စီးတီးနဲ့ပွဲမှာ ချဲလ်ဆီး အမှတ်ပြည့်ရယူနိုင်လိမ့်မယ်လို့ ဟာဇက် ဟောကိန်းထုတ်လိုက်ပြီ
Photo Credit
Photo Credit
ရီးရဲလ်တောင်ပံကစားသမား ဟာဇက်က စနေနေ့မှာ ကစားရမယ့် လက်ရှိချန်ပီယံစီးတီးနဲ့အဝေးကွင်းပွဲမှာ အသင်းဟောင်းချဲလ်ဆီးအသင်း အမှတ်ပြည့်ယူနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားပါတယ်။
Photo Credit
နည်းပြဂွါဒီယိုလာဦးဆောင်တဲ့ စီးတီးဟာ နိုင်ငံတကာပွဲတွေမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် ယခုတစ်ပတ်မှာ ပြန်လည်နိုးထနိုင်ဖို့ ကြိုးစားနေပြီး တကယ်လု့ိ ချဲလ်ဆီးကိုသာအနိုင်ရခဲ့ရင် အမှတ်ပေးဇယားမှာ နည်းပြလမ်းပတ်ရဲ့အသင်းကို ပြန်ကျော်တက်နိုင်မှာဖြစ်ပါတယ်။
Photo Credit
ဒါပေမဲ့ ချဲလ်ဆီးကို အနိုင်ရဖို့က စီးတီးအတွက် လွယ်ကူလာဖို့ရာခိုင်နှုန်းနည်းနေပြီး ချဲလ်ဆီးက ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲဆက်အနိုင်ရထားပါတယ်။
Photo Credit
ဟာဇက်ကလည်း အသင်းဟောင်းရဲ့အရေးကြီးပွဲကို မက်ဒရစ်မြို့ကနေ အားပေးနေမှာဖြစ်ပြီး အီတီဟတ်မှာ ကမောက်ကမရလဒ်ဖန်တီးဖို့ လုံလောက်တဲ့အရည်အချင်း ချဲလ်ဆီးမှာအပြည့်ရှိကြောင်း အခိုင်အမာပြောကြားပါတယ်။
Photo Credit
”ကျွန်တော်ကတော့ ဒီလိုဖြစ်လာမယ်လို့ ထင်နေပါတယ်။ စီးတီးကိုအနိုင်ရဖို့ လွယ်ကူမှာမဟုတ်ဘဲ အီတီဟတ်မှာကစားရတာလည်း ခက်ခဲပါတယ်။ အဲဒီကွင်းမှာ နောက်ဆုံးကစားခဲ့တုန်းကလည်း ၆-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပါတယ်”
Photo Credit
”ကျွန်တော့်အတွက်ရော ချဲလ်ဆီးအတွက်ပါ သိပ်ကိုဆိုးရွားတဲ့နေ့ပါပဲ။ ဒါပေမဲ့ ဒီရာသီမှာတော့ ချဲလ်ဆီးအသင်းရဲ့ကစားပုံက တကယ့်ကိုကောင်းမွန်နေပါတယ်။ လူငယ်အများစုကို အခြေခံထားတာမှန်ပေမယ့် ကစားပုံက အရမ်းကောင်းပါတယ်”
Photo Credit
”ဒီတော့ စီးတီးကို အီတီဟတ်မှာ အနိုင်မရနိုင်စရာဘာအကြောင်းများရှိနိုင်မှာလဲ။ ချဲလ်ဆီးပွဲတွေကို ကြည့်ဖြစ်တဲ့အခါ ဟာဇက်မပါပေမယ့် ကစားပုံက ကောင်းနေတာပဲ။ ဂိုးတွေအများကြီးသွင်းနိုင်တယ်။ ပရိသတ်တွေလည်း ပျော်ကြတယ်။ အဆင့် ၃မှာလည်း ရပ်တည်နေတယ်”လို့ ဟာဇက်က ပြောပါတယ်။
Photo Credit
Zawgyi