စုံထောက်တွေကွင်းထဲရောက်လာလို့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားပွဲပျက်
Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
ဘရာဇီးလ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကတော့ ပွဲအစပိုင်းလေးမှာတင် ပွဲပျက်သွားခဲ့ရပါတယ်။
အကြောင်းအရင်းကတော့ ဘရာဇီးလ် အာဏာပိုင်များက အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ပါဝင်လာတဲ့ ပရီးမီးယားလိဂ် ကစားသမား(၄)ဦးဖြစ်တဲ့ ခရစ္စတီယန်ရိုမဲရိုး ဘွမ်ဒီယာ လိုဆယ်လ်ဆိုနဲ့ ဂိုးသမားမာတီနက်ဇ်တို့ဟာ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိဘဲ
ဘရာဇီးလ်နိုင်ငံအတွင်းကို လိမ်လည်ဝင်ရောက်လာခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီကစားသမားတွေကို ကွင်းထဲကနေ ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစာခဲ့သလို ပွဲကိုလည်း ရပ်နားစေခဲ့တာကြောင့် ဖြစ်ပါတယ်။
သတင်းတွေအရ အဆိုပါ ကစားသမား ၄ဦးဟာ စာရွက်စာတမ်းတွေကို အတုလုပ်ခဲ့ပြီး ဗြိတိန်က လာတယ်ဆိုတာ အသိပေးခဲ့ခြင်းမရှိဘဲ ဘရာဇီး ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ ကွာရန်တင်းဝင်ခဲ့ခြင်းလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
၁နာရီအတွင်းမှာပဲ အဆိုပါ ပွဲစဉ်ကို ဂိုးမရှိ သရေနဲ့ တရားဝင် ပွဲပျက်သွားခဲ့ပါတယ်။
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ “ကွင်းလယ်ဒိုင်နဲ့ ပွဲတာဝန်ရှိသူတို့ဟာ ယခုအဖြစ်အပျက်အတွက် မှတ်တမ်းကို ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံ တင်ပြသွားမှာ ဖြစ်ပါတယ်။
လက်ရှိ စည်းမျဉ်းတွေအရ ဒါတွေဟာ ကျိန်းသေပေါက် ထိန်းသိမ်းရမယ့် အရာတစ်ခုပါ”
“ကမ္ဘာ့ဖလား ခြေစစ်ပွဲဆိုတာ ဖီဖာရဲ့ ပြိုင်ပွဲပါ။ ဆုံးဖြတ်ချက်တိုင်းနဲ့ ဖြစ်လာမယ့်အရာတိုင်းကို အဲဒီ အဖွဲ့အစည်းက ပြုလုပ်ဖို့ ပါဝါရထားပါတယ်”လို့ ဖော်ပြထားပါတယ်။
အချို့ သတင်းတွေမှာ ဖော်ပြထားတာကတော့ အသင်းခေါင်းဆောင် မက်ဆီက “ငါတို့ ဒီမှာရောက်နေတာ ၃ရက်တောင် ရှိနေပြီး ပွဲကစားဖို့ စောင့်နေတာလေ။
ဘာလို့ စောစော လာမပြောတာလဲ။ ဒါက တကယ် အရှုပ်ထုပ်။ ငါတို့ ထွက်ပြီ”ဆိုပြီး ပြောနေတာ ကြားရတယ်လို့ ဆိုခဲ့ပါတယ်။
အာဂျင်တီးနားနည်းပြ စကာလိုနီက “ဒါမျိုးဖြစ်သွားလို့ ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်။
စည်းကမ်း ဖောက်ဖောက်၊ မဖောက်ဖောက် ပွဲကိုတော့ ဝင်မဖျက်သင့်ပါဘူး။
ဒါက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ကြည့်ပြီး ပျော်ရွှင်ရမယ့် ပွဲတစ်ပွဲပါ။
ကျွန်တော်က အာဂျင်တီးနား နည်းပြဖြစ်တဲ့အတွက် ကိုယ့်အသင်းကိုယ် ကာကွယ် ရပါမယ်။
ကျွန်တော်တို့ ပွဲကို ဆက်ကစားချင်သလို ဘရာဇီးလ်ကစားသမားတွေကလည်း အတူတူပါပဲ”လို့ ပြောခဲ့ပါတယ်။
Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
zawgyi