စီးရီးေအရဲ႕လုပ္ခလစာအမ်ားဆုံးရသူအျဖစ္ ေရာ္နယ္ဒို သက္ေသာင့္သက္သာရပ္တည္

Photo Credit ; Getty Images

Photo Credit

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ စီးရီးေအမွာ လုပ္ခလစာအမ်ားဆုံးရရွိသူအျဖစ္ သူ႕ေနာက္က ဒုတိယအမ်ားဆုံးရရွိသူထက္ ၃ဆနီးပါးအသာနဲ႔ ရပ္တည္ႏိုင္ခဲ့ၿပီး အီတလီေဘာလုံးေလာကရဲ႕လစာအမ်ားဆုံးရကစားသမားအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit

Gazzetta dello Sport သတင္းစာက ထုတ္ျပန္ခဲ့တဲ့အခ်က္အလက္ေတြအရ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၃၁ သန္းအထိရရွိေနရာ သူ႕ေနာက္မွာ ဒုတိယအမ်ားဆုံးရရွိသူအျဖစ္ ရပ္တည္ေနတဲ့ဂ်ဴဗင္တပ္စ္အသင္းေဖာ္ ဒီလစ္ဂ်္ထက္ ယူ႐ို ၂၃သန္းအထိ ပိုမ်ားေနပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက ေအဂ်က္စ္အသင္းကေန ေရာက္ရွိလာတဲ့ဒီလစ္ဂ်္က တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၈သန္းနဲ႔ အပိုဆုေၾကး ယူ႐ို ၄သန္းရရွိေနတယ္လုိ႔ သိရပါတယ္။

Photo Credit

တတိယေနရာမွာလည္း အီတလီေဘာလုံးကို ဒီရာသီမွ ေရာက္ရွိလာသူက ရပ္တည္ေနၿပီး အင္တာမီလန္တုိက္စစ္မွဴး လူကာကူက တစ္ႏွစ္လုပ္ခ ယူ႐ို ၇.၅ သန္းနဲ႔ အပိုဆုေၾကး ယူ႐ို ၁.၅သန္းရရွိေနပါတယ္။ ၂၀၁၈ ခုႏွစ္က ေရာ္နယ္ဒိုရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဟီဂူအင္ကေတာ့ ဒီႏွစ္မွာ စတုတၳေနရာအထိ က်ဆင္းသြားၿပီး ေနာက္ထပ္ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးျဖစ္တဲ့ ဒီဘားလားက ယူ႐ို ၇.၃သန္းနဲ႔ ပၪၥမေနရာမွာ ရပ္တည္ေနပါတယ္။

Photo Credit

Gazzetta dello Sport သတင္းစာရဲ႕ေဖာ္ျပခ်က္အရ လက္ရွိစီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းဟာ ကစားသမားေတြရဲ႕လုပ္ခလစာအျဖစ္ တစ္ႏွစ္မွာ ယူ႐ို ၂၉၄ သန္းအထိ ေပးေခ်ေနရၿပီး လစာအမ်ားဆုံးရကစားသမား ၈ဦးစာရင္းမွာ ဂ်ဴဗင္တပ္စ္အသင္းသား ၇ဦးအထိ ပါ၀င္ေနပါတယ္။

Photo Credit

အဲဒီမွာ အာဆင္နယ္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာတဲ့ ကြင္းလယ္လူရမ္ေဆးလည္း ပါ၀င္ေနၿပီး ေ၀းလ္လက္ေရြးစင္ဟာ ၂၀၂၃ အထိ စာခ်ဳပ္အရ တစ္ႏွစ္လုပ္ခယူ႐ို ၇သန္းအထိရရွိေနပါတယ္။

Photo Credit

ဂ်ဴဗင္တပ္စ္ဟာ စီးရီးေအခ်န္ပီယံဆုကို ၈ႏွစ္ဆက္ရရွိထားၿပီး ယခုရာသီမွာလည္း ပါးမားနဲ႔ နာပိုလီတို႔ကို ဆက္တိုက္အႏုိင္ယူကာ ၉ႀကိမ္ဆက္ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ ဒါေပမဲ့ အင္တာမီလန္ကလည္း နည္းျပသစ္ကြန္တီရဲ႕ဦးေဆာင္မႈေအာက္မွာ လူကာကူ၊ ဆန္းခ်က္ဇ္နဲ႔ ဂိုဒင္တို႔ကို ေခၚယူကာ ဂ်ဴဗင္တပ္စ္ကို ဖိအားေပးဖို႔ ႀကိဳးစားေနပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ France Football က ထုတ္ျပန္ခဲ့တ့ဲစစ္တမ္းေတြအရ ၂၀၁၉ မွာ ၀င္ေငြအမ်ားဆုံးရရွိတဲ့ကစားသမားေတြအနက္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး လစာ၊ အပိုဆုေၾကးနဲ႔ ေၾကာ္ျငာ၀င္ေငြေတြပါ၀င္တဲ့အဲဒီစာရင္းမွာ မက္ဆီက တစ္ႏွစ္ယူ႐ိုသန္း ၁၃၀ အထိရရွိေနကာ ေရာ္နယ္ဒိုကေတာ့ ယူ႐ို ၁၁၃သန္းရရွိေနတယ္လုိ႔သိရပါတယ္။

Photo Credit ; Getty Images

Unicode

စီးရီးအေရဲ့လုပ်ခလစာအများဆုံးရသူအဖြစ် ရော်နယ်ဒို သက်သောင့်သက်သာရပ်တည်

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ စီးရီးအေမှာ လုပ်ခလစာအများဆုံးရရှိသူအဖြစ် သူ့နောက်က ဒုတိယအများဆုံးရရှိသူထက် ၃ဆနီးပါးအသာနဲ့ ရပ်တည်နိုင်ခဲ့ပြီး အီတလီဘောလုံးလောကရဲ့လစာအများဆုံးရကစားသမားအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
Gazzetta dello Sport သတင်းစာက ထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေအရ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ တစ်နှစ်လုပ်ခလစာ ယူရို ၃၁ သန်းအထိရရှိနေရာ သူ့နောက်မှာ ဒုတိယအများဆုံးရရှိသူအဖြစ် ရပ်တည်နေတဲ့ဂျူဗင်တပ်စ်အသင်းဖော် ဒီလစ်ဂျ်ထက် ယူရို ၂၃သန်းအထိ ပိုများနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီက အေဂျက်စ်အသင်းကနေ ရောက်ရှိလာတဲ့ဒီလစ်ဂျ်က တစ်နှစ်လုပ်ခလစာ ယူရို ၈သန်းနဲ့ အပိုဆုကြေး ယူရို ၄သန်းရရှိနေတယ်လို့ သိရပါတယ်။
တတိယနေရာမှာလည်း အီတလီဘောလုံးကို ဒီရာသီမှ ရောက်ရှိလာသူက ရပ်တည်နေပြီး အင်တာမီလန်တိုက်စစ်မှူး လူကာကူက တစ်နှစ်လုပ်ခ ယူရို ၇.၅ သန်းနဲ့ အပိုဆုကြေး ယူရို ၁.၅သန်းရရှိနေပါတယ်။ ၂၀၁၈ ခုနှစ်က ရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင်ကတော့ ဒီနှစ်မှာ စတုတ္ထနေရာအထိ ကျဆင်းသွားပြီး နောက်ထပ်ဂျူဗင်တပ်စ်တိုက်စစ်မှူးဖြစ်တဲ့ ဒီဘားလားက ယူရို ၇.၃သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။
Gazzetta dello Sport သတင်းစာရဲ့ဖော်ပြချက်အရ လက်ရှိစီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားတွေရဲ့လုပ်ခလစာအဖြစ် တစ်နှစ်မှာ ယူရို ၂၉၄ သန်းအထိ ပေးချေနေရပြီး လစာအများဆုံးရကစားသမား ၈ဦးစာရင်းမှာ ဂျူဗင်တပ်စ်အသင်းသား ၇ဦးအထိ ပါဝင်နေပါတယ်။
အဲဒီမှာ အာဆင်နယ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ကွင်းလယ်လူရမ်ဆေးလည်း ပါဝင်နေပြီး ဝေးလ်လက်ရွေးစင်ဟာ ၂၀၂၃ အထိ စာချုပ်အရ တစ်နှစ်လုပ်ခယူရို ၇သန်းအထိရရှိနေပါတယ်။
ဂျူဗင်တပ်စ်ဟာ စီးရီးအေချန်ပီယံဆုကို ၈နှစ်ဆက်ရရှိထားပြီး ယခုရာသီမှာလည်း ပါးမားနဲ့ နာပိုလီတို့ကို ဆက်တိုက်အနိုင်ယူကာ ၉ကြိမ်ဆက်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ အင်တာမီလန်ကလည်း နည်းပြသစ်ကွန်တီရဲ့ဦးဆောင်မှုအောက်မှာ လူကာကူ၊ ဆန်းချက်ဇ်နဲ့ ဂိုဒင်တို့ကို ခေါ်ယူကာ ဂျူဗင်တပ်စ်ကို ဖိအားပေးဖို့ ကြိုးစားနေပါတယ်။
ရော်နယ်ဒိုဟာ France Football က ထုတ်ပြန်ခဲ့တဲ့စစ်တမ်းတွေအရ ၂၀၁၉ မှာ ဝင်ငွေအများဆုံးရရှိတဲ့ကစားသမားတွေအနက် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး လစာ၊ အပိုဆုကြေးနဲ့ ကြော်ငြာဝင်ငွေတွေပါဝင်တဲ့အဲဒီစာရင်းမှာ မက်ဆီက တစ်နှစ်ယူရိုသန်း ၁၃၀ အထိရရှိနေကာ ရော်နယ်ဒိုကတော့ ယူရို ၁၁၃သန်းရရှိနေတယ်လို့သိရပါတယ်။