စုစုေပါင္းေျပာင္းေရႊ႕ေၾကးအမ်ားဆုံးစာရင္းမွာလည္း ေနမာ ထိပ္ဆုံးေရာက္

Photo Credit ; AFP

Photo Credit

ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး ေနမာဟာ ကမၻာ့ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသလုိ ကစားသမားဘ၀တစ္ေလွ်ာက္ စုစုေပါင္းေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားစာရင္းမွာလည္း ထိပ္ဆုံးကေန ဦးေဆာင္လ်က္ရွိေၾကာင္း သိရပါတယ္။ စပိန္သတင္းစာ AS က အဆိုပါစာရင္းကို ျပဳစုခဲ့တာျဖစ္ၿပီး ကစားသမားတစ္ဦးခ်င္းစီကို သူတုိ႔အသင္းေျပာင္းေရႊ႕သြားတိုင္း ေျပာင္းေရႊ႕ေၾကးေတြအားလုံးစုေပါင္းေဖာ္ျပခဲ့တာပါ။

Photo Credit ; Getty Images

ဒီစာရင္းမွာ ဘရာဇီးတုိက္စစ္မွဴးေနမာက ယူ႐ိုသန္း ၃၁၀ နဲ႔ ထိပ္ဆုံးကေန ဦးေဆာင္ေနၿပီး ကစားသမားဘ၀တစ္ေလွ်ာက္ ၃ႀကိမ္အသင္းေျပာင္းေရႊ႕ခဲ့ဖူးတဲ့ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုက ယူ႐ိုသန္း ၂၃၀ နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ သူတုိ႔ႏွစ္ဦးရဲ႕ေနာက္မွာေတာ့ ပူးတြဲတတိယအျဖစ္ ရပ္တည္ေနသူေတြကေတာ့ ရီးရဲလ္ကေန ေျပာင္းေရႊ႕လာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ မေအာင္မျမင္ျဖစ္ခဲ့ရတဲ့ တုိက္စစ္မွဴး မုိရာတာနဲ႔ ေတာင္ပံကစားသမား ဒီမာရီယာတို႔က ရပ္တည္ေနပါတယ္။

Photo Credit ; Getty Images

ကစားသမားဘ၀တစ္ေလွ်ာက္ အသင္းအမ်ားအျပားမွာ ေျပာင္းလဲကစားခဲ့တဲ့ အယ္လ္ေအဂလက္စီတုိက္စစ္မွဴး အီဘရာဟီမိုဗစ္က ယူ႐ို ၁၆၉သန္းနဲ႔ ပၪၥမေနရာမွာ ရပ္တည္ေနၿပီး ေကာ္တင္ညိဳ(ယူ႐ို ၁၆၁သန္း)၊ ဟီဂူအင္ (ယူ႐ို ၁၅၉သန္း)၊ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္(ယူ႐ိုသန္း ၁၄၀)၊ ဒမ္ဘီလီ(ယူ႐ိုသန္း၁၄၀)၊ လူကာကူ(ယူ႐ို ၁၃၈သန္း)တုိ႔က ထိပ္ဆုံး ၁၀ဦးစာရင္း၀င္ခဲ့ပါတယ္။

Photo Credit ; PA

စုစုေပါင္းေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားမ်ား
၁ – ေနမာ (ယူ႐ိုသန္း ၃၁၀)
၂ – ေရာ္နယ္ဒို (ယူ႐ိုသန္း ၂၃၀)
၃ – မိုရာတာ (ယူ႐ို ၁၇၉သန္း)
၃ – ဒီမာရီယာ (ယူ႐ို ၁၇၉သန္း)
၅ – မိုဗစ္ (ယူ႐ို ၁၆၉သန္း)
၆ – ေကာ္တင္ညိဳ(ယူ႐ို ၁၆၁သန္း)
၇ – ဟီဂူအင္ (ယူ႐ို ၁၅၉သန္း)
၈ – ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္(ယူ႐ိုသန္း ၁၄၀)
၉ – ဒမ္ဘီလီ(ယူ႐ိုသန္း၁၄၀)
၁၀ – လူကာကူ(ယူ႐ို ၁၃၈သန္း)
၁၁ – ဟာဇက္ (ယူ႐ို ၁၃၅သန္း)
၁၁ – ဘာေပ (ယူ႐ို ၁၃၅သန္း)
၁၃ – အနယ္လ္ကာ (ယူ႐ို ၁၂၇သန္း)
၁၃ – ယာအိုဖီးလစ္ (ယူ႐ို ၁၂၇သန္း)
၁၅ – ေပၚလင္ညိဳ (ယူ႐ို ၁၂၆သန္း)

Photo Credit ; PA

Unicode

စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံးစာရင်းမှာလည်း နေမာ ထိပ်ဆုံးရောက်

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာဟာ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံးကစားသမားစာရင်းမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်လျက်ရှိကြောင်း သိရပါတယ်။ စပိန်သတင်းစာ AS က အဆိုပါစာရင်းကို ပြုစုခဲ့တာဖြစ်ပြီး ကစားသမားတစ်ဦးချင်းစီကို သူတို့အသင်းပြောင်းရွှေ့သွားတိုင်း ပြောင်းရွှေ့ကြေးတွေအားလုံးစုပေါင်းဖော်ပြခဲ့တာပါ။
ဒီစာရင်းမှာ ဘရာဇီးတိုက်စစ်မှူးနေမာက ယူရိုသန်း ၃၁၀ နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ကစားသမားဘဝတစ်လျှောက် ၃ကြိမ်အသင်းပြောင်းရွှေ့ခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက ယူရိုသန်း ၂၃၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ သူတို့နှစ်ဦးရဲ့နောက်မှာတော့ ပူးတွဲတတိယအဖြစ် ရပ်တည်နေသူတွေကတော့ ရီးရဲလ်ကနေ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်မှာ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ တိုက်စစ်မှူး မိုရာတာနဲ့ တောင်ပံကစားသမား ဒီမာရီယာတို့က ရပ်တည်နေပါတယ်။
ကစားသမားဘဝတစ်လျှောက် အသင်းအများအပြားမှာ ပြောင်းလဲကစားခဲ့တဲ့ အယ်လ်အေဂလက်စီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ယူရို ၁၆၉သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပြီး ကော်တင်ညို(ယူရို ၁၆၁သန်း)၊ ဟီဂူအင် (ယူရို ၁၅၉သန်း)၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ယူရိုသန်း ၁၄၀)၊ ဒမ်ဘီလီ(ယူရိုသန်း၁၄၀)၊ လူကာကူ(ယူရို ၁၃၈သန်း)တို့က ထိပ်ဆုံး ၁၀ဦးစာရင်းဝင်ခဲ့ပါတယ်။
စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံးကစားသမားများ
၁ – နေမာ (ယူရိုသန်း ၃၁၀)
၂ – ရော်နယ်ဒို (ယူရိုသန်း ၂၃၀)
၃ – မိုရာတာ (ယူရို ၁၇၉သန်း)
၃ – ဒီမာရီယာ (ယူရို ၁၇၉သန်း)
၅ – မိုဗစ် (ယူရို ၁၆၉သန်း)
၆ – ကော်တင်ညို(ယူရို ၁၆၁သန်း)
၇ – ဟီဂူအင် (ယူရို ၁၅၉သန်း)
၈ – ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ယူရိုသန်း ၁၄၀)
၉ – ဒမ်ဘီလီ(ယူရိုသန်း၁၄၀)
၁၀ – လူကာကူ(ယူရို ၁၃၈သန်း)
၁၁ – ဟာဇက် (ယူရို ၁၃၅သန်း)
၁၁ – ဘာပေ (ယူရို ၁၃၅သန်း)
၁၃ – အနယ်လ်ကာ (ယူရို ၁၂၇သန်း)
၁၃ – ယာအိုဖီးလစ် (ယူရို ၁၂၇သန်း)
၁၅ – ပေါ်လင်ညို (ယူရို ၁၂၆သန်း)