စီးရီးအေရဲ့တန်ဖိုးအများဆုံးအဖြစ် စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး လူကာကူရပ်တည်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ်ရပ်တည်နေဆဲဖြစ်ပေမယ့် စီးရီးအေပြိုင်ပွဲမှာတော့ တန်ဖိုးအများဆုံးကစားသမားဂုဏ်ပုဒ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးယူနိုင်ခဲ့တဲ့ ကစားသမားကတော့ ဒီရာသီမှာ အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေသူ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူပဲဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူသွင်းဂိုးတွေနဲ့အတူ ဒီရာသီစီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းကို (၁၀)မှတ်အထိဖြတ်ထားနိုင်သလို ၂၀၀၉-၁၀ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ စီးရီးအေချန်ပီယံကို ပြန်လည်ရယူဖို့အခြေအနေကောင်းနေပါပြီ။

၂၀၁၉၊ နွေရာသီက မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့ခဲ့သူ လူကာကူဟာ အင်တာမီလန်အသင်းအတွက် (၈၅)ပွဲကစား၊ (၅၉)ဂိုးသွင်းယူထားပြီး အဲဒီသွင်းဂိုးတွေထဲက (၂၅)ဂိုးဟာ ဒီရာသီမှာသွင်းယူခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုကတော့ ၂၀၁၉ခုနှစ်ကနေ လက်ရှိအချိန်အထိရေတွက်ရင် ဂျူဗင်တပ်စ်အသင်းအတွက် (၆၉)ပွဲကစား၊ (၆၇)ဂိုးသွင်းထားပြီး ဒီရာသီမှာ ဂိုး(၃၀)သွင်းယူထားတာဖြစ်ပါတယ်။

ဘောလုံးကဏ္ဍနဲ့ပတ်သက်တဲ့ စာရင်းအချက်အလက်တွေကို ထုတ်ပြန်ကြေညာလေ့ရှိတဲ့ KPMG Football Benchmark က ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအများဆုံးကစားသမားစာရင်းအရ လူကာကူရဲ့တန်ဖိုးက ယူရို(၁၀၄.၆)သန်းအထိရှိနေပြီး အဆင့်(၁၃)သာရခဲ့ပေမယ့် စီးရီးအေပြိုင်ပွဲမှာတော့ နံပါတ်(၁)နေရာချိတ်နိုင်ခဲ့တာပါ။

လူကာကူပြီးရင် စီးရီးအေပြိုင်ပွဲရဲ့ ဒုတိယတန်ဖိုးအများဆုံးကစားသမားက ဂျူဗင်တပ်စ်နောက်ခံလူ ဒီလိဂ်ဖြစ်ပြီး သူ့တန်ဖိုးက ယူရို(၈၈.၅)သန်းအထိရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးမာတီနက်ဇ်၊ နောက်ခံလူ ဟာကီမီတို့ရဲ့တန်ဖိုးကလည်း စီရော်နယ်လ်ဒိုထက် ပိုများခဲ့ပြီး စီရော်နယ်လ်ဒိုက ယူရို(၆၃.၉)သန်းနဲ့ စီးရီးအေပြိုင်ပွဲတန်ဖိုးအများဆုံးကစားသမားစာရင်းမှာ အဆင့်(၆)သာရရှိခဲ့ပါတယ်။

KPMG Football Benchmark က ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာရခဲ့တာက PSG အသင်းရဲ့ ပြင်သစ်ကြယ်ပွင့်ကစားသမား ဘာပေဖြစ်ပြီး ယူရို(၁၈၅)သန်းအထိ တန်ကြေးရှိနေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီးရီးေအရဲ႕တန္ဖိုးအမ်ားဆုံးအျဖစ္ စီေရာ္နယ္လ္ဒိုကို ေက်ာ္ျဖတ္ၿပီး လူကာကူရပ္တည္

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္အျဖစ္ရပ္တည္ေနဆဲျဖစ္ေပမယ့္ စီးရီးေအၿပိဳင္ပြဲမွာေတာ့ တန္ဖိုးအမ်ားဆုံးကစားသမားဂုဏ္ပုဒ္ကို ဆုံးရႈံးလိုက္ရၿပီျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုရဲ႕ေနရာကို အစားထိုးယူႏိုင္ခဲ့တဲ့ ကစားသမားကေတာ့ ဒီရာသီမွာ အင္တာမီလန္အသင္းအတြက္ ေျခစြမ္းျပကစားေနသူ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူပဲျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ လူကာကူသြင္းဂိုးေတြနဲ႔အတူ ဒီရာသီစီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနၿပီး စီေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္အသင္းကို (၁၀)မွတ္အထိျဖတ္ထားႏိုင္သလို ၂၀၀၉-၁၀ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံကို ျပန္လည္ရယူဖို႔အေျခအေနေကာင္းေနပါၿပီ။

၂၀၁၉၊ ေႏြရာသီက မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ေျပာင္းေ႐ႊ႕ခဲ့သူ လူကာကူဟာ အင္တာမီလန္အသင္းအတြက္ (၈၅)ပြဲကစား၊ (၅၉)ဂိုးသြင္းယူထားၿပီး အဲဒီသြင္းဂိုးေတြထဲက (၂၅)ဂိုးဟာ ဒီရာသီမွာသြင္းယူခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုကေတာ့ ၂၀၁၉ခုႏွစ္ကေန လက္ရွိအခ်ိန္အထိေရတြက္ရင္ ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၆၉)ပြဲကစား၊ (၆၇)ဂိုးသြင္းထားၿပီး ဒီရာသီမွာ ဂိုး(၃၀)သြင္းယူထားတာျဖစ္ပါတယ္။ ေဘာလုံးက႑နဲ႔ပတ္သက္တဲ့ စာရင္းအခ်က္အလက္ေတြကို ထုတ္ျပန္ေၾကညာေလ့ရွိတဲ့ KPMG Football Benchmark က ထုတ္ျပန္တဲ့ ကမာၻ႔တန္ဖိုးအမ်ားဆုံးကစားသမားစာရင္းအရ လူကာကူရဲ႕တန္ဖိုးက ယူ႐ို(၁၀၄.၆)သန္းအထိရွိေနၿပီး အဆင့္(၁၃)သာရခဲ့ေပမယ့္ စီးရီးေအၿပိဳင္ပြဲမွာေတာ့ နံပါတ္(၁)ေနရာခ်ိတ္ႏိုင္ခဲ့တာပါ။ လူကာကူၿပီးရင္ စီးရီးေအၿပိဳင္ပြဲရဲ႕ ဒုတိယတန္ဖိုးအမ်ားဆုံးကစားသမားက ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ဒီလိဂ္ျဖစ္ၿပီး သူ႔တန္ဖိုးက ယူ႐ို(၈၈.၅)သန္းအထိရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အင္တာမီလန္အသင္းကစားသမားေတြျဖစ္တဲ့ တိုက္စစ္မႉးမာတီနက္ဇ္၊ ေနာက္ခံလူ ဟာကီမီတို႔ရဲ႕တန္ဖိုးကလည္း စီေရာ္နယ္လ္ဒိုထက္ ပိုမ်ားခဲ့ၿပီး စီေရာ္နယ္လ္ဒိုက ယူ႐ို(၆၃.၉)သန္းနဲ႔ စီးရီးေအၿပိဳင္ပြဲတန္ဖိုးအမ်ားဆုံးကစားသမားစာရင္းမွာ အဆင့္(၆)သာရရွိခဲ့ပါတယ္။ KPMG Football Benchmark က ထုတ္ျပန္တဲ့ ကမာၻ႔တန္ဖိုးအမ်ားဆုံးကစားသမားစာရင္းမွာ ထိပ္ဆုံးေနရာရခဲ့တာက PSG အသင္းရဲ႕ ျပင္သစ္ၾကယ္ပြင့္ကစားသမား ဘာေပျဖစ္ၿပီး ယူ႐ို(၁၈၅)သန္းအထိ တန္ေၾကးရွိေနတာလည္းျဖစ္ပါတယ္။