စီးရီးအေကလပ်တွေနဲ့ အဝေးကွင်းနောက်ဆုံး(၆)ကြိမ်ဆုံတွေ့တာမှာ (၄)ပွဲအထိအနိုင်ရခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်စတုတ္ထမြောက်ပွဲအဖြစ် အတ္တလန်တာအသင်းနဲ့အဝေးကွင်းပွဲစဉ်အဖြစ် ဒီညမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အုပ်စုအဖွင့်ပွဲတုန်းက ယန်းဘွိုင်းစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ရုန်းကန်ခဲ့ရပေမယ့် ဗီလာရီးယဲလ်၊

အတ္တလန်တာတို့နဲ့ အိမ်ကွင်းနှစ်ပွဲဆက်မှာ ခက်ခက်ခဲခဲကစားပြီးမှနိုင်ပွဲတွေရယူခဲ့တာကြောင့် (၃)ပွဲကစား(၆)မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေပါတယ်။

အတ္တလန်တာအသင်းကတော့ (၃)ပွဲကစားပြီးချိန်မှာ (၄)မှတ်သာရရှိထားပြီး ဗီလာရီးယဲလ်နဲ့အမှတ်တူနေတာကြောင့် အုပ်စုကတက်ဖို့ဆိုရင် လက်ကျန်ပွဲတွေမှာ အမှားလုပ်လို့မရတော့ပါဘူး။

ပထမအကျော့အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းက အတ္တလန်တာအသင်းဟာ ပါဆယ်လစ်၊ ဒါမီယဲလ်တို့နဲ့ဂိုးတွေနဲ့

ပထမပိုင်းမှာ(၂)ဂိုးပြတ်ဦးဆောင်ခဲ့ပြီးမှ ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ဂိုးတွေပြန်ပေးခဲ့ရတဲ့အတွက် သရေတစ်မှတ်တောင်မရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်၊ ရှုံးထွက်(၁၆)သင်းအဆင့်တွေတက်ရောက်ပြီးခြေစွမ်းပြခဲ့တဲ့

ဂတ်စ်ပါရီနီရဲ့အတ္တလန်တာအသင်းဟာ ခြေစွမ်းမာကျောပေမယ့် အံ့အားသင့်စရာကောင်းတာက ချန်ပီယံလိဂ်အိမ်ကွင်းမှတ်တမ်းက အားရစရာမရှိတာပါပဲ။

အတ္တလန်တာအသင်းဟာ ချန်ပီယံလိဂ်မှာ အိမ်ကွင်းပွဲပေါင်း(၉)ပွဲကစားအပြီး ပြီးခဲ့တဲ့စက်တင်ဘာလကုန်က ယန်းဘွိုင်းစ်ကိုအနိုင်ရခဲ့တာအပါအဝင် စုစုပေါင်း(၃)ပွဲသာအနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်ဆိုးတွေကြောင့်ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့စပါးနဲ့ပွဲမှာ (၃-၀)ဂိုးနဲ့အနိုင်ရခဲ့သလို

ဝုလ်ဗ်ကို(၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၁၁)ပွဲမြောက်မှာ ပထမဆုံးအကြိမ် Clean Sheet ရယူခဲ့တဲ့အတွက် စိတ်ဓာတ်ပြန်တက်နေတယ်လို့ပြောရမှာပါ။

ဒ့ါအပြင် ယူနိုက်တက်အသင်းရဲ့စီးရီးအေကလပ်တွေနဲ့ ပြိုင်ပွဲစုံအဝေးကွင်းဆုံတွေ့မှုမှတ်တမ်းကိုကြည့်ရင်လည်း နောက်ဆုံး(၆)ပွဲမှာ (၄)ပွဲအထိအနိုင်ရခဲ့ပြီး (၁)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဝေးကွင်းပွဲအဖြစ် ရိုးမားအသင်းနဲ့ပွဲမှာ (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲမတိုင်ခင် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာတော့ အေစီမီလန်ကို သူတို့ကွင်းမှာပဲ (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်အုပ်စုပွဲတုန်းက ဂျူဗင်တပ်စ်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့သလို ၂၀၀၉-၁၀ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာလည်း အေစီမီလန်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ယူခဲ့ပြန်ပါတယ်။

၂၀၀၈-၀၉ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်တာမီလန်နဲ့ဂိုးမရှိသရေကျခဲ့ပြီး ၂၀၀၇-၀၈ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရိုးမားအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ယူခဲ့တာပါ။

စီးရီးအေကလပ်တွေနဲ့ ပြိုင်ပွဲစုံစုစုပေါင်းဆုံတွေ့မှုမှာတော့ ယူနိုက်တက်အသင်းက (၂၁)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၁၅)ပွဲရှုံးနိမ့်ခဲ့ပါတယ်။

အခုနောက်ပိုင်းနှစ်တွေမှာ စီးရီးအေကလပ်တွေနဲ့ဆုံတွေ့တဲ့ပွဲအများစု ရလဒ်ကောင်းခဲ့တဲ့ ယူနိုက်တက်အသင်း အခုပွဲမှာလည်း အဲဒီမှတ်တမ်းကိုဆက်ထိန်းနိုင်မလား …

အတ္တလန်တာအသင်းကပဲ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီးရီးေအကလပ္ေတြနဲ႔ အေဝးကြင္းေနာက္ဆုံး(၆)ႀကိမ္ဆုံေတြ႕တာမွာ (၄)ပြဲအထိအႏိုင္ရခဲ့တဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္စတုတၳေျမာက္ပြဲအျဖစ္ အတၱလန္တာအသင္းနဲ႔အေဝးကြင္းပြဲစဥ္အျဖစ္ ဒီညမွာယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အုပ္စုအဖြင့္ပြဲတုန္းက ယန္းဘြိဳင္းစ္အသင္းကို ရႈံးနိမ့္ခဲ့လို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ဗီလာရီးယဲလ္၊ အတၱလန္တာတို႔နဲ႔ အိမ္ကြင္းႏွစ္ပြဲဆက္မွာ ခက္ခက္ခဲခဲကစားၿပီးမွႏိုင္ပြဲေတြရယူခဲ့တာေၾကာင့္ (၃)ပြဲကစား(၆)မွတ္နဲ႔ အုပ္စုထိပ္ဆုံးမွာရပ္တည္ေနပါတယ္။

အတၱလန္တာအသင္းကေတာ့ (၃)ပြဲကစားၿပီးခ်ိန္မွာ (၄)မွတ္သာရရွိထားၿပီး ဗီလာရီးယဲလ္နဲ႔အမွတ္တူေနတာေၾကာင့္ အုပ္စုကတက္ဖို႔ဆိုရင္ လက္က်န္ပြဲေတြမွာ အမွားလုပ္လို႔မရေတာ့ပါဘူး။ ပထမအေက်ာ့အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ဆုံေတြ႕ခဲ့တုန္းက အတၱလန္တာအသင္းဟာ ပါဆယ္လစ္၊ ဒါမီယဲလ္တို႔နဲ႔ဂိုးေတြနဲ႔ ပထမပိုင္းမွာ(၂)ဂိုးျပတ္ဦးေဆာင္ခဲ့ၿပီးမွ ဒုတိယပိုင္းမွာ ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္ကို မထိန္းႏိုင္ခဲ့တာေၾကာင့္ ဂိုးေတြျပန္ေပးခဲ့ရတဲ့အတြက္ သေရတစ္မွတ္ေတာင္မရခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ရာသီအတြင္း ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္၊ ရႈံးထြက္(၁၆)သင္းအဆင့္ေတြတက္ေရာက္ၿပီးေျခစြမ္းျပခဲ့တဲ့ ဂတ္စ္ပါရီနီရဲ႕အတၱလန္တာအသင္းဟာ ေျခစြမ္းမာေက်ာေပမယ့္ အံ့အားသင့္စရာေကာင္းတာက ခ်န္ပီယံလိဂ္အိမ္ကြင္းမွတ္တမ္းက အားရစရာမရွိတာပါပဲ။ အတၱလန္တာအသင္းဟာ ခ်န္ပီယံလိဂ္မွာ အိမ္ကြင္းပြဲေပါင္း(၉)ပြဲကစားအၿပီး ၿပီးခဲ့တဲ့စက္တင္ဘာလကုန္က ယန္းဘြိဳင္းစ္ကိုအႏိုင္ရခဲ့တာအပါအဝင္ စုစုေပါင္း(၃)ပြဲသာအႏိုင္ရခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ ရလဒ္ဆိုးေတြေၾကာင့္႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့စပါးနဲ႔ပြဲမွာ (၃-၀)ဂိုးနဲ႔အႏိုင္ရခဲ့သလို ဝုလ္ဗ္ကို(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ(၁၁)ပြဲေျမာက္မွာ ပထမဆုံးအႀကိမ္ Clean Sheet ရယူခဲ့တဲ့အတြက္ စိတ္ဓာတ္ျပန္တက္ေနတယ္လို႔ေျပာရမွာပါ။

ဒ့ါအျပင္ ယူႏိုက္တက္အသင္းရဲ႕စီးရီးေအကလပ္ေတြနဲ႔ ၿပိဳင္ပြဲစုံအေဝးကြင္းဆုံေတြ႕မႈမွတ္တမ္းကိုၾကည့္ရင္လည္း ေနာက္ဆုံး(၆)ပြဲမွာ (၄)ပြဲအထိအႏိုင္ရခဲ့ၿပီး (၁)ပြဲသေရ၊ (၁)ပြဲရႈံးနိမ့္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္အေဝးကြင္းပြဲအျဖစ္ ႐ိုးမားအသင္းနဲ႔ပြဲမွာ (၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး အဲဒီပြဲမတိုင္ခင္ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာေတာ့ ေအစီမီလန္ကို သူတို႔ကြင္းမွာပဲ (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

၂၀၁၈-၁၉ ရာသီ ခ်န္ပီယံလိဂ္အုပ္စုပြဲတုန္းက ဂ်ဴဗင္တပ္စ္အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့သလို ၂၀၀၉-၁၀ ရာသီ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာလည္း ေအစီမီလန္အသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ယူခဲ့ျပန္ပါတယ္။ ၂၀၀၈-၀၉ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ အင္တာမီလန္နဲ႔ဂိုးမရွိသေရက်ခဲ့ၿပီး ၂၀၀၇-၀၈ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ႐ိုးမားအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ယူခဲ့တာပါ။

စီးရီးေအကလပ္ေတြနဲ႔ ၿပိဳင္ပြဲစုံစုစုေပါင္းဆုံေတြ႕မႈမွာေတာ့ ယူႏိုက္တက္အသင္းက (၂၁)ပြဲႏိုင္၊ (၆)ပြဲသေရ၊ (၁၅)ပြဲရႈံးနိမ့္ခဲ့ပါတယ္။ အခုေနာက္ပိုင္းႏွစ္ေတြမွာ စီးရီးေအကလပ္ေတြနဲ႔ဆုံေတြ႕တဲ့ပြဲအမ်ားစု ရလဒ္ေကာင္းခဲ့တဲ့ ယူႏိုက္တက္အသင္း အခုပြဲမွာလည္း အဲဒီမွတ္တမ္းကိုဆက္ထိန္းႏိုင္မလား ..အတၱလန္တာအသင္းကပဲ အိမ္ကြင္းမွာ ႏိုင္ပြဲရွာေဖြႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ။