စူပါဖလားက အမ်ိဳးသမီးဒိုင္အတြက္ မိခင္ျဖစ္သူကို ကတိေပးခဲ့တဲ့ ဂ်ာဂင္ကေလာ့ပ္

photo-gettyimages

photo-gettyimages

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ ဒီကေန႔ည ခ်ဲလ္ဆီးနဲ႔ကစားမယ့္ဥေရာပစူပါဖလားမွာ အေကာင္းဆုံးျပဳမူသြားမွာျဖစ္ေၾကာင္း မိခင္ျဖစ္သူကုိကတိေပးခဲ့တယ္လို႔ သိရပါတယ္။ အခုလို မိခင္ကို ကတိေပးခဲ့တာဟာ ဒီႏွစ္ဥေရာပစူပါဖလားပြဲကို ကိုင္တြယ္ႀကီးၾကပ္သြားမယ့္ အမ်ိဳးသမီးကြင္းလယ္ဒိုင္ေၾကာင့္ပါ။ ျပင္သစ္သူစတီဖနီဖရက္ပတ္ဟာ ဥေရာပအမ်ိဳးသားကလပ္ဗုိလ္လုပြဲတစ္ပြဲကို ကိုင္တြယ္သြားမယ့္ ပထမဆုံးအမ်ိဳးသမီးဒိုင္အျဖစ္ သမိုင္းမွတ္တမ္း၀င္ေတာ့မွာပါ။ သူနဲ႔အတူ အိုင္ယာလန္နဲ႔အီတလီက အမ်ိဳးသမီးအကူဒိုင္ႏွစ္ေယာက္ကလည္း တာ၀န္ယူသြားမွာျဖစ္ပါတယ္။

photo-gettyimages

အမ်ိဳးသမီးကြင္းလယ္ဒိုင္ဖရက္ပတ္နဲ႔ပတ္သက္လုိ႔ ေမးျမန္းခံရေတာ့ ကေလာ့ပ္က”ကၽြန္ေတာ့္အေျဖကလည္း ေနာက္ဆုံးအခ်ိန္က်ၿပီလို႔ ထင္ပါတယ္။ ဂ်ာမနီမွာကတည္းက အမ်ိဳးသမီးဒိုင္ေတြနဲ႔ပတ္သက္လို႔ ကၽြန္ေတာ့္မွာ အေတြ႕အႀကဳံေတြအမ်ားႀကီးရွိခဲ့တာပါ။ သန္းေပါင္းမ်ားစြာေသာပရိသတ္ေတြၾကည့္မယ့္အရမ္းကိုအေရးႀကီးတဲ့ပြဲစဥ္တစ္ခုမွာ အမ်ိဳးသမီးဒိုင္တစ္ေယာက္ကို တာ၀န္ေပးတာဟာ အရမ္းကိုစမတ္ၾကတဲ့ဆုံးျဖတ္ခ်က္တစ္ခုပါ။ စိတ္ခံစားမႈေတြအားလုံးရွိၾကမွာကေတာ့ အေသအခ်ာပဲေပါ့ဗ်ာ။ ကၽြန္ေတာ္ကေတာ့ ပြဲအေျခအေနပိုခက္ခဲသြားေအာင္ လုပ္မွာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ဘက္က အေကာင္းဆုံးျပဳမူသြားမွာပါ။ ဒီလုိမွမဟုတ္ရင္ ကၽြန္ေတာ့္အေမက ေဒါသထြက္မွာပါ”လို႔ ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

photo-gettyimages

၃၅ ႏွစ္အရြယ္ ဖရက္ပတ္ဟာ ၿပီးခဲ့တဲ့ဇူလိုင္လတုန္းက အေမရိကန္နဲ႔နယ္သာလန္တို႔ရဲ႕အမ်ိဳးသမီးကမာၻ႔ဖလားဗိုလ္လုပြဲကို တာ၀န္ယူခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ၿပီးခဲ့တဲ့ဧၿပီလ ၂၈ ရက္ေန႔တုန္းက ေအမီယန္နဲ႔စထရက္ေဘာ့တို႔ရဲ႕လီဂူးပြဲစဥ္ကို ကိုင္တြယ္ခဲ့ၿပီးေနာက္ လီဂူးၿပိဳင္ပြဲရဲ႕ပထမဆုံးအမ်ဳိဳးသမီးကြင္းလယ္ဒိုင္လည္း ျဖစ္လာခဲ့ပါတယ္။

[Unicode]

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ ဒီကနေ့ည ချဲလ်ဆီးနဲ့ကစားမယ့်ဥရောပစူပါဖလားမှာ အကောင်းဆုံးပြုမူသွားမှာဖြစ်ကြောင်း မိခင်ဖြစ်သူကိုကတိပေးခဲ့တယ်လို့ သိရပါတယ်။ အခုလို မိခင်ကို ကတိပေးခဲ့တာဟာ ဒီနှစ်ဥရောပစူပါဖလားပွဲကို ကိုင်တွယ်ကြီးကြပ်သွားမယ့် အမျိုးသမီးကွင်းလယ်ဒိုင်ကြောင့်ပါ။ ပြင်သစ်သူစတီဖနီဖရက်ပတ်ဟာ ဥရောပအမျိုးသားကလပ်ဗိုလ်လုပွဲတစ်ပွဲကို ကိုင်တွယ်သွားမယ့် ပထမဆုံးအမျိုးသမီးဒိုင်အဖြစ် သမိုင်းမှတ်တမ်းဝင်တော့မှာပါ။ သူနဲ့အတူ အိုင်ယာလန်နဲ့အီတလီက အမျိုးသမီးအကူဒိုင်နှစ်ယောက်ကလည်း တာဝန်ယူသွားမှာဖြစ်ပါတယ်။

အမျိုးသမီးကွင်းလယ်ဒိုင်ဖရက်ပတ်နဲ့ပတ်သက်လို့ မေးမြန်းခံရတော့ ကလော့ပ်က”ကျွန်တော့်အဖြေကလည်း နောက်ဆုံးအချိန်ကျပြီလို့ ထင်ပါတယ်။ ဂျာမနီမှာကတည်းက အမျိုးသမီးဒိုင်တွေနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အတွေ့အကြုံတွေအများကြီးရှိခဲ့တာပါ။ သန်းပေါင်းများစွာသောပရိသတ်တွေကြည့်မယ့်အရမ်းကိုအရေးကြီးတဲ့ပွဲစဉ်တစ်ခုမှာ အမျိုးသမီးဒိုင်တစ်ယောက်ကို တာဝန်ပေးတာဟာ အရမ်းကိုစမတ်ကြတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ စိတ်ခံစားမှုတွေအားလုံးရှိကြမှာကတော့ အသေအချာပဲပေါ့ဗျာ။ ကျွန်တော်ကတော့ ပွဲအခြေအနေပိုခက်ခဲသွားအောင် လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘက်က အကောင်းဆုံးပြုမူသွားမှာပါ။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်အမေက ဒေါသထွက်မှာပါ”လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

၃၅ နှစ်အရွယ် ဖရက်ပတ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက အမေရိကန်နဲ့နယ်သာလန်တို့ရဲ့အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့တုန်းက အေမီယန်နဲ့စထရက်ဘော့တို့ရဲ့လီဂူးပွဲစဉ်ကို ကိုင်တွယ်ခဲ့ပြီးနောက် လီဂူးပြိုင်ပွဲရဲ့ပထမဆုံးအမျိုးသမီးကွင်းလယ်ဒိုင်လည်း ဖြစ်လာခဲ့ပါတယ်။