စီးတီးရဲ့အထက်မှာ ရပ်တည်နိုင်တာနဲ့ အမှတ်ပေးချန်ပီယံဖြစ်လိမ့်မယ်လို့ ရောဘတ်ဆန် ယုံကြည်

Photo Credit

Photo Credit

တကယ်လို့များ လီဗာပူးသာ ယခုရာသီပရီးမီးယားလိဂ်မှာ လက်ရှိချန်ပီယံ စီးတီးရဲ့အထက်မှာ ရပ်တည်ရင်း ရာသီအဆုံးသတ်နိုင်ခဲ့ရင် မိမိတို့အသင်း အမှတ်ပေးချန်ပီယံဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဘယ်နောက်ခံလူ ရောဘတ်ဆန်က အခိုင်အမာပြောပါတယ်။

Photo Credit ; Getty Images

လီဗာပူးဟာ တနင်္ဂနွေနေ့က စီးတီးကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ထပ်ဆင့်ချန်ပီယံစီးတီးကို ၉မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီး ဒုတိယနဲ့တတိယနေရာရှိ လက်စတာနဲ့ချဲလ်ဆီးတို့ကို ၈ မှတ်စီဖြတ်ထားနိုင်ခဲ့ရာ အများစုက လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်တစ်ဖက်ကမ်းနိုင်ခဲ့ပြီလို့ ယူဆနေကြပါတယ်။

Photo Credit

လီဗာပူးနဲ့ပတ်သက်သူအားလုံးက အဲဒီလိုမထင်ထားပေမယ့် ရောဘတ်ဆန်ကတော့ နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ရေးအတွက် ကြိုးစားနေမှုမှာ စီးတီးကို အနိုင်ရခဲ့တာက မိမိတို့အသင်းအတွက် ကြီးမားတဲ့အဆင့်တက်လှမ်းမှုဖြစ်ကြောင်း ဝန်ခံပါတယ်။

Photo Credit

”ကျွန်တော်တို့အတွက် တကယ့်ကိုအရေးကြီးခဲ့ပါတယ်။ မနှစ်က အနီးကပ်ဆုံးပြိုင်ဘက်နဲ့ ပွဲကြီးပွဲကောင်းနွှဲခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်မှာ တခြားမထင်မှတ်ထားတဲ့အရာတွေဖြစ်နိုင်ပေမယ့် ကျွန်တော်ကတော့ ရာသီအကုန်ကျရင် စီးတီးရဲ့အထက်မှာ ရပ်တည်နိုင်တာနဲ့ အမှတ်ပေးချန်ပီယံဖြစ်လိမ့်မယ်လို့ထင်ပါတယ်’

Photo Credit

”အဲဒီနိုင်ပွဲကလည်း ကျွန်တော်တို့အတွက် အရေးပါခဲ့ပါတယ်။ ရာသီကုန်ဖို့က အဝေးကြီးလိုသေးပေမယ့် ကိုယ့်ရဲ့အနီးကပ်ဆုံးပြိုင်ဘက်ကို အနိုင်ရတဲ့ပွဲတွေက အမြဲတမ်းခွန်အားဖြစ်စေပါတယ်”လို့ ရောဘတ်ဆန်က ပြောပါတယ်။
စကော့တလန်အသင်းခေါင်းဆောင် ရောဘတ်ဆန်ဟာ ဆာလာခေါင်းတိုက်သွင်းယူနိုင်အောင် တိကျတဲ့ဖြတ်တင်ဘောပေးပို့နိုင်ခဲ့ပြီး ဖာဘင်ညိုရဲ့အဝေးကန်ချက် ဂိုးဝင်သွားတာက အရေးပါခဲ့ကြောင်း ရောဘတ်ဆန်က ပြောပါတယ်။

Photo Credit

Zawgyi

စီးတီးရဲ႕အထက္မွာ ရပ္တည္ႏိုင္တာနဲ႔ အမွတ္ေပးခ်န္ပီယံျဖစ္လိမ့္မယ္လုိ႔ ေရာဘတ္ဆန္ ယုံၾကည္

တကယ္လုိ႔မ်ား လီဗာပူးသာ ယခုရာသီပရီးမီးယားလိဂ္မွာ လက္ရွိခ်န္ပီယံ စီးတီးရဲ႕အထက္မွာ ရပ္တည္ရင္း ရာသီအဆုံးသတ္ႏုိင္ခဲ့ရင္ မိမိတုိ႔အသင္း အမွတ္ေပးခ်န္ပီယံျဖစ္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္က အခိုင္အမာေျပာပါတယ္။
လီဗာပူးဟာ တနဂၤေႏြေန႔က စီးတီးကို ၃-၁ ဂုိးနဲ႔အႏိုင္ရခ့ဲၿပီးေနာက္ ထပ္ဆင့္ခ်န္ပီယံစီးတီးကို ၉မွတ္အထိျဖတ္ထားႏိုင္ခ့ဲၿပီး ဒုတိယနဲ႔တတိယေနရာရွိ လက္စတာနဲ႔ခ်ဲလ္ဆီးတို႔ကို ၈ မွတ္စီျဖတ္ထားႏိုင္ခဲ့ရာ အမ်ားစုက လီဗာပူးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လက္တစ္ဖက္ကမ္းႏိုင္ခဲ့ၿပီလုိ႔ ယူဆေနၾကပါတယ္။
လီဗာပူးနဲ႔ပတ္သက္သူအားလုံးက အဲဒီလိုမထင္ထားေပမယ့္ ေရာဘတ္ဆန္ကေတာ့ ႏွစ္ေပါင္း ၃၀အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္ေရးအတြက္ ႀကိဳးစားေနမႈမွာ စီးတီးကို အႏိုင္ရခဲ့တာက မိမိတုိ႔အသင္းအတြက္ ႀကီးမားတဲ့အဆင့္တက္လွမ္းမႈျဖစ္ေၾကာင္း ၀န္ခံပါတယ္။
”ကၽြန္ေတာ္တုိ႔အတြက္ တကယ့္ကိုအေရးႀကီးခဲ့ပါတယ္။ မႏွစ္က အနီးကပ္ဆုံးၿပိဳင္ဘက္နဲ႔ ပြဲႀကီးပြဲေကာင္းႏႊဲခဲ့ရတာျဖစ္ပါတယ္။ ဒီႏွစ္မွာ တျခားမထင္မွတ္ထားတဲ့အရာေတြျဖစ္ႏိုင္ေပမယ့္ ကၽြန္ေတာ္ကေတာ့ ရာသီအကုန္က်ရင္ စီးတီးရဲ႕အထက္မွာ ရပ္တည္ႏိုင္တာနဲ႔ အမွတ္ေပးခ်န္ပီယံျဖစ္လိမ့္မယ္လုိ႔ထင္ပါတယ္’
”အဲဒီႏုိင္ပြဲကလည္း ကၽြန္ေတာ္တုိ႔အတြက္ အေရးပါခဲ့ပါတယ္။ ရာသီကုန္ဖို႔က အေ၀းႀကီးလိုေသးေပမယ့္ ကုိယ့္ရဲ႕အနီးကပ္ဆုံးၿပိဳင္ဘက္ကို အႏိုင္ရတဲ့ပဲြေတြက အၿမဲတမ္းခြန္အားျဖစ္ေစပါတယ္”လုိ႔ ေရာဘတ္ဆန္က ေျပာပါတယ္။
စေကာ့တလန္အသင္းေခါင္းေဆာင္ ေရာဘတ္ဆန္ဟာ ဆာလာေခါင္းတုိက္သြင္းယူႏုိင္ေအာင္ တိက်တဲ့ျဖတ္တင္ေဘာေပးပို႔ႏိုင္ခဲ့ၿပီး ဖာဘင္ညိဳရဲ႕အေ၀းကန္ခ်က္ ဂိုး၀င္သြားတာက အေရးပါခ့ဲေၾကာင္း ေရာဘတ္ဆန္က ေျပာပါတယ္။