စီးရီးအေပြိုင်ပွဲကို အချိန်အတိုင်းအတာမရှိ ရွှေ့ဆိုင်းလိုက်ပြီလို့ အီတလီဝန်းကြီးချုပ်ကြေညာ

photo-gettyimages

photo-gettyimages

စီးရီးအေပြိုင်ပွဲအပါအဝင် အားကစားပွဲအားလုံးကို အချိန်အတိုင်းအတာမရှိရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း အီတလီဝန်ကြီးချုပ်ဂူဆက်ပီကွန်တီက ရုပ်သံကနေ ကြေညာလိုက်ပါတယ်။ အဲဒီလိုရွှေ့ဆိုင်းမှုဟာ အင်္ဂါနေ့(ဒီကနေ့)ကနေ စတင်သက်ရောက်မယ်လို့ အီတလီဝန်ကြီးချုပ်က ကြေညာခဲ့တာပါ။ အဲဒီအစောပိုင်းကလည်း အီတလီအိုလံပစ်ကော်မတီက နိုင်ငံတွင်းမှာရှိတဲ့ အားကစားပွဲတွေအားလုံးကို ဧပြီလ ၃ ရက်နေ့ထိတိုင်အောင် ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

photo-gettyimages

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အဆိုးဆုံးကြုံတွေ့နေရတဲ့ ဥရောပနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိကာ အဲဒီကနေ လူပေါင်း ၄၅၀ ကျော်သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ စီးရီးအေမှာ နောက်ဆုံးကစားသွားခဲ့တဲ့ပွဲက မနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ ဆက်ဆူအိုလိုနဲ့ ဘရက်စီယာတို့ရဲ့ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ စီးရီးအေပွဲတွေအားလုံးကိုလည်း ပရိသတ်မပါဘဲ ကွင်းတံခါးပိတ်ကစားစေခဲ့ကာ အဲဒီထဲမှာ ဂျူဗင်တပ်နဲ့အင်တာမီလန်တို့ရဲ့စီးရီးအေပွဲကြီးပွဲကောင်းလည်း ပါဝင်ပါတယ်။

photo-AP

ဒါဟာ အီတလီအသင်းတွေယှဉ်ပြိုင်နေတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ လောလောဆယ်တော့ ရိုးမားနဲ့ဆီဗီလာတို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို တံခါးပိတ်ကစားစေမယ်လို့ အတည်ပြုထားပါတယ်။ ချန်ပီယံလိဂ်မှာ နာပိုလီနဲ့ အတ္တလန္တာတို့ယှဉ်ပြိုင်နေကြပြီး ယူရိုပါလိဂ်မှာ ရိုးမားအပြင် အင်တာလည်း ပါဝင်ယှဉ်ပြိုင်နေတာပါ။

[Zawgyi]

စီးရီးေအၿပိဳင္ပြဲကို အခ်ိန္အတုိင္းအတာမရွိ ေရႊ႕ဆုိင္းလုိက္ၿပီလို႔ အီတလီ၀န္းႀကီးခ်ဳပ္ေၾကညာ

စီးရီးေအၿပိဳင္ပြဲအပါအ၀င္ အားကစားပြဲအားလုံးကုိ အခ်ိန္အတိုင္းအတာမရွိေရႊ႕ဆိုငး္လုိက္ၿပီျဖစ္ေၾကာင္း အီတလီ၀န္ႀကီးခ်ဳပ္ဂူဆက္ပီကြန္တီက ရုပ္သံကေန ေၾကညာလုိက္ပါတယ္။ အဲဒီလိုေရႊ႕ဆိုင္းမႈဟာ အဂၤါေန႔(ဒီကေန႔)ကေန စတင္သက္ေရာက္မယ္လုိ႔ အီတလီ၀န္ႀကီးခ်ဳပ္က ေၾကညာခဲ့တာပါ။ အဲဒီအေစာပိုင္းကလည္း အီတလီအိုလံပစ္ေကာ္မတီက ႏိုင္ငံတြငး္မွာရွိတဲ့ အားကစားပြဲေတြအားလုံးကို ဧၿပီလ ၃ ရက္ေန႔ထိတိုင္ေအာင္ ရပ္ဆိုင္းသြားမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

အီတလီဟာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ အဆုိုးဆုံးႀကဳံေတြ႕ေနရတဲ့ ဥေရာပႏိုင္ငံျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ကူးစက္ခံရသူ ၇၀၀၀ ေက်ာ္ရွိကာ အဲဒီကေန လူေပါင္း ၄၅၀ ေက်ာ္ေသဆုံးခဲ့ရၿပီ ျဖစ္ပါတယ္။ စီးရီးေအမွာ ေနာက္ဆုံးကစားသြားခဲ့တဲ့ပြဲက မေန႔ညက ယွဥ္ၿပိဳင္သြားခဲ့တဲ့ ဆက္ဆူအိုလိုနဲ႔ ဘရက္စီယာတုိ႔ရဲ႕ပြဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြမွာ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ စီးရီးေအပြဲေတြအားလုံးကိုလည္း ပရိသတ္မပါဘဲ ကြငး္တံခါးပိတ္ကစားေစခဲ့ကာ အဲဒီထဲမွာ ဂ်ဴဗင္တပ္နဲ႔အင္တာမီလန္တို႔ရဲ႕စီးရီးေအပြဲႀကီးပြဲေကာင္းလည္း ပါ၀င္ပါတယ္။

ဒါဟာ အီတလီအသင္းေတြယွဥ္ၿပိဳင္ေနတဲ့ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ပြဲစဥ္ေတြအေပၚ ဘယ္လိုသက္ေရာက္ႏိုင္မလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။ ေလာေလာဆယ္ေတာ့ ရိုးမားနဲ႔ဆီဗီလာတို႔ရဲ႕ယူရိုပါလိဂ္ပြဲစဥ္ကို တံခါးပိတ္ကစားေစမယ္လုိ႔ အတည္ျပဳထားပါတယ္။ ခ်န္ပီယံလိဂ္မွာ နာပုိလီနဲ႔ အတၱလႏၱာတို႔ယွဥ္ၿပိဳင္ေနၾကၿပီး ယူရိုပါလိဂ္မွာ ရိုးမားအျပင္ အင္တာလည္း ပါ၀င္ယွဥ္ၿပိဳင္ေနတာပါ။