စီးတီးနဲ့ပွဲမတိုင်ခင် ဒဏ်ရာပြဿနာတွေ တောင်လိုပုံနေတဲ့ အာဆင်နယ်

Photo Credit

Photo Credit

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ နီကိုလပ်စ်ပီပီနဲ့ ဟက်တာဘယ်လာရင်တို့ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝဖိ့ု မျှော်လင့်နေပါတယ်။ ညာနောက်ခံလူ ဘယ်လာရင်ဟာ ဒဏ်ရာရရှိနေတာကြောင့် တနင်္လာနေ့က ဝက်စ်ဟမ်းအသင်းကို ၃-၁နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး အဆိုပွဲစဉ် ပွဲထွက်လူစာရင်းမှာတော့ ဘယ်လာရင်အစား မစ်လန်းနိုင်းစ်ကို အစားထိုး အသုံးပြုခဲ့ပါတယ်။

Photo Credit

တောင်ပံကစားသမားပီပီကတော့ ၂၀၁၉-၂၀၂၀ ရာသီ အာဆင်နယ်အသင်းအတွက် ၉ ပွဲမြောက်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ တိုက်စစ်မှူး အူဘာမီယန်းက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာပဲ အိုင်ဗရီကို့စ်ကြယ်ပွင့်ဟာ ဒူးဒဏ်ရာကြောင့် ဂိုးသွင်းယူပြီးနောက်ပိုင်းမှာ လူစားလဲခဲ့ရပါတယ်။ ပီပီဟာ ဒဏ်ရာကြောင့် ကြာသပတေးနေ့မှာ စတန်းဒက်လီဂီအသင်းနဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။

Photo Credit

ဘယ်လာရင်လည်း ဒဏ်ရာပြဿနာကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ပီပီနဲ့ ဘယ်လာရင်တိ့ု ၂ ဦးစလုံးဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖိ့ုလည်း သေချာမှု မရှိသေးပါဘူး။ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဇာခါလည်း စတန်းဒက်လီဂီနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အာဆင်နယ်အသင်းက အတည်ပြုခဲ့ပြီး ပခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့တဲ့ တီယာနေးလည်း ပါဝင်နိုင်မှာမဟုတ်ပါဘူး။

Photo Credit

ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ယွန်းဘတ်အတွက်တော့ တောင့်တင်းတဲ့ အသင်းလူစာရင်းကို လိုအပ်နေပြီး အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ စတန်းဒက်လီဂီအသင်းကို အနည်းဆုံး သရေတော့ ခံကစားနိုင်မှ ဖြစ်မှာပါ။ အာဆင်နယ်အသင်းအတွက် ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ နိုင်ပွဲဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ပထမဆုံးနိုင်ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးနဲ့ ၇ မှတ်အထိ ကွာဟနေပါတယ်။

Photo Credit

Zawgyi

စီးတီးနဲ႔ပဲြမတိုင္ခင္ ဒဏ္ရာျပႆနာေတြ ေတာင္လိုပံုေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔ အမ္းမရိတ္စ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားမယ့္ မန္စီးတီးအသင္းနဲ႔ ပြဲစဥ္မတိုင္မီ နီကိုလပ္စ္ပီပီနဲ႔ ဟက္တာဘယ္လာရင္တို႔ ႀကံ့ခိုင္မႈျပန္လည္ ျပည့္ဝဖိ႔ု ေမွ်ာ္လင့္ေနပါတယ္။
ညာေနာက္ခံလူ ဘယ္လာရင္ဟာ ဒဏ္ရာရရွိေနတာေၾကာင့္ တနလၤာေန႔က ဝက္စ္ဟမ္းအသင္းကို ၃-၁နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီး အဆိုပြဲစဥ္ ပြဲထြက္လူစာရင္းမွာေတာ့ ဘယ္လာရင္အစား မစ္လန္းႏိုင္းစ္ကို အစားထိုး အသံုးျပဳခဲ့ပါတယ္။
ေတာင္ပံကစားသမားပီပီကေတာ့ ၂၀၁၉-၂၀၂၀ ရာသီ အာဆင္နယ္အသင္းအတြက္ ၉ ပြဲေျမာက္ကစားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာ သြင္းဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ အဆိုပါဂိုးကိုေတာ့ တိုက္စစ္မွဴး အူဘာမီယန္းက ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။
အဆိုပါပြဲစဥ္မွာပဲ အိုင္ဗရီကို႔စ္ၾကယ္ပြင့္ဟာ ဒူးဒဏ္ရာေၾကာင့္ ဂိုးသြင္းယူၿပီးေနာက္ပိုင္းမွာ လူစားလဲခဲ့ရပါတယ္။ ပီပီဟာ ဒဏ္ရာေၾကာင့္ ၾကာသပေတးေန႔မွာ စတန္းဒက္လီဂီအသင္းနဲ႔ယူရိုပါလိဂ္ပြဲစဥ္မွာ ပါ၀င္ႏိုင္ဖြယ္မရွိေၾကာင္း သိရပါတယ္။
ဘယ္လာရင္လည္း ဒဏ္ရာျပႆနာေၾကာင့္ ယူရိုပါလိဂ္ပြဲစဥ္ကို လြဲေခ်ာ္မွာျဖစ္ၿပီး ပီပီနဲ႔ ဘယ္လာရင္တိ႔ု ၂ ဦးစလံုးဟာ မန္စီးတီးအသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ႏိုင္ဖိ႔ုလည္း ေသခ်ာမႈ မရွိေသးပါဘူး။ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲမွာ ဒဏ္ရာရရွိခဲ့တဲ့ ဇာခါလည္း စတန္းဒက္လီဂီနဲ႔ပြဲစဥ္မွာ ပါဝင္ႏိုင္မွာ မဟုတ္ဘူးလို႔ အာဆင္နယ္အသင္းက အတည္ျပဳခဲ့ၿပီး ပခံုးအဆစ္လြဲ ဒဏ္ရာရရွိခဲ့တဲ့ တီယာေနးလည္း ပါ၀င္ႏိုင္မွာမဟုတ္ပါဘူး။
ယာယီနည္းျပအျဖစ္ ကိုင္တြယ္ေနတဲ့ ယြန္းဘတ္အတြက္ေတာ့ ေတာင့္တင္းတဲ့ အသင္းလူစာရင္းကို လိုအပ္ေနၿပီး အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္ ၃၂ သင္း ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ စတန္းဒက္လီဂီအသင္းကို အနည္းဆံုး သေရေတာ့ ခံကစားႏိုင္မွ ျဖစ္မွာပါ။
အာဆင္နယ္အသင္းအတြက္ ဝက္စ္ဟမး္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ႏိုင္ပြဲဟာ ၿပိဳင္ပြဲစံု ေနာက္ဆံုး ၁၀ ပြဲမွာ ပထမဆံုးႏိုင္ပြဲျဖစ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ေနရာမွာ ရပ္တည္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ ၇ မွတ္အထိ ကြာဟေနပါတယ္။