စူပါဖလားမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ အက္ဒရီယန္ကို ကေလာ့ပ္ခ်ီးက်ဴး

photo-gettyimages

photo-gettyimages

ခ်ဲလ္ဆီးနဲ႔ဥေရာပစူပါဖလားပြဲစဥ္မွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ လီဗာပူးအႏိုင္ရဗိုလ္စြဲခဲ့ေတာ့ အဲဒီမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဂိုးသမားအက္ဒရီယန္အတြက္ နည္းျပဂ်ာဂင္ကေလာ့ပ္ဟာ ၀မ္းေျမာက္၀မ္းသာျဖစ္ေနပါတယ္။ အက္ဒရီယန္ဟာ မိနစ္ ၁၂၀ အထိ ၂-၂ သေရျဖစ္ေနခဲ့တဲ့အဲဒီပြဲမွာ ပင္နယ္တီအဆုံးအျဖတ္ကန္ေတာ့ ခ်ဲလ္ဆီးတိုက္စစ္မႈးေအဘရာဟမ္ရဲ႕ကန္သြင္းမႈကိုသာ ကာကြယ္ႏိုင္ခဲ့ေပမယ့္ အဲဒီကာကြယ္မႈေၾကာင့္ပဲ လီဗာပူးဟာ ပင္နယ္တီ ၅-၄ နဲ႔ အႏိုင္ရဗုိလ္စြဲသြားခဲ့တာပါ။ အဓိကဂိုးသမားအယ္လစ္ဆန္က ဒဏ္ရာရေနတာေၾကာင့္ အက္ဒရီယန္ဟာ ဥေရာပစူပါဖလားပြဲက်မွ လီဗာပူးရဲ႕ပြဲထြက္စာရင္းထဲ ပထမဆုံးအႀကိမ္ပါႏိုင္ခဲ့တာျဖစ္ၿပီး အခုလိုစြမ္းေဆာင္ႏိုင္ခဲ့တာပါ။

photo-gettyimages

”အက္ဒရီယန္ဟာ ေရာ့ကီ(စတားလုံးရဲ႕ေရာ့ကီဇာတ္ေကာင္)လိုပါပဲ။ ဘယ္ေလာက္ေကာင္းတဲ့ဇာတ္လမ္းတစ္ပုဒ္လဲ။ သူဟာ အားလုံးကိုခြန္အားရွိေစခဲ့ပါတယ္။ အ၀တ္အစားလဲခန္းထဲမွာေတာင္ အသံက်ယ္က်ယ္ေလာင္ေလာင္ျဖစ္ႏွင့္ေနပါၿပီ။ သူ႔ဘ၀မွာ အမ်ားႀကီးႏိုင္ခဲ့တယ္လို႔ ကၽြန္ေတာ္မထင္ပါဘူး။ ဒါေၾကာင့္ အဲဒါကိုႏိုင္ခဲ့တာဟာ သူ႔အတြက္ ေကာင္းပါတယ္။ မယုံၾကည္ႏိုင္စရာကာကြယ္မႈအခ်ိဳ႕ကို သူလုပ္ခဲ့ပါတယ္။ ဂိုးသမားႏွစ္ေယာက္စလုံးပါပဲ။ ဒါေၾကာင့္ သူ႔အတြက္ ကၽြန္ေတာ္အရမ္းကို ေပ်ာ္ရႊင္မိပါတယ္”လု႔ိ ကေလာ့ပ္က ေျပာၾကားခဲ့တာပါ။

photo-gettyimages

အက္ဒရီယန္ဟာ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က အသင္းလက္မဲ့ျဖစ္ေနခဲ့ေပမယ့္ အခုေတာ့ လီဗာပူးနဲ႔အတူ ဖလားတစ္လုံးကိုင္ေျမွာက္ႏိုင္ခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ရာသီကုန္ကတည္းက ၀က္စ္ဟမ္းကေန ထြက္ခြာခြင့္ေပးျခင္းခံခဲ့ရၿပီး လီဗာပူးကိုေရာက္လာတာ ၁၀ ရက္ေတာင္မၾကာေသးပါဘူ။ ဒါေပမဲ့ သူဟာ ရက္ပိုင္းအတြင္းမွာပဲ လီဗာပူးရဲ႕သူရဲေကာင္းသစ္ျဖစ္လာခဲ့ပါတယ္။

[Unicode]

ချဲလ်ဆီးနဲ့ဥရောပစူပါဖလားပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ လီဗာပူးအနိုင်ရဗိုလ်စွဲခဲ့တော့ အဲဒီမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဂိုးသမားအက်ဒရီယန်အတွက် နည်းပြဂျာဂင်ကလော့ပ်ဟာ ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်။ အက်ဒရီယန်ဟာ မိနစ် ၁၂၀ အထိ ၂-၂ သရေဖြစ်နေခဲ့တဲ့အဲဒီပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ကန်တော့ ချဲလ်ဆီးတိုက်စစ်မှုးအေဘရာဟမ်ရဲ့ကန်သွင်းမှုကိုသာ ကာကွယ်နိုင်ခဲ့ပေမယ့် အဲဒီကာကွယ်မှုကြောင့်ပဲ လီဗာပူးဟာ ပင်နယ်တီ ၅-၄ နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့တာပါ။ အဓိကဂိုးသမားအယ်လစ်ဆန်က ဒဏ်ရာရနေတာကြောင့် အက်ဒရီယန်ဟာ ဥရောပစူပါဖလားပွဲကျမှ လီဗာပူးရဲ့ပွဲထွက်စာရင်းထဲ ပထမဆုံးအကြိမ်ပါနိုင်ခဲ့တာဖြစ်ပြီး အခုလိုစွမ်းဆောင်နိုင်ခဲ့တာပါ။

”အက်ဒရီယန်ဟာ ရော့ကီ(စတားလုံးရဲ့ရော့ကီဇာတ်ကောင်)လိုပါပဲ။ ဘယ်လောက်ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်လဲ။ သူဟာ အားလုံးကိုခွန်အားရှိစေခဲ့ပါတယ်။ အဝတ်အစားလဲခန်းထဲမှာတောင် အသံကျယ်ကျယ်လောင်လောင်ဖြစ်နှင့်နေပါပြီ။ သူ့ဘဝမှာ အများကြီးနိုင်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါကြောင့် အဲဒါကိုနိုင်ခဲ့တာဟာ သူ့အတွက် ကောင်းပါတယ်။ မယုံကြည်နိုင်စရာကာကွယ်မှုအချို့ကို သူလုပ်ခဲ့ပါတယ်။ ဂိုးသမားနှစ်ယောက်စလုံးပါပဲ။ ဒါကြောင့် သူ့အတွက် ကျွန်တော်အရမ်းကို ပျော်ရွှင်မိပါတယ်”လု့ိ ကလော့ပ်က ပြောကြားခဲ့တာပါ။

အက်ဒရီယန်ဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က အသင်းလက်မဲ့ဖြစ်နေခဲ့ပေမယ့် အခုတော့ လီဗာပူးနဲ့အတူ ဖလားတစ်လုံးကိုင်မြှောက်နိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ဝက်စ်ဟမ်းကနေ ထွက်ခွာခွင့်ပေးခြင်းခံခဲ့ရပြီး လီဗာပူးကိုရောက်လာတာ ၁၀ ရက်တောင်မကြာသေးပါဘူ။ ဒါပေမဲ့ သူဟာ ရက်ပိုင်းအတွင်းမှာပဲ လီဗာပူးရဲ့သူရဲကောင်းသစ်ဖြစ်လာခဲ့ပါတယ်။