Photo Credit
Photo Credit
ပြီးခဲ့တဲ့ ၂ ပတ်က မန်စီးတီး ယူ-၂၁ အသင်းဟာ လိဂ်-၁ကလပ် ရော့ခ်ျဒေးလ်အသင်းကို အနိုင်ယူနိုင်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကတော့ ရော့ခ်ျဒေးလ်အသင်းနဲ့ အားပြိုင်မှုမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပင်နုယ်တီအဆုံးအဖြတ်ခံယူရတဲ့အထိရောက်ခဲ့ရပါတယ်။
Photo Credit
စက်တင်ဘာ ၁၁ ရက်နေ့က EFL ဖလားပြိုင်ပွဲမှာ မန်စီးတီး ယူ-၂၁ အသင်းဟာ ရော့ခ်ျဒေးလ်ကို ၂-၀ နဲ့ ပြတ်ပြတ်သားသားအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းကတော့ ရော့ခ်ျဒေးလ်အသင်းကို မိနစ် ၉၀ ယှဉ်ပြိုင်ပြီးချိန်အထိ ၁-၁ ဆိုတဲ့ ရလဒ်ကိုသာေ ဖ်ာဆောင်နိုင်ခဲ့ပါတယ်။
Photo Credit
ယူနိုက်တက်နဲ့ပွဲစဉ်မှာ ရော့ခ်ျဒေးလ်အသင်းက စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လူစာရင်းရဲ့ ၅ ယောက်အထိပါဝင်ခဲ့တာပါ။ ယူနိုက်တက်ဟာ လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်ရဲ့သွင်းဂိုးနဲ့ ရော့ခ်ျဒေးလ်အသင်းကိုဦးဆောင်နေခဲ့ပေမယ့် အသက် ၁၆ နှစ်သာရှိသေးတဲ့ ပြိုင်ဘက်ကစားသမားလုခ် မက်သီဆန်ကချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။
Photo Credit ; AFP / Getty Images
Photo Credit ; Sky Sports
ရော့ခ်ျဒေးလ် ကစားသမားဂျင်မီကီအိုဟာနီရဲ့ပင်နယ်တီကန်သွင်းချက်ကို ဂိုးသမားဆာဂျီယိုရိုမဲရိုး ကာကွယ်နိုင်ခဲ့လို့သာ အိုးထရက်ဖို့ဒ်မြေမှာ ယူနိုက်တက်တို့ အရှက်ကွဲမယ့်အရေးနဲ့ လွတ်မြောက်ခဲ့တာပါ။
Photo Credit
Unicode
စီးတီး ယူ-၂၁ အသင်းက အသာလေးအနိုင်ရခဲ့တဲ့ရော့ချ်ဒေးလ်ကို ပင်နယ်တီအထိ အသည်းအသန်ကစားခဲ့တဲ့ယူနိုက်တက်
ပြီးခဲ့တဲ့ ၂ ပတ်က မန်စီးတီး ယူ-၂၁ အသင်းဟာ လိဂ်-၁ကလပ် ရော့ချ်ဒေးလ်အသင်းကို အနိုင်ယူနိုင်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကတော့ ရော့ခ်ျဒေးလ်အသင်းနဲ့ အားပြိုင်မှုမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပင်နုယ်တီအဆုံးအဖြတ်ခံယူရတဲ့အထိရောက်ခဲ့ရပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က EFL ဖလားပြိုင်ပွဲမှာ မန်စီးတီး ယူ-၂၁ အသင်းဟာ ရော့ချ်ဒေးလ်ကို ၂-၀ နဲ့ ပြတ်ပြတ်သားသားအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းကတော့ ရော့ချ်ဒေးလ်အသင်းကို မိနစ် ၉၀ ယှဉ်ပြိုင်ပြီးချိန်အထိ ၁-၁ ဆိုတဲ့ ရလဒ်ကိုသာေ ဖာ်ဆောင်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်နဲ့ပွဲစဉ်မှာ ရော့ချ်ဒေးလ်အသင်းက စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လူစာရင်းရဲ့ ၅ ယောက်အထိပါဝင်ခဲ့တာပါ။ ယူနိုက်တက်ဟာ လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်ရဲ့သွင်းဂိုးနဲ့ ရော့ချ်ဒေးလ်အသင်းကိုဦးဆောင်နေခဲ့ပေမယ့် အသက် ၁၆ နှစ်သာရှိသေးတဲ့ ပြိုင်ဘက်ကစားသမားလုခ် မက်သီဆန်ကချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။
ဒါကြောင့် ယူနိုက်တက်နဲ့ ရော့ချ်ဒေးလ်အသင်းတို့ဟာ ပွဲပြီးဆုံးချိန်အထိ ပြတ်သားတဲ့ရလဒ် မထွက်ပေါ်ခဲ့ဘဲ ပင်နယ်တီအထိရှေ့ဆက်ခဲ့ရတာပါ။ ယူနိုက်တက်ကတော့ ပင်နယ်တီအားလုံးဝင်အောင် သွင်းယူနိုင်ခဲ့ပြီး အဆုံးအဖြတ်ဂိုးကိုတော့ နွေရာသီကခေါ်ယူထားပြီး ပွဲတိုင်းလိုလိုခြေစွမ်းပြနေတဲ့ ဒန်နီရယ်ဂျိမ်းစ်ကပဲသွင်းယူပေးခဲ့တာပါ။
ရော့ချ်ဒေးလ် ကစားသမားဂျင်မီကီအိုဟာနီရဲ့ပင်နယ်တီကန်သွင်းချက်ကို ဂိုးသမားဆာဂျီယိုရိုမဲရိုး ကာကွယ်နိုင်ခဲ့လို့သာ အိုးထရက်ဖို့ဒ်မြေမှာ ယူနိုက်တက်တို့ အရှက်ကွဲမယ့်အရေးနဲ့ လွတ်မြောက်ခဲ့တာပါ။