
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မကြာမီ ကျင်းပ တော့မယ့် ယူရို ၂၀၂၀ ပြိုင်ပွဲကြီးမှာ ဘယ် အသင်းတွေက ဗိုလ်စွဲဖို့ ရာခိုင်နှုန်း ဘယ်လောက် ရှိသလဲ ဆိုတာကို စူပါ ကွန်ပျူတာကို အသုံးပြုကာ တွက်ချက်ထားပါတယ်။
အင်္ဂလန်အသင်းကို ယူရို၂၀၂၀ပြိုင်ပွဲမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းများထဲမှတစ်သင်းအဖြစ်အားလုံးကပြောဆိုနေကြပါတယ်။
ဒါပေမယ့်စူပါကွန်ပျူတာကတော့နည်းပြဆောက်ဂိတ်အသင်းကိုယူရို၂၀၂၀မှာချန်ပီယံဖြစ်မယ့်အသင်းတစ်သင်းလို့မမြင်ပါဘူး။
စူပါကွန်ပျူတာက တွက်ချက် ရာမှာ ပြိုင်ပွဲဝင် အသင်းတွေရဲ့ ကစား သမား အင်အား ၊ နောက်ဆုံး ၆ လ အတွင်းက ခြေစွမ်း + ရလဒ် တွေ အပြင် ယူရို ၂၀၂၀ အုပ်စု အနေအထား နဲ့ ဗိုလ်လုပွဲဆီ သွားရာ လမ်းကြောင်းတွေကိုအခြေခံကာ တွက်ချက်ခဲ့တာဖြစ်ပါတယ်။
စူပါကွန်ပျူတာရဲ့တွက်ဆမှုအရ ယူရို၂၀၂၀ပြိုင်ပွဲတွင်ချန်ပီယံဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ်ပြင်သစ်က၂၀.၅ရာခိုင်နှုန်းဖြင့်ရပ်တည်နေပြီး ဘယ်လ်ဂျီယံအသင်းက၁၅.၇ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။
စပိန်အသင်းက၁၁.၃ရာခိုင်နှုန်းနဲ့ အဆင့်၃၊ဂျာမနီက၉.၈ရာခိုင်နှုန်းနဲ့ အဆင့်၄၊ပေါ်တူဂီက၉.၆ရာခိုင်နှုန်းနဲ့ အဆင့်၅၊အီတလီက၇.၆ရာခိုင်နှုန်းနဲ့
အဆင့်၆၊နယ်သာလန်က၅.၆ရာခိုင်နှုန်းနဲ့ အဆင့်၇၊ဒိန်းမတ်က၅.၄ရာခိုင်နှုန်းနဲ့ အဆင့်၈၊အင်္ဂလန်က၅.၂ရာခိုင်နှုန်းနဲ့ အဆင့်၉နှင့်ဆွစ်ဇာလန်က၂.၃ရာခိုင်နှုန်းနဲ့ အဆင့်၁၀မှာရပ်တည်နေပါတယ်။
ပြိုင်ပွဲဝင် ၂၄ သင်းထဲမှာ မြောက် မက်ဆီဒိုးနီးယား ၊ စလိုဗက်ကီးယား ၊ စကော့တလန် ၊ ဟန်ဂေရီ ၊ ဖင်လန် ၊ သြစတြီးယား ၊ ချက် ၊ တူရကီ ၊ ဝေးလ် ၊ ယူကရိန်း နဲ့ ပိုလန် တို့ဟာ ဗိုလ်စွဲနိုင်ချေ ၁% တောင် မရှိခဲ့ကြဘဲ အုပ်စု အဆင့်ကနေ အိမ်ပြန် ကြရမယ့် အသင်းတွေ အဖြစ် သတ်မှတ် ခံထားရပါတယ်။
ယူရို ပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ ၁၁ ရက်နေ့ ကနေ ဇူလိုင်လ ၁၁ ရက်နေ့ အတွင်း ယှဉ်ပြိုင် ကစား သွားမှာ ဖြစ်ပြီး အုပ်စု ၆ စု က အုပ်စု ပထမ နဲ့ ဒုတိယ ၂ သင်းစီ ၊ အကောင်းဆုံး တတိယ ၄ သင်းတို့ ဟာ ၁၆ သင်း ရှုံးထွက်အဆင့်ကိုတက်လှမ်းလာကြမှာပဲဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စူပါကြန္ပ်ဴတာ ေဟာကိန္းထုတ္တဲ့ ယူ႐ို ၂၀၂၀ တြင္ ဗိုလ္စြဲမယ့္ အသင္း
မၾကာမီ က်င္းပ ေတာ့မယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးမွာ ဘယ္ အသင္းေတြက ဗိုလ္စြဲဖို႔ ရာခိုင္ႏႈန္း ဘယ္ေလာက္ ရွိသလဲ ဆိုတာကို စူပါ ကြန္ပ်ဴတာကို အသုံးျပဳကာ တြက္ခ်က္ထားပါတယ္။
အဂၤလန္အသင္းကို ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဗိုလ္စြဲဖို႔ေရပန္းအစားဆုံးအသင္းမ်ားထဲမွတစ္သင္းအျဖစ္အားလုံးကေျပာဆိုေနၾကပါတယ္။ဒါေပမယ့္စူပါကြန္ပ်ဴတာကေတာ့နည္းျပေဆာက္ဂိတ္အသင္းကိုယူ႐ို၂၀၂၀မွာခ်န္ပီယံျဖစ္မယ့္အသင္းတစ္သင္းလို႔မျမင္ပါဘူး။
စူပါကြန္ပ်ဴတာက တြက္ခ်က္ ရာမွာ ၿပိဳင္ပြဲဝင္ အသင္းေတြရဲ႕ ကစား သမား အင္အား ၊ ေနာက္ဆုံး ၆ လ အတြင္းက ေျခစြမ္း + ရလဒ္ ေတြ အျပင္ ယူ႐ို ၂၀၂၀ အုပ္စု အေနအထား နဲ႔ ဗိုလ္လုပြဲဆီ သြားရာ လမ္းေၾကာင္းေတြကိုအေျခခံကာ တြက္ခ်က္ခဲ့တာျဖစ္ပါတယ္။
စူပါကြန္ပ်ဴတာရဲ႕တြက္ဆမႈအရ ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္ႏိုင္ေျခအမ်ားဆုံးအသင္းအျဖစ္ျပင္သစ္က၂၀.၅ရာခိုင္ႏႈန္းျဖင့္ရပ္တည္ေနၿပီးဘယ္လ္ဂ်ီယံအသင္းက၁၅.၇ရာခိုင္ႏႈန္းျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။
စပိန္အသင္းက၁၁.၃ရာခိုင္ႏႈန္းနဲ႔ အဆင့္၃၊ဂ်ာမနီက၉.၈ရာခိုင္ႏႈန္းနဲ႔ အဆင့္၄၊ေပၚတူဂီက၉.၆ရာခိုင္ႏႈန္းနဲ႔ အဆင့္၅၊အီတလီက၇.၆ရာခိုင္ႏႈန္းနဲ႔ အဆင့္၆၊နယ္သာလန္က၅.၆ရာခိုင္ႏႈန္းနဲ႔ အဆင့္၇၊ဒိန္းမတ္က၅.၄ရာခိုင္ႏႈန္းနဲ႔ အဆင့္၈၊အဂၤလန္က၅.၂ရာခိုင္ႏႈန္းနဲ႔ အဆင့္၉ႏွင့္ဆြစ္ဇာလန္က၂.၃ရာခိုင္ႏႈန္းနဲ႔ အဆင့္၁၀မွာရပ္တည္ေနပါတယ္။
ၿပိဳင္ပြဲ၀င္ ၂၄ သင္းထဲမွာ ေျမာက္ မက္ဆီဒိုးနီးယား ၊ စလိုဗက္ကီးယား ၊ စေကာ့တလန္ ၊ ဟန္ေဂရီ ၊ ဖင္လန္ ၊ ၾသစႀတီးယား ၊ ခ်က္ ၊ တူရကီ ၊ ေဝးလ္ ၊ ယူကရိန္း နဲ႔ ပိုလန္ တို႔ဟာ ဗိုလ္စြဲႏိုင္ေခ် ၁% ေတာင္ မရွိခဲ့ၾကဘဲ အုပ္စု အဆင့္ကေန အိမ္ျပန္ ၾကရမယ့္ အသင္းေတြ အျဖစ္ သတ္မွတ္ ခံထားရပါတယ္။
ယူ႐ို ၿပိဳင္ပြဲႀကီးကို လာမယ့္ ဇြန္လ ၁၁ ရက္ေန႔ ကေန ဇူလိုင္လ ၁၁ ရက္ေန႔ အတြင္း ယွဥ္ၿပိဳင္ ကစား သြားမွာ ျဖစ္ၿပီး အုပ္စု ၆ စု က အုပ္စု ပထမ နဲ႔ ဒုတိယ ၂ သင္းစီ ၊ အေကာင္းဆုံး တတိယ ၄ သင္းတို႔ ဟာ ၁၆ သင္း ရႈံးထြက္အဆင့္ကိုတက္လွမ္းလာၾကမွာပဲျဖစ္ပါတယ္။