စီးတီးနဲ႔ပြဲမွာ အေကာင္းဆုံးမကစားႏိုင္ရင္ အရွက္ရဖြယ္အ႐ံႈးနဲ႔ရင္ဆုိင္ရႏိုင္ေၾကာင္း ကေလာ့ပ္ သတိေပး

Photo Credit ; Getty Images

Photo Credit ; SNS Group

လီဗာပူးအေနနဲ႔ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲအျဖစ္ ကစားရမယ့္ စီးတီးနဲ႔ပြဲမွာ မျဖစ္မေနအေကာင္းဆုံးကစားႏိုင္ရမွာျဖစ္ၿပီး ဒီလိုမဟုတ္ရင္ေတာ့ အရွက္ရဖြယ္ရႈံးပြဲနဲ႔ရင္ဆိုင္ရႏိုင္ေၾကာင္း အသင္းသားေတြကို သတိေပးလိုက္ပါတယ္။ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ စီးတီးအသင္းနဲ႔ ရာသီမစခင္ ပထမဆုံး ဆုဖလားၿပိဳင္ဆိုင္မႈအျဖစ္ လာမယ့္တနဂၤေႏြေန႔မွာ ထိပ္တိုက္ေတြ႕ဆုံယွဥ္ၿပိဳင္ကစားၾကရမွာ ျဖစ္ပါတယ္။

Photo Credit ; Getty Images

လီဗာပူးအသင္းဟာ ရာသီႀကိဳေျခစမ္းပြဲေတြမွာေတာ့ အသင္းရဲ႕ အဓိကကစားသမား ၆ ဦးခန႔္ ပူးေပါင္းပါဝင္ႏိုင္ျခင္း မရွိခဲ့ဘဲ လူငယ္ကစားသမားေတြကိုသာ ပြဲထုတ္ ကစားခဲ့ရၿပီး ၆ ပြဲမွာ ၃ ပြဲအထိ ရႈံးနိမ့္ထားခဲ့ပါတယ္။ ယမန္ေန႔က နာပိုလီအသင္းနဲ႔ပြဲစဥ္မွာလည္း ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ရၿပီး ယခုလအေစာပိုင္းက ဆီဗီလာနဲ႔ ေဒါ့မြန္အသင္းတို႔ကိုလည္း အသီးသီးရႈံးနိမ့္ခဲ့ရပါတယ္။

Photo Credit ; Reuters

ယေန႔နံနက္ပိုင္းက ျပဳလုပ္တဲ့အင္တာဗ်ဴးအစီအစဥ္မွာေတာ့ “စီးတီးအသင္းနဲ႔ယွဥ္ၿပိဳင္ကစားရတာက ခက္ခဲတဲ့ပြဲစဥ္တစ္ပြဲပါ။ တနဂၤေႏြေန႔မွာ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ယွဥ္ၿပိဳင္ကစားႏိုင္မလား၊ ဒီရာသီရဲ႕ အေကာင္းဆုံးပြဲတစ္ပြဲျဖစ္လာမလား ဆိုတာေတာ့ ကြၽန္ေတာ္လည္း မေျပာတတ္ေသးပါဘူး။ ရာသီႀကိဳပြဲစဥ္ေတြမွာ ရလဒ္ေတြ ဆိုး႐ြားခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ႀကိဳးစားမယ္ဆိုရင္ ေအာင္ပန္းဆင္ႏိုင္မွာပါ”လို႔ ကေလာ့ပ္က ဆိုပါတယ္။ ”အဲဒီပြဲစဥ္က အေကာင္းဆုံးစမ္းသပ္မႈတစ္ခုျဖစ္မွာပါ၊ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ခုခံကာကြယ္ကစားႏိုင္မယ္ဆိုရင္ေတာ့ ေအာင္ပြဲဆင္ရမွာျဖစ္ၿပီး အဲလိုမဟုတ္ခဲ့ဘူးဆိုရင္ေတာ့ အရႈံးနဲ႔လွည့္ျပန္ၾကရမွာပါ”လို႔ ကေလာ့ပ္က ဆက္ေျပာပါတယ္။

Photo Credit ; Getty Images / AFP

အမ်ားစုက ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲကို တကယ့္ၿပိဳင္ပြဲအျဖစ္ သေဘာမထားတာလဲဆိုတဲ့ေမးခြန္းကို ”ကြၽန္ေတာ္ေသခ်ာေတာ့မသိပါဘူး၊ ကြၽန္ေတာ္တို႔ ဘာလို႔ဒီၿပိဳင္ပြဲကို Cancel လုပ္လို႔မရတာလဲ။ ဂ်ာမနီမွာ ကြၽန္ေတာ္ ၅ ႀကိမ္ေတာင္ အႏိုင္ရခဲ့တာပဲေလ။ ဒါကိုေတာ့ ဘယ္သူမွ ထည့္မေျပာၾကဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ေတြက ႏွစ္တိုင္း ယွဥ္ၿပိဳင္ကစားေနၾကတာပါ၊ ဒီဖလားကလည္းႀကီးမားတဲ့ ဆုဖလားတစ္ခုပါပဲ”လို႔ ကေလာ့ပ္က ေျဖၾကားခဲ့ပါတယ္။

 

Photo Credit

”ကိုယ္ကသာ အႏိုင္ရရွိမယ္ဆိုရင္ေတာ့ ဘယ္သူမွ ဂ႐ုစိုက္ၾကမွာ မဟုတ္ဘူး။ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ အခ်ိဳ႕က ဂ႐ုစိုက္ၾကလိမ့္မယ္။ ကြၽန္ေတာ့္ရဲ႕အသင္းကို ေျပာခ်င္တာကေတာ့ ဒီပြဲက လီဗာပူးအသင္းကို သမိုင္းမွတ္တမ္း ေရးထိုးေစမယ့္ပြဲတစ္ပြဲပါပဲ “ လို႔ ကေလာ့ပ္က ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

စီးတီးနဲ့ပွဲမှာ အကောင်းဆုံးမကစားနိုင်ရင် အရှက်ရဖွယ်အရှုံးနဲ့ရင်ဆိုင်ရနိုင်ကြောင်း ကလော့ပ် သတိပေး

လီဗာပူးအနေနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် ကစားရမယ့် စီးတီးနဲ့ပွဲမှာ မဖြစ်မနေအကောင်းဆုံးကစားနိုင်ရမှာဖြစ်ပြီး ဒီလိုမဟုတ်ရင်တော့ အရှက်ရဖွယ်ရှုံးပွဲနဲ့ရင်ဆိုင်ရနိုင်ကြောင်း အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ စီးတီးအသင်းနဲ့ ရာသီမစခင် ပထမဆုံး ဆုဖလားပြိုင်ဆိုင်မှုအဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာတော့ အသင်းရဲ့ အဓိကကစားသမား ၆ ဦးခန့် ပူးပေါင်းပါဝင်နိုင်ခြင်း မရှိခဲ့ဘဲ လူငယ်ကစားသမားတွေကိုသာ ပွဲထုတ် ကစားခဲ့ရပြီး ၆ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ ယမန်နေ့က နာပိုလီအသင်းနဲ့ပွဲစဉ်မှာလည်း ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ရပြီး ယခုလအစောပိုင်းက ဆီဗီလာနဲ့ ဒေါ့မွန်အသင်းတို့ကိုလည်း အသီးသီးရှုံးနိမ့်ခဲ့ရပါတယ်။
ယနေ့နံနက်ပိုင်းက ပြုလုပ်တဲ့အင်တာဗျူးအစီအစဉ်မှာတော့ “စီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားရတာက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်မလား၊ ဒီရာသီရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမလား ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်သေးပါဘူး။ ရာသီကြိုပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် ကျွန်တော်တို့ကြိုးစားမယ်ဆိုရင် အောင်ပန်းဆင်နိုင်မှာပါ”လို့ ကလော့ပ်က ဆိုပါတယ်။
”အဲဒီပွဲစဉ်က အကောင်းဆုံးစမ်းသပ်မှုတစ်ခုဖြစ်မှာပါ၊ ကျွန်တော်တို့ အကောင်းဆုံး ခုခံကာကွယ်ကစားနိုင်မယ်ဆိုရင်တော့ အောင်ပွဲဆင်ရမှာဖြစ်ပြီး အဲလိုမဟုတ်ခဲ့ဘူးဆိုရင်တော့ အရှုံးနဲ့လှည့်ပြန်ကြရမှာပါ”လို့ ကလော့ပ်က ဆက်ပြောပါတယ်။
အများစုက ကွန်မြူနတီဒိုင်းပြိုင်ပွဲကို တကယ့်ပြိုင်ပွဲအဖြစ် သဘောမထားတာလဲဆိုတဲ့မေးခွန်းကို ”ကျွန်တော်သေချာတော့မသိပါဘူး၊ ကျွန်တော်တို့ ဘာလို့ဒီပြိုင်ပွဲကို Cancel လုပ်လို့မရတာလဲ။ ဂျာမနီမှာ ကျွန်တော် ၅ ကြိမ်တောင် အနိုင်ရခဲ့တာပဲလေ။ ဒါကိုတော့ ဘယ်သူမှ ထည့်မပြောကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေက နှစ်တိုင်း ယှဉ်ပြိုင်ကစားနေကြတာပါ၊ ဒီဖလားကလည်းကြီးမားတဲ့ ဆုဖလားတစ်ခုပါပဲ”လို့ ကလော့ပ်က ဖြေကြားခဲ့ပါတယ်။
”ကိုယ်ကသာ အနိုင်ရရှိမယ်ဆိုရင်တော့ ဘယ်သူမှ ဂရုစိုက်ကြမှာ မဟုတ်ဘူး။ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အချို့က ဂရုစိုက်ကြလိမ့်မယ်။ ကျွန်တော့်ရဲ့အသင်းကို ပြောချင်တာကတော့ ဒီပွဲက လီဗာပူးအသင်းကို သမိုင်းမှတ်တမ်း ရေးထိုးစေမယ့်ပွဲတစ်ပွဲပါပဲ “ လို့ ကလော့ပ်က ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။