စီးရီးအေမှာ ပထမအကြိမ်စတင်ချီးမြှင့်တဲ့အကောင်းဆုံးဆုကို ပထမဆုံးရယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ စီးရီးအေပြိုင်ပွဲမှာ ပထမဆုံးအကြိမ်စတင်ချီးမြှင့်တဲ့ Paolo Rossi Award ဆုကို ပထမဆုံးရယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ဒီဆုဟာ စီးရီးအေပြိုင်ပွဲရဲ့တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားကို ချီးမြှင့်တာဖြစ်တာကြောင့် မနှစ်က (၂၉)ဂိုးသွင်းယူပြီး သွင်းဂိုးအများဆုံးဖြစ်ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ဆုရဖို့သေချာသွားခဲ့တာပါ။

အရင်က စီးရီးအေပြိုင်ပွဲသွင်းဂိုးအများဆုံးဆုကို Capocannoniere လို့အမည်သတ်မှတ်ခဲ့ပေမယ့် အီတလီဘောလုံးအဖွဲ့ချုပ်(AIC)က ကွယ်လွန်သွားပြီဖြစ်တဲ့

အီတလီဂန္ထဝင်တိုက်စစ်မှူးကြီးပေါ်လိုရော့စီအတွက် အောက်မေ့စရာအထိမ်းအမှတ်အဖြစ် အခုနှစ်ကစပြီး Paolo Rossi Award အဖြစ် နာမည်ပြောင်းလဲချီးမြှင့်သွားမှာဖြစ်ပါတယ်။

အီတလီနဲ့ဂျူဗင်တပ်စ်ဂန္ထဝင်ပေါ်လိုရော့စီဟာ ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းဗိုလ်စွဲနိုင်အောင် သွင်းဂိုးတွေနဲ့ကူညီပေးခဲ့သလို ၁၉၈၂ Ballon d’Or ဆုရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအတွက်လည်း (၁၃၇)ပွဲကစား၊ (၄၃)ဂိုးသွင်းယူခဲ့ပါတယ်။

၂၀၂၀၊ ဒီဇင်ဘာလတုန်းက အသက်(၆၄)နှစ်အရွယ်မှာကွယ်လွန်ခဲ့သူ ပေါ်လိုရော့စီရဲ့ ဘောလုံးသမားဘဝတစ်လျှောက် စွမ်းဆောင်ရည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်က စီးရီးအေသွင်းဂိုးအများဆုံးဆုကို Paolo Rossi Award အဖြစ် ပြောင်းလဲချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ပထမဆုံးအကြိမ်နာမည်သစ်နဲ့စတင်ချီးမြှင့်တဲ့ Paolo Rossi Award ကို ပထမဆုံးရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တာက ဂုဏ်ယူစရာဖြစ်ခဲ့ပြီး စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘဝ(၃)ရာသီအတွင်း စီးရီးအေ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ပထမဆုံးရပ်တည်နိုင်ခဲ့ပါ။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူစီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ကိုပါအီတာလီယာဖလားတစ်လုံးသာရယူနိုင်ခဲ့ပေမယ့် ထိပ်တန်းအဆင့်ခြေစွမ်းမျိုပြနိုင်ခဲ့သလို စီးရီးအေမှာ (၂၉)ဂိုး၊ ပြိုင်ပွဲစုံမှာတော့ (၄၄)ပွဲကစား၊ (၃၆)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီးရီးေအမွာ ပထမအႀကိမ္စတင္ခ်ီးျမႇင့္တဲ့အေကာင္းဆုံးဆုကို ပထမဆုံးရယူႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒို

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ စီးရီးေအၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္စတင္ခ်ီးျမႇင့္တဲ့ Paolo Rossi Award ဆုကို ပထမဆုံးရယူႏိုင္ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။ ဒီဆုဟာ စီးရီးေအၿပိဳင္ပြဲရဲ႕တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးကစားသမားကို ခ်ီးျမႇင့္တာျဖစ္တာေၾကာင့္ မႏွစ္က (၂၉)ဂိုးသြင္းယူၿပီး သြင္းဂိုးအမ်ားဆုံးျဖစ္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ ဆုရဖို႔ေသခ်ာသြားခဲ့တာပါ။

အရင္က စီးရီးေအၿပိဳင္ပြဲသြင္းဂိုးအမ်ားဆုံးဆုကို Capocannoniere လို႔အမည္သတ္မွတ္ခဲ့ေပမယ့္ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္(AIC)က ကြယ္လြန္သြားၿပီျဖစ္တဲ့ အီတလီဂႏၴဝင္တိုက္စစ္မႉးႀကီးေပၚလိုေရာ့စီအတြက္ ေအာက္ေမ့စရာအထိမ္းအမွတ္အျဖစ္ အခုႏွစ္ကစၿပီး Paolo Rossi Award အျဖစ္ နာမည္ေျပာင္းလဲခ်ီးျမႇင့္သြားမွာျဖစ္ပါတယ္။ အီတလီနဲ႔ဂ်ဴဗင္တပ္စ္ဂႏၴဝင္ေပၚလိုေရာ့စီဟာ ၁၉၈၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အီတလီအသင္းဗိုလ္စြဲႏိုင္ေအာင္ သြင္းဂိုးေတြနဲ႔ကူညီေပးခဲ့သလို ၁၉၈၂ Ballon d’Or ဆုရရွိခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းအတြက္လည္း (၁၃၇)ပြဲကစား၊ (၄၃)ဂိုးသြင္းယူခဲ့ပါတယ္။

၂၀၂၀၊ ဒီဇင္ဘာလတုန္းက အသက္(၆၄)ႏွစ္အ႐ြယ္မွာကြယ္လြန္ခဲ့သူ ေပၚလိုေရာ့စီရဲ႕ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ စြမ္းေဆာင္ရည္ေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က စီးရီးေအသြင္းဂိုးအမ်ားဆုံးဆုကို Paolo Rossi Award အျဖစ္ ေျပာင္းလဲခ်ီးျမႇင့္သြားမွာလည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုအေနနဲ႔ ပထမဆုံးအႀကိမ္နာမည္သစ္နဲ႔စတင္ခ်ီးျမႇင့္တဲ့ Paolo Rossi Award ကို ပထမဆုံးရရွိခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့တာက ဂုဏ္ယူစရာျဖစ္ခဲ့ၿပီး စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝ(၃)ရာသီအတြင္း စီးရီးေအ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ပထမဆုံးရပ္တည္ႏိုင္ခဲ့ပါ။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူစီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အသင္းအတြက္ ကိုပါအီတာလီယာဖလားတစ္လုံးသာရယူႏိုင္ခဲ့ေပမယ့္ ထိပ္တန္းအဆင့္ေျခစြမ္းမ်ိဳျပႏိုင္ခဲ့သလို စီးရီးေအမွာ (၂၉)ဂိုး၊ ၿပိဳင္ပြဲစုံမွာေတာ့ (၄၄)ပြဲကစား၊ (၃၆)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။