
Photo Credit
Photo Credit
တကယ်လို့များ တိုက်စစ်မှူးမာနေးသာ တနင်္ဂနွေနေ့မှာ စီးတီးဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ရင် အရင်က တိုက်စစ်မှူးဟောင်း ဆွာရက်ဇ် လုပ်ပြခဲ့သလိုမျိုး ပြိုင်ဘက်နည်းပြဂွါဒီယိုလာရှေ့မှာ ဒိုင်ဗင်ထိုးအောင်ပွဲခံသင့်တယ်လို့ လီဗာပူးပရိသတ်တွေက တိုက်တွန်းနေပါတယ်။
Photo Credit
စပိန်နိုင်ငံသား ဂွါဒီယိုလာဟာ စနေနေ့က ဆောက်သမ်တန်ကို နောက်ကျဂိုးတွေနဲ့အနိုင်ရရှိခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက မာနေးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လီဗာပူးအတွက် နောက်ကျဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကလည်း မာနေးက စပယ်ရှယ်ပါရမီရှင်မို့လို့ပါ။ တစ်ခါတလေ သူက ဒိုင်ဗင်ထိုးတယ်။ ပြီးတော့ တစ်ခါတလေ နောက်ဆုံးမိနစ်မှာ အဲဒီပါရမီကြောင့်ပဲ အံ့အားသင့်စရာကောင်းတဲ့ဂိုးတွေသွင်းယူနိုင်တယ်။ သူက ပါရမီရှင်ပါ”လို့ ပြောခဲ့တာပါ။
Photo Credit
မာနေးဟာ ဗီလာနဲ့ပွဲမှာ ပင်နယ်တီဧရိယာထဲ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ဆိုကာ အဝါကတ်ပြသခံခဲ့ရပြီး မကြာသေးခင်က ကစားခဲ့တဲ့ လက်စတာ၊ စပါးတို့နဲ့ပွဲတွေမှာလည်း ပင်နယ်တီရရှိဖို့ အလွယ်တကူလဲကျခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
Photo Credit
ဘယ်လိုပဲဖြစ်ဖြစ် ဂွါဒီယိုလာရဲ့မှတ်ချက်က လီဗာပူးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး အန်ဖီးလ်မှာ စီးတီးဘက်ကို ဂိုးသွင်းနိုင်ခဲ့ရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုပါ တစ်ခါတည်းအကြံပေးနေကြပါတယ်။
Photo Credit
၂၀၁၂ ခုနှစ်မှာ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်(ထိုစဉ်က)က မာဆေးဆိုက်ဒါဘီပွဲမတိုင်ခင် ဂွါဒီယိုလာရဲ့မှတ်ချက်လိုပဲ လီဗာပူးတိုက်စစ်မှူး(ထိုစဉ်က)ဆွာရက်ဇ်ကို ဒိုင်ဗင်ထိုးရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူလို့ ဝေဖန်ထိုးနှက်ခဲ့တာပါ။
Photo Credit
မိုယက်စ်က အဲဒီလိုဒိုင်ဗင်သမားတွေကြောင့် ပရိသတ်တွေအနေနဲ့ ဘောလုံးပွဲတွေကို မကြည့်ချင်တော့လောက်အောင်ဖြစ်သွားနိုင်ကြောင်း သတိပေးခဲ့ပြီး ”ဒိုင်ဗင်ထိုးသမိုင်းကြောင်းရှိခဲ့ဖူးတဲ့ဆွာရက်ဇ်နဲ့ပတ်သက်လို့လည်း ကျွန်တော်စိုးရိမ်မိပါတယ်”လို့ ပြောခဲ့ပါတယ်။
Photo Credit
အဲဒီလိုမိုယက်စ်ပြောအပြီး ၂ရက်အကြ အဲဗာတန်ကွင်းမှာ လီဗာပူးလာရောက်ကစားတော့ ဆွာရက်ဇ်အတွက် အပြောမဟုတ်၊ လက်တွေ့ပြန်လည်လှောင်ပြောင်ဖို့ အခွင့်ကောင်းရခဲ့ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကွင်းဘေးစည်းမှာ မျက်နှာကြီးနီရဲနေတဲ့ မိုယက်စ်ရှိရာ ပြေးသွားကာ သူပြောသလို ဒိုင်ဗင်သမားဖြစ်ကြောင်း လေထဲအလွတ်ဒိုင်ဗင်ထိုးကာ လှောင်ပြောင်အောင်ပွဲခံခဲ့ပါတယ်။
Photo Credit
အခုလည်း လီဗာပူးပရိသတ်တွေက တကယ်လု့ိများ စီးတီးဘက်ကိုသာ မာနေးဂိုးသွင်းနိုင်ခဲ့ရင် ဆွာရက်ဇ်ရဲ့ပုံစံအတိုင်း ကော်ပီကူးပြီး အထိရောက်ဆုံးနည်းလမ်းနဲ့ ပြန်လည်လှောင်ပြောင်ဖို့ မာနေးကို တိုက်တွန်းနေကြပါတယ်။
Photo Credit
”ပြိုင်ဘက်ကစားသမားတစ်ယောက်ကို ဒိုင်ဗင်သမားလို့ ကလော့ပ် စွပ်စွဲတာ တစ်ခါမှမကြားဖူးပါဘူး။ ကလော့ပ်က အများကြီးစမတ်ပိုကျပါတယ်။ ဂွါဒီယိုလာကတော့ ဒီလိုမဟုတ်ပါဘူး။ တကယ်လို့ နောက်တစ်ပတ်မှာ မာနေးသာ ဂိုးသွင်းနိုင်ရင် မိုယက်စ်ကို ဆွာရက်ဇ်လှောင်ပြောင်ခဲ့သလို ဂွါဒီယိုလာကိုလည်း မာနေး အဲဒီလိုတုံ့ပြန်ဖို့ မျှော်လင့်ပါတယ်”လို့ ပရိသတ်တစ်ဦးက သူ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။
Photo Credit
Zawgyi
စီးတီးဘက္ ဂိုးသြင္းႏိုင္ရင္ ဆြာရက္ဇ္လုပ္ျပခဲ့သလို ဂြါဒီယိုလာေရွ႕ ဒိုင္ဗင္ထိုးေအာင္ပြဲခံဖို႔ မာေနးကို ပရိသတ္ေတြ အႀကံျပဳ
တကယ္လုိ႔မ်ား တုိက္စစ္မွဴးမာေနးသာ တနဂၤေႏြေန႔မွာ စီးတီးဘက္ကို ဂိုးသြင္းယူႏုိင္ခဲ့ရင္ အရင္က တုိက္စစ္မွဴးေဟာင္း ဆြာရက္ဇ္ လုပ္ျပခဲ့သလုိမ်ိဳး ၿပိဳင္ဘက္နည္းျပဂြါဒီယိုလာေရွ႕မွာ ဒုိင္ဗင္ထုိးေအာင္ပြဲခံသင့္တယ္လုိ႔ လီဗာပူးပရိသတ္ေတြက တုိက္တြန္းေနပါတယ္။
စပိန္ႏိုင္ငံသား ဂြါဒီယိုလာဟာ စေနေန႔က ေဆာက္သမ္တန္ကို ေနာက္က်ဂိုးေတြနဲ႔အႏုိင္ရရွိခဲ့ၿပီးေနာက္ သတင္းစာရွင္းလင္းပဲြမွာ ဂြါဒီယိုလာက မာေနးဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း လီဗာပူးအတြက္ ေနာက္က်ဂိုးေတြအမ်ားႀကီးသြင္းယူႏုိင္ခဲ့ပါတယ္။ ဒါကလည္း မာေနးက စပယ္ရွယ္ပါရမီရွင္မို႔လုိ႔ပါ။ တစ္ခါတေလ သူက ဒိုင္ဗင္ထုိးတယ္။ ၿပီးေတာ့ တစ္ခါတေလ ေနာက္ဆုံးမိနစ္မွာ အဲဒီပါရမီေၾကာင့္ပဲ အံ့အားသင့္စရာေကာင္းတဲ့ဂိုးေတြသြင္းယူႏုိင္တယ္။ သူက ပါရမီရွင္ပါ”လုိ႔ ေျပာခဲ့တာပါ။
မာေနးဟာ ဗီလာနဲ႔ပြဲမွာ ပင္နယ္တီဧရိယာထဲ ဟန္ေဆာင္ဒိုင္ဗင္ထုိးခဲ့တယ္လုိ႔ဆုိကာ အ၀ါကတ္ျပသခံခဲ့ရၿပီး မၾကာေသးခင္က ကစားခ့ဲတဲ့ လက္စတာ၊ စပါးတုိ႔နဲ႔ပဲြေတြမွာလည္း ပင္နယ္တီရရွိဖို႔ အလြယ္တကူလဲက်ခဲ့တယ္လုိ႔ စြပ္စြဲခံေနရပါတယ္။
ဘယ္လုိပဲျဖစ္ျဖစ္ ဂြါဒီယိုလာရဲ႕မွတ္ခ်က္က လီဗာပူးပရိသတ္ေတြကို ေဒါသထြက္ေစခဲ့ၿပီး အန္ဖီးလ္မွာ စီးတီးဘက္ကို ဂုိးသြင္းႏိုင္ခဲ့ရင္ ဘယ္လုိလုပ္သင့္တယ္ဆုိတာကိုပါ တစ္ခါတည္းအႀကံေပးေနၾကပါတယ္။
၂၀၁၂ ခုႏွစ္မွာ အဲဗာတန္နည္းျပ ေဒးဗစ္မုိယက္စ္(ထိုစဥ္က)က မာေဆးဆိုက္ဒါဘီပြဲမတုိင္ခင္ ဂြါဒီယိုလာရဲ႕မွတ္ခ်က္လုိပဲ လီဗာပူးတုိက္စစ္မွဴး(ထိုစဥ္က)ဆြာရက္ဇ္ကို ဒိုင္ဗင္ထုိးရာမွာ တစ္ဖက္ကမ္းခတ္ကၽြမ္းက်င္သူလုိ႔ ေ၀ဖန္ထိုးႏွက္ခဲ့တာပါ။
မိုယက္စ္က အဲဒီလိုဒုိင္ဗင္သမားေတြေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ေဘာလုံးပြဲေတြကို မၾကည့္ခ်င္ေတာ့ေလာက္ေအာင္ျဖစ္သြားႏိုင္ေၾကာင္း သတိေပးခဲ့ၿပီး ”ဒုိင္ဗင္ထိုးသမုိင္းေၾကာင္းရွိခဲ့ဖူးတဲ့ဆြာရက္ဇ္နဲ႔ပတ္သက္လုိ႔လည္း ကၽြန္ေတာ္စိုးရိမ္မိပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။
အဲဒီလိုမုိယက္စ္ေျပာအၿပီး ၂ရက္အၾက အဲဗာတန္ကြင္းမွာ လီဗာပူးလာေရာက္ကစားေတာ့ ဆြာရက္ဇ္အတြက္ အေျပာမဟုတ္၊ လက္ေတြ႕ျပန္လည္ေလွာင္ေျပာင္ဖို႔ အခြင့္ေကာင္းရခဲ့ၿပီး ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ကြင္းေဘးစည္းမွာ မ်က္ႏွာႀကီးနီရဲေနတဲ့ မုိယက္စ္ရွိရာ ေျပးသြားကာ သူေျပာသလုိ ဒိုင္ဗင္သမားျဖစ္ေၾကာင္း ေလထဲအလြတ္ဒိုင္ဗင္ထုိးကာ ေလွာင္ေျပာင္ေအာင္ပြဲခံခဲ့ပါတယ္။
အခုလည္း လီဗာပူးပရိသတ္ေတြက တကယ္လု႔ိမ်ား စီးတီးဘက္ကိုသာ မာေနးဂိုးသြင္းႏိုင္ခဲ့ရင္ ဆြာရက္ဇ္ရဲ႕ပုံစံအတုိင္း ေကာ္ပီကူးၿပီး အထိေရာက္ဆုံးနည္းလမ္းနဲ႔ ျပန္လည္ေလွာင္ေျပာင္ဖို႔ မာေနးကို တုိက္တြန္းေနၾကပါတယ္။
”ၿပိဳင္ဘက္ကစားသမားတစ္ေယာက္ကို ဒုိင္ဗင္သမားလုိ႔ ကေလာ့ပ္ စြပ္စြဲတာ တစ္ခါမွမၾကားဖူးပါဘူး။ ကေလာ့ပ္က အမ်ားႀကီးစမတ္ပိုက်ပါတယ္။ ဂြါဒီယိုလာကေတာ့ ဒီလုိမဟုတ္ပါဘူး။ တကယ္လုိ႔ ေနာက္တစ္ပတ္မွာ မာေနးသာ ဂိုးသြင္းႏုိင္ရင္ မုိယက္စ္ကို ဆြာရက္ဇ္ေလွာင္ေျပာင္ခ့ဲသလို ဂြါဒီယိုလာကိုလည္း မာေနး အဲဒီလုိတုံ႔ျပန္ဖုိ႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ပရိသတ္တစ္ဦးက သူ႕ခံစားခ်က္ကို ရင္ဖြင့္ပါတယ္။