စီးတီးနဲ႔ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဂန္ဒိုဂန္ သေဘာတူညီမႈရရွိ

Photo Credit ; Getty Images

Photo Credit

စီးတီးအတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ ကြင္းလယ္လူ ဂန္ဒိုဂန္ဟာ အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ၿပီးေနာက္ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ သေဘာတူညီလုိက္ၿပီျဖစ္ပါတယ္။

Photo Credit ; Reuters

ဂ်ာမနီလက္ေရြးစင္ ဂန္ဒုိဂန္ဟာ လက္ရွိစာခ်ဳပ္သက္တမ္းအရ ၂၀၂၀ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္လုိ႔ အသင္းကေန ထြက္ခြာဖို႔ အေတာ္ေလးနီးစပ္ခဲ့ေပမယ့္ ယမန္ႏွစ္ကတည္းက စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ ေဆြးေႏြးခဲ့ၿပီးေနာက္ ယခုအခါ အီတီဟတ္အေျခစိုက္အသင္းမွာ ဆက္ကစားဖုိ႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။

Photo Credit ; Getty Images

”တကယ္လုိ႔ ခင္ဗ်ားသာ စိတ္ရွည္ရွည္ထားၿပီး ေနာက္ရက္သတၱပတ္အနည္းငယ္ေလာက္ေစာင့္ၾကည့္လိုက္ရင္ ကၽြန္ေတာ့္ရဲ႕စာခ်ဳပ္သစ္ကိစၥနဲ႔ပတ္သက္လုိ႔ အေျဖသိရမွာပါ။ အေျခအေနတုိင္းက ကြဲျပားျခားနားမႈရွိၿပီး သီးသန္႔ဆန္ပါတယ္။ ဘယ္သူမဆုိ သူတို႔အတြက္ပဲ ဆုံးျဖတ္ၾကတာပါ။ ဒီလုိအေနအထားေတြေၾကာင့္ တစ္ခါတေလ ဆုံးျဖတ္ခ်က္ခ်ဖုိ႔ အခ်ိန္ေပးရပါတယ္”

Photo Credit ; Getty Images

”ၿပီးခဲ့တဲ့ရာသီက အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးေတာ့ ဒါက ေနာက္ႏွစ္အနည္းငယ္ၾကာတဲ့အထိကိစၥျဖစ္လုိ႔ လူေတြကို စိတ္ရွည္ရွည္ေစာင့္ၾကည့္ေပးဖုိ႔ ကၽြန္ေတာ္ေတာင္းဆုိခဲ့ဖူးပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ ကၽြန္ေတာ့္ဘက္က စိတ္ေအးေအးထားခဲ့တာပါ။ လက္ရွိအခ်ိန္မွာလည္း ကၽြန္ေတာ့္အေနအထားက သက္ေသာင့္သက္သာရွိပါတယ္”လုိ႔ ဂန္ဒိုဂန္က ေျပာပါတယ္။

Photo Credit ; Getty Images

အသက္ ၂၈ႏွစ္အရြယ္ရွိဂန္ဒိုဂန္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က လီဗာပူးကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရရွိခဲ့တဲ့ ကြန္ျမဴနတီဒိုင္းၿပိဳင္ပဲြမွာ စီးတီးအတြက္ ပင္နယ္တီဂိုးသြင္းယူႏိုင္ခဲ့ၿပီး ရာသီသစ္မွာလည္း လီဗာပူးက စီးတီးကို ခ်န္ပီယံဆုအတြက္ ထပ္မံတြန္းအားေပးလိမ့္မယ္လုိ႔ သုံးသပ္ခဲ့ပါတယ္။

Photo Credit ; Getty Images

”ဒီအဆင့္က က်ဆင္းသြားမယ္မထင္လု႔ ေနာက္ရက္သတၱပတ္အနည္းငယ္အတြင္း အားၿပိဳင္မႈက ဒီထက္ေတာင္ ပိုမုိျပင္းထန္လာႏိုင္ပါတယ္။ ကၽြန္ေတာ္တုိ႔ကလည္း အေကာင္းဆုံးႀကိဳတင္မျပင္ဆင္ထားလုိ႔ ႏွစ္သင္းစလုံးက ရာႏႈန္းျပည့္အေနအထားေတာ့မဟုတ္ခဲ့ပါဘူး။ ဒါေပမဲ့ အဲဒီပြဲက တကယ္ပဲခန္႔မွန္းရခက္ခဲ့ပါတယ္”လုိ႔ ဂန္ဒိုဂန္က ဆုိပါတယ္။

Photo Credit ; Getty Images

Unicode

စီးတီးနဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ဂန်ဒိုဂန် သဘောတူညီမှုရရှိ

စီးတီးအတွက် သတင်းကောင်းတစ်ရပ်အဖြစ် ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီးနောက် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။
ဂျာမနီလက်ရွေးစင် ဂန်ဒိုဂန်ဟာ လက်ရှိစာချုပ်သက်တမ်းအရ ၂၀၂၀ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းကနေ ထွက်ခွာဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် ယမန်နှစ်ကတည်းက စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့ပြီးနောက် ယခုအခါ အီတီဟတ်အခြေစိုက်အသင်းမှာ ဆက်ကစားဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
”တကယ်လို့ ခင်ဗျားသာ စိတ်ရှည်ရှည်ထားပြီး နောက်ရက်သတ္တပတ်အနည်းငယ်လောက်စောင့်ကြည့်လိုက်ရင် ကျွန်တော့်ရဲ့စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ အဖြေသိရမှာပါ။ အခြေအနေတိုင်းက ကွဲပြားခြားနားမှုရှိပြီး သီးသန့်ဆန်ပါတယ်။ ဘယ်သူမဆို သူတို့အတွက်ပဲ ဆုံးဖြတ်ကြတာပါ။ ဒီလိုအနေအထားတွေကြောင့် တစ်ခါတလေ ဆုံးဖြတ်ချက်ချဖို့ အချိန်ပေးရပါတယ်”
”ပြီးခဲ့တဲ့ရာသီက အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတော့ ဒါက နောက်နှစ်အနည်းငယ်ကြာတဲ့အထိကိစ္စဖြစ်လို့ လူတွေကို စိတ်ရှည်ရှည်စောင့်ကြည့်ပေးဖို့ ကျွန်တော်တောင်းဆိုခဲ့ဖူးပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ကျွန်တော့်ဘက်က စိတ်အေးအေးထားခဲ့တာပါ။ လက်ရှိအချိန်မှာလည်း ကျွန်တော့်အနေအထားက သက်သောင့်သက်သာရှိပါတယ်”လို့ ဂန်ဒိုဂန်က ပြောပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ စီးတီးအတွက် ပင်နယ်တီဂိုးသွင်းယူနိုင်ခဲ့ပြီး ရာသီသစ်မှာလည်း လီဗာပူးက စီးတီးကို ချန်ပီယံဆုအတွက် ထပ်မံတွန်းအားပေးလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
”ဒီအဆင့်က ကျဆင်းသွားမယ်မထင်လု့ နောက်ရက်သတ္တပတ်အနည်းငယ်အတွင်း အားပြိုင်မှုက ဒီထက်တောင် ပိုမိုပြင်းထန်လာနိုင်ပါတယ်။ ကျွန်တော်တို့ကလည်း အကောင်းဆုံးကြိုတင်မပြင်ဆင်ထားလို့ နှစ်သင်းစလုံးက ရာနှုန်းပြည့်အနေအထားတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီပွဲက တကယ်ပဲခန့်မှန်းရခက်ခဲ့ပါတယ်”လို့ ဂန်ဒိုဂန်က ဆိုပါတယ်။