
Photo Credit
Photo Credit
ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ကံမေကာင္းစြာနဲ႔ပဲ စီးရီးေအၿပိဳင္ပြဲသမုိင္းတစ္ေလွ်ာက္ ျပစ္ဒဏ္ေဘာကန္သြင္းမႈ ဒုတိယေျမာက္အဆုိးရြားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ရေၾကာင္း သိရပါတယ္။
Photo Credit ; AP
အီတလီသတင္းဌာန Ultimo Uomo ရဲ႕ေဖာ္ျပခ်က္အရ အသက္ ၃၄ႏွစ္အရြယ္ရွိ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ျပစ္ဒဏ္ေဘာကေန ဂိုးရဖုိ႔ ၁၈ႀကိမ္အထိႀကိဳးစားခ့ဲရာမွာ တစ္ႀကိမ္မွမဂုိးခဲ့ေၾကာင္း သိရပါတယ္။
Photo Credit
စီးရီးေအသမုိင္းမွာ ျပစ္ဒဏ္ေဘာကန္သြင္းမႈနဲ႔ပတ္သက္လုိ႔ ေရာ္နယ္ဒုိထက္ ပိုဆိုးသူက စီယာႏိုျဖစ္ၿပီး သူဟာ ၿပီးခဲ့တ့ဲရာသီက ဖီအိုရင္တီးနားအသင္းမွာ ကစားစဥ္ ျပစ္ဒဏ္ေဘာ ၂၁ႀကိမ္အထိ ကန္သြင္းခဲ့ေပမယ့္ တစ္ဂိုးမွမရခဲ့ပါဘူး။
Photo Credit
ယူႏုိက္တက္နဲ႔ ရီးရဲလ္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒုိဟာ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ သူကန္သြင္းခဲ့တ့ဲျပစ္ဒဏ္ေဘာမွတ္တမ္းကိုပါ ထည့္ေပါင္းတြက္ရင္ သူ႕စံခ်ိန္က အခုထက္ေတာင္ ပိုဆုိးသြားႏိုင္ပါတယ္။
Photo Credit
ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကစားသမားအျဖစ္ စုစုေပါင္းျပစ္ဒဏ္ေဘာ ၂၄ ႀကိမ္အထိ ကန္သြင္းခဲ့ရာ ၁၅ႀကိမ္က လူတံတုိင္းထိသြားသလုိ ၂ႀကိမ္က ဂိုးေပါက္နဲ႔လြဲေခ်ာ္ခဲ့သလုိ က်န္ ၇ႀကိမ္ကိုလည္း ဂိုးသမားေတြ ကာကြယ္ႏိုင္ခဲ့ပါတယ္။
Photo Credit ; Getty Images
ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ ပယန္နစ္က ျပစ္ဒဏ္ေဘာကန္သြင္းရာမွာ ေရာ္နယ္ဒိုထက္ စံခ်ိန္ပုိေကာင္းေနၿပီး ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေနာက္ဆုံး ၆ႀကိမ္ ျပစ္ဒဏ္ေဘာကန္သြင္းခဲ့ရမွာ ၁ဂိုးရရွိခဲ့ပါတယ္။
Photo Credit
Unicode
စီးရီးအေသမိုင်းတစ်လျှောက် ဒုတိယမြောက်ပြစ်ဒဏ်ဘောကန်သွင်းမှုအဆိုးရွားဆုံးအဖြစ် ရော်နယ်ဒို မှတ်တမ်းဝင်သွား
ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကံမကောင်းစွာနဲ့ပဲ စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ပြစ်ဒဏ်ဘောကန်သွင်းမှု ဒုတိယမြောက်အဆိုးရွားဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ရကြောင်း သိရပါတယ်။
အီတလီသတင်းဌာန Ultimo Uomo ရဲ့ဖော်ပြချက်အရ အသက် ၃၄နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ပြစ်ဒဏ်ဘောကနေ ဂိုးရဖို့ ၁၈ကြိမ်အထိကြိုးစားခဲ့ရာမှာ တစ်ကြိမ်မှမဂိုးခဲ့ကြောင်း သိရပါတယ်။
စီးရီးအေသမိုင်းမှာ ပြစ်ဒဏ်ဘောကန်သွင်းမှုနဲ့ပတ်သက်လို့ ရော်နယ်ဒိုထက် ပိုဆိုးသူက စီယာနိုဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ရာသီက ဖီအိုရင်တီးနားအသင်းမှာ ကစားစဉ် ပြစ်ဒဏ်ဘော ၂၁ကြိမ်အထိ ကန်သွင်းခဲ့ပေမယ့် တစ်ဂိုးမှမရခဲ့ပါဘူး။
ယူနိုက်တက်နဲ့ ရီးရဲလ်ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် သူကန်သွင်းခဲ့တဲ့ပြစ်ဒဏ်ဘောမှတ်တမ်းကိုပါ ထည့်ပေါင်းတွက်ရင် သူ့စံချိန်က အခုထက်တောင် ပိုဆိုးသွားနိုင်ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားအဖြစ် စုစုပေါင်းပြစ်ဒဏ်ဘော ၂၄ ကြိမ်အထိ ကန်သွင်းခဲ့ရာ ၁၅ကြိမ်က လူတံတိုင်းထိသွားသလို ၂ကြိမ်က ဂိုးပေါက်နဲ့လွဲချော်ခဲ့သလို ကျန် ၇ကြိမ်ကိုလည်း ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်ကွင်းလယ်လူ ပယန်နစ်က ပြစ်ဒဏ်ဘောကန်သွင်းရာမှာ ရော်နယ်ဒိုထက် စံချိန်ပိုကောင်းနေပြီး ဂျူဗင်တပ်စ်အသင်းအတွက် နောက်ဆုံး ၆ကြိမ် ပြစ်ဒဏ်ဘောကန်သွင်းခဲ့ရမှာ ၁ဂိုးရရှိခဲ့ပါတယ်။