ဒီထက္ပိုၿပီး ဆုေၾကးေငြရမယ့္အေၾကာင္း၊ ေဘာလုံးေလာကအတြက္ ေနာက္ထပ္ႏွစ္ေပါင္း ၂၀ေလာက္ အဆင္ေျပႏိုင္ဖို႔ရွိတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ စူပါလိဂ္မွာ ၁၂သင္းနဲ႔ စတင္ဖို႔ရွိေနၿပီး ပါဝင္ျဖစ္မွာမဟုတ္ဘူးလို႔ ျငင္းခ်က္ထုတ္ထားတဲ့ ဘိုင္ယန္ျမဴးနစ္၊ ေဒါ့မန္တို႔နဲ႔ ပတ္သတ္ၿပီး ” ဂ်ာမန္အသင္းေတြကို ပါဝင္ဖို႔ ဘယ္တုန္းကမွ မကွမ္းလွမ္းခဲ့ပါဘူး။ ပီအက္စ္ဂ်ီကိုလည္း ဘာမွအေၾကာင္းမၾကားထားပါဘူး။ အခု ၁၂သင္းရွိၿပီး စတင္လို႔ရပါတယ္။ ေနာက္ထပ္ ၃သင္းေလာက္ ထပ္ပါမယ္ဆိုလည္း အဆင္ေျပပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အဂၤလန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ဟာ အက္ဖ္ေအဂုဏ္ထူးေဆာင္ ဥကၠဌေတာ္ဝင္မင္းသား ဝီလ်ံအပါအဝင္ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြနဲ႔ အေရးေပၚ အစည္းအေဝး ျပဳလုပ္ခဲ့ၿပီး စူပါလိဂ္မွာ ပါဝင္မယ့္ ပရီးမီးယားလိဂ္ Big Six ျဖစ္တဲ့ မန္ယူ၊ မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူး၊ အာဆင္နယ္နဲ႔ စပါးအသင္းတို႔နဲ႔ ပတ္သတ္ၿပီး ေဆာင္႐ြက္မယ့္ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ပါတယ္။ဥေရာပစူပါလိဂ္ကို အဂၤလန္၊ အီတလီ၊ စပိန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ အက္ေအေတြနဲ႔ သက္ဆိုင္ရာ ပရီးမီးယားလိဂ္၊ စီးရီးေအ၊ လာလီဂါေဘာလုံးအဖြဲ႕အစည္းေတြက စုေပါင္းေၾကညာခ်က္ထုတ္ၿပီး ကန႔္ကြက္ထားၾကသလို စူပါလိဂ္မွာ ပါဝင္ကစားမယ့္ အသင္းေတြကို သက္ဆိုင္ရာလိဂ္ေတြက ထုတ္ပယ္ပစ္သြားဖို႔အထိ စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။