
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချန်ပီယံလိ၈်ဖိုင်နယ်မှာ မန်စီးတီးနဲ့ ချဲလ်ဆီး ဘယ်သူပဲ ဗိုလ်စွဲပါစေ ကိုယ့်အလုပ်ကို လုပ်ရမယ့် လီဗာပူးဟာ တန်းဆင်းသွားရပြီဖြစ်တဲ့ ဝက်စ်ဘရွန်းကို နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
နာကျင်အချိန်ပို ၇မိနစ်ပေးထားခဲ့ပြီး ၅မိနစ်ကျော်ရောက်လာတဲ့အထိ ၁-၁ ဖြစ်နေတဲ့ အနေအထားမှာ လီဗာပူးအတွက် ကယ်တင်ရှင် သူရဲကောင်း ဖြစ်ခဲ့တဲ့ အနိုင်ဂိုးရှင်ကတော့ ထူးထူးခြားခြားပဲ ဂိုးသမား အယ်လီဆန် ဖြစ်နေပါတယ်။
ဒီပွဲမှာ အိမ်ရှင်အတွက် ရော့်ဘ်ဆင်ကနူးက ပွဲအစ ၁၅မိနစ်မှာကတည်းက ဂိုးစသွင်းပြီး လီဗာပူးအတွက် ဆာလက်က ၃၃မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ သရေကျနေခဲ့ပြီး နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်မှာ Time Bomb ခွဲလိုက်တာကတော့ အလီဆန်ပါ။
လီဗာပူးအသင်း ထောင့်ကန်ဘောရတဲ့အချိန်မှာ အလီဆန်က ရှေ့တက်လာခဲ့ပြီး ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ၁၀ကိုက် အကွာကနေ ပြင်းထန်အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အနိုင်ဂိုး သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အလီဆန်ရဲ့ စူပါ ခေါင်းတိုက်ချက်ကြောင့် လီဗာပူးဟာ အဆင့် ၄နေရာက ချဲလ်ဆီးအနောက်ကို ၁မှတ်အကွာနဲ့ ဖိအားလိုက်ပေးနိုင်တာပါ။
ဂိုးသွင်းလိုက်တဲ့ အယ်လီဆန်ဟာ လီဗာပူးအသင်းရဲ့ သက်တမ်း ၁၂၉နှစ် အတွင်းမှာ ပထမဆုံးဂိုးသွင်းနိုင်တဲ့ ဂိုးသမားဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် အယ်လီဆန်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ၆ယောက်မြောက် ဂိုးသမားဖြစ်လာခဲ့ပြီး ခေါင်းတိုက်ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ဂိုးသမား ဖြစ်လာခဲ့ပါတယ်။
ဂိုးသမားတွေထဲက ပထမဆုံးခေါင်းတိုက်ဂိုး သွင်းနိုင်ခဲ့တာက ယူနိုက်တက်အတွက် သွင်းပေးခဲ့တဲ့ ပီတာရှမိုက်ကယ်ဖြစ်ပြီး သူဟာ ၂၀၀၁ တုန်းကလည်း ဗီလာအတွက် ကစားရင်း အဲဗာတန်ဖက်ကို ကန်သွင်းနိုင်ခဲ့ပါသေးတယ်။
အခြား ဂိုးသွင်းနိုင်တဲ့ ဂိုးသမားတွေထဲက ဖရီဒယ်၊ ပေါလ်ရော်ဘင်ဆင်၊ တင်ဟောင်းဝပ်နဲ့ ဘာ၈ိုဗစ်တို့ထဲမှာ နောက်ဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ဂိုးသမားက ဘာဂိုဗစ်ဖြစ်ပြီး ၂၀၁၃တုန်းက စတုတ်စီးတီးဖက်ကနေ ဆောက်သမ်တန်ကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဖိုးတန်အနိုင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အလီဆန်ကို နားနေရတဲ့ နောက်ခံလူ ဗန်ဒိုက်စ်အပါအဝင် လီဗာပူးအသင်းသားတွေက ဆိုရှယ်စာမျက်နှာတွေအပေါ်မှာ ချီကျူးဂုဏ်ပြုမှုတွေလုပ်ခဲ့ကြသလို လီဗာပူးနည်းပြ ကလော့ပ်ကလည်း ” ကျွန်တော်တို့ အလီဆန်ကို လုံးဝချီကျူးရမှာပါ။
သူ့ရဲ့ ခေါင်းတိုက်ချက်က တကယ့်ကို မယုံကြည်နိုင်စရာပါပဲ” လို့ ပြောကြားသွားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စူပါေခါင္းတိုက္ဂိုးနဲ႔ လီဗာပူးအသင္း သမိုင္းမွာ ပထမဆုံးဂိုးသြင္းႏိုင္တဲ့ ဂိုးသမားျဖစ္လာတဲ့ အလီဆန္
ခ်န္ပီယံလိ၈္ဖိုင္နယ္မွာ မန္စီးတီးနဲ႔ ခ်ဲလ္ဆီး ဘယ္သူပဲ ဗိုလ္စြဲပါေစ ကိုယ့္အလုပ္ကို လုပ္ရမယ့္ လီဗာပူးဟာ တန္းဆင္းသြားရၿပီျဖစ္တဲ့ ဝက္စ္ဘ႐ြန္းကို ေနာက္ဆုံးမိနစ္သြင္းဂိုးနဲ႔ အႏိုင္ရသြားခဲ့ပါတယ္။ နာက်င္အခ်ိန္ပို ၇မိနစ္ေပးထားခဲ့ၿပီး ၅မိနစ္ေက်ာ္ေရာက္လာတဲ့အထိ ၁-၁ ျဖစ္ေနတဲ့ အေနအထားမွာ လီဗာပူးအတြက္ ကယ္တင္ရွင္ သူရဲေကာင္း ျဖစ္ခဲ့တဲ့ အႏိုင္ဂိုးရွင္ကေတာ့ ထူးထူးျခားျခားပဲ ဂိုးသမား အယ္လီဆန္ ျဖစ္ေနပါတယ္။
ဒီပြဲမွာ အိမ္ရွင္အတြက္ ေရာ့္ဘ္ဆင္ကႏူးက ပြဲအစ ၁၅မိနစ္မွာကတည္းက ဂိုးစသြင္းၿပီး လီဗာပူးအတြက္ ဆာလက္က ၃၃မိနစ္မွာ ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။ သေရက်ေနခဲ့ၿပီး ေနာက္ဆုံးမိနစ္ ေနာက္ဆုံးစကၠန႔္မွာ Time Bomb ခြဲလိုက္တာကေတာ့ အလီဆန္ပါ။
လီဗာပူးအသင္း ေထာင့္ကန္ေဘာရတဲ့အခ်ိန္မွာ အလီဆန္က ေရွ႕တက္လာခဲ့ၿပီး ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ၁၀ကိုက္ အကြာကေန ျပင္းထန္အားပါတဲ့ ေခါင္းတိုက္ခ်က္နဲ႔ အႏိုင္ဂိုး သြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အလီဆန္ရဲ႕ စူပါ ေခါင္းတိုက္ခ်က္ေၾကာင့္ လီဗာပူးဟာ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးအေနာက္ကို ၁မွတ္အကြာနဲ႔ ဖိအားလိုက္ေပးႏိုင္တာပါ။ ဂိုးသြင္းလိုက္တဲ့ အယ္လီဆန္ဟာ လီဗာပူးအသင္းရဲ႕ သက္တမ္း ၁၂၉ႏွစ္ အတြင္းမွာ ပထမဆုံးဂိုးသြင္းႏိုင္တဲ့ ဂိုးသမားျဖစ္လာခဲ့ပါတယ္။
ဒါ့အျပင္ အယ္လီဆန္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ဂိုးသြင္းႏိုင္တဲ့ ၆ေယာက္ေျမာက္ ဂိုးသမားျဖစ္လာခဲ့ၿပီး ေခါင္းတိုက္ဂိုးသြင္းႏိုင္တဲ့ ဒုတိယေျမာက္ ဂိုးသမား ျဖစ္လာခဲ့ပါတယ္။ ဂိုးသမားေတြထဲက ပထမဆုံးေခါင္းတိုက္ဂိုး သြင္းႏိုင္ခဲ့တာက ယူႏိုက္တက္အတြက္ သြင္းေပးခဲ့တဲ့ ပီတာရွမိုက္ကယ္ျဖစ္ၿပီး သူဟာ ၂၀၀၁ တုန္းကလည္း ဗီလာအတြက္ ကစားရင္း အဲဗာတန္ဖက္ကို ကန္သြင္းႏိုင္ခဲ့ပါေသးတယ္။ အျခား ဂိုးသြင္းႏိုင္တဲ့ ဂိုးသမားေတြထဲက ဖရီဒယ္၊ ေပါလ္ေရာ္ဘင္ဆင္၊ တင္ေဟာင္းဝပ္နဲ႔ ဘာ၈ိုဗစ္တို႔ထဲမွာ ေနာက္ဆုံးဂိုးသြင္းႏိုင္ခဲ့တဲ့ ဂိုးသမားက ဘာဂိုဗစ္ျဖစ္ၿပီး ၂၀၁၃တုန္းက စတုတ္စီးတီးဖက္ကေန ေဆာက္သမ္တန္ကို သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
အဖိုးတန္အႏိုင္ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ အလီဆန္ကို နားေနရတဲ့ ေနာက္ခံလူ ဗန္ဒိုက္စ္အပါအဝင္ လီဗာပူးအသင္းသားေတြက ဆိုရွယ္စာမ်က္ႏွာေတြအေပၚမွာ ခ်ီက်ဴးဂုဏ္ျပဳမႈေတြလုပ္ခဲ့ၾကသလို လီဗာပူးနည္းျပ ကေလာ့ပ္ကလည္း ” ကြၽန္ေတာ္တို႔ အလီဆန္ကို လုံးဝခ်ီက်ဴးရမွာပါ။ သူ႔ရဲ႕ ေခါင္းတိုက္ခ်က္က တကယ့္ကို မယုံၾကည္ႏိုင္စရာပါပဲ” လို႔ ေျပာၾကားသြားပါတယ္။