စီးတီးအသင်းရဲ့ခံစစ်ပြဿနာဖြေရှင်းရေးမှာ လက်စတာခံစစ်အတွဲကို ခေါ်ယူရေးလည်း ပါဝင်နေ

Photo Credit

Photo Credit

မန်စီးတီးအသင်းသည် လက်ရှိခံစစ်ပိုင်းပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ယခုကတည်းက စီစဉ်လျက်ရှိရာ ခေါ်ယူရန် ရွေးချယ်စဉ်းစားနေသည့်ဗဟိုနောက်ခံလူများထဲတွင် လက်စတာခံစစ်အတွဲဖြစ်သည့် ဆိုကန်ယူနှင့် ဂျွန်နီအီဗန်တို့လည်း ပါဝင်နေကြောင်းသိရသည်။

Photo Credit

၎င်းတို့သည် လက်စတာအသင်းနှင့်အတူ ယခုရာသီတွင် အထူးခြေစွမ်းပြနေပြီး ပွဲစဉ် ၁၂ အပြီး လက်စတာအသင်း ဒုတိယနေရာတွင် ရပ်တည်နေနိုင်ခြင်း၏ အဓိကကျသူများထဲတွင် ပါဝင်လျက်ရှိသည်။

Photo Credit

မန်စီးတီးအသင်းကမူ လက်စတာအသင်းထက် ၁ မှတ်လျော့၊ ထိပ်ဆုံးမှ လီဗာပူးထက် ၉မှတ်အကွာ စတုတ္ထနေရာတွင် ရပ်တည်နေရပြီး ၂၀၁၉ နွေရာသီက အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ၏နေရာတွင် အစားမထိုးခဲ့သလို ဗဟိုနောက်ခံလူအများစု ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည်။

Photo Credit

စီးတီးနည်းပြ ဂွါဒီယိုလာက လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူရန် ဆန္ဒရှိခဲ့သော်လည်း အဆိုပါကစားသမားမှာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် မက်ဂွိုင်းယား၏နေရာအစားဝင်လာသူများကို ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။

Photo Credit

မန်စီးတီးသည် အဓိကနောက်ခံလူ လာပေါ်တီ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရချိန်တွင် ဗဟိုကွင်းလယ်လူ ဖာနန်ဒင်ညိုကို ဗဟိုနောက်ခံလူအဖြစ် အရေးပေါ်သုံးစွဲနေရသော်လည်း လာမည့်ဇန်နဝါရီလအတွင်း ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူမည်မဟုတ်ကြောင်း ယခင်က အခိုင်အမာပြောကြားထားသည်။

Photo Credit

မန်စီးတီးသည် ၂၀၁၇ ခုနှစ်က အီဗန်ကို ဝက်စ်ဘရွန်းအသင်းမှ ခေါ်ယူရန် ကြိုးစားခဲ့ဖူးသော်လည်း ကမ်းလှမ်းမှုများ ငြင်းဆန်ခြင်းခံခဲ့ရပြီးနောက် တစ်နှစ်အကြာတွင် လက်စတာအသင်းက ပေါင် ၃.၅သန်းတည်းဖြင့် ခေါ်ယူခဲ့ပြီး မန်စီးတီးက ၂၀၁၈ ဇန်နဝါရီလတွင် နောက်ခံလူ လာပေါ်တီကို ဘီလ်ဘာအိုမှ ခေါ်ယူခဲ့သည်။

Photo Credit

မြောက်အိုင်ယာလန်လက်ရွေးစင် အီဗန်သည် လက်စတာအတွက် စုစုပေါင်း ၄၂ ပွဲကစားပေးထားသလို ယခုရာသီပရီးမီးယားလိဂ် ၁၂ပွဲစလုံး ဆိုကန်ယူနှင့်အတူ ဦးစားပေးနောက်ခံလူအဖြစ် ပါဝင်ကစားခွင့်ရရှိထားသည်။

Photo Credit

Zawgyi

စီးတီးအသင္းရဲ႕ခံစစ္ျပႆနာေျဖရွင္းေရးမွာ လက္စတာခံစစ္အတြဲကို ေခၚယူေရးလည္း ပါ၀င္ေန

မန္စီးတီးအသင္းသည္ လက္ရွိခံစစ္ပိုင္းႁပႆနာကို ေျဖရွင္းႏိုင္ေရးအတြက္ ယခုကတည္းက စီစဥ္လ်က္ရွိရာ ေခၚယူရန္ ေရြးခ်ယ္စဥ္းစားေနသည့္ဗဟိုေနာက္ခံလူမ်ားထဲတြင္ လက္စတာခံစစ္အတြဲျဖစ္သည့္ ဆိုကန္ယူႏွင့္ ဂြ်န္နီအီဗန္တို႔လည္း ပါဝင္ေနေၾကာင္းသိရသည္။
၎တို႔သည္ လက္စတာအသင္းႏွင့္အတူ ယခုရာသီတြင္ အထူးေျခစြမ္းျပေနၿပီး ပြဲစဥ္ ၁၂ အၿပီး လက္စတာအသင္း ဒုတိယေနရာတြင္ ရပ္တည္ေနႏိုင္ျခင္း၏ အဓိကက်သူမ်ားထဲတြင္ ပါ၀င္လ်က္ရွိသည္။
မန္စီးတီးအသင္းကမူ လက္စတာအသင္းထက္ ၁ မွတ္ေလ်ာ့၊ ထိပ္ဆုံးမွ လီဗာပူးထက္ ၉မွတ္အကြာ စတုတၳေနရာတြင္ ရပ္တည္ေနရၿပီး ၂၀၁၉ ေႏြရာသီက အသင္းေခါင္းေဆာင္ေဟာင္း ကြန္ပနီ၏ေနရာတြင္ အစားမထုိးခဲ့သလို ဗဟိုေနာက္ခံလူအမ်ားစု ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆုိင္ေနရသည္။
စီးတီးနည္းျပ ဂြါဒီယိုလာက လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူရန္ ဆႏၵရွိခဲ့ေသာ္လည္း အဆုိပါကစားသမားမွာ ယူႏုိက္တက္သို႔ ေျပာင္းေရႊ႕သြားခဲ့ၿပီးေနာက္ မက္ဂြိဳင္းယား၏ေနရာအစား၀င္လာသူမ်ားကို ေခၚယူရန္ စီစဥ္လာျခင္းျဖစ္သည္။
မန္စီးတီးသည္ အဓိကေနာက္ခံလူ လာေပၚတီ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူေနရခ်ိန္တြင္ ဗဟိုကြင္းလယ္လူ ဖာနန္ဒင္ညိဳကို ဗဟိုေနာက္ခံလူအျဖစ္ အေရးေပၚသုံးစြဲေနရေသာ္လည္း လာမည့္ဇန္န၀ါရီလအတြင္း ဗဟိုေနာက္ခံလူတစ္ဦး ေခၚယူမည္မဟုတ္ေၾကာင္း ယခင္က အခုိင္အမာေျပာၾကားထားသည္။
မန္စီးတီးသည္ ၂၀၁၇ ခုႏွစ္က အီဗန္ကို ၀က္စ္ဘရြန္းအသင္းမွ ေခၚယူရန္ ႀကိဳးစားခ့ဲဖူးေသာ္လည္း ကမ္းလွမ္းမႈမ်ား ျငင္းဆန္ျခင္းခံခဲ့ရၿပီးေနာက္ တစ္ႏွစ္အၾကာတြင္ လက္စတာအသင္းက ေပါင္ ၃.၅သန္းတည္းျဖင့္ ေခၚယူခဲ့ၿပီး မန္စီးတီးက ၂၀၁၈ ဇန္န၀ါရီလတြင္ ေနာက္ခံလူ လာေပၚတီကို ဘီလ္ဘာအိုမွ ေခၚယူခဲ့သည္။
ေျမာက္အိုင္ယာလန္လက္ေရြးစင္ အီဗန္သည္ လက္စတာအတြက္ စုစုေပါင္း ၄၂ ပြဲကစားေပးထားသလို ယခုရာသီပရီးမီးယားလိဂ္ ၁၂ပြဲစလုံး ဆိုကန္ယူႏွင့္အတူ ဦးစားေပးေနာက္ခံလူအျဖစ္ ပါ၀င္ကစားခြင့္ရရွိထားသည္။