စီးတီးကို နိုင်ခဲ့လျှင်လည်း ချန်ပီယံဆုအကြောင်း ပြောရန် စောလွန်းသေးကြောင်း ဆာလာ သတိပေး

Photo Credit

Photo Credit

လီဗာပူးအသင်းတိုက်စစ်မှူး ဆာလာက အကယ်၍ လက်ရှိချန်ပီယံမန်စီးတီးကို အနိုင်ရခဲ့လျှင်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်း ပြောရန် စောလွန်းသေးကြောင်း ပြောကြားလိုက်သည်။

Photo Credit

အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်းနှစ်သင်းမှာ တနင်္ဂနွေနေ့တွင် အန်ဖီးလ်ကွင်း၌ အားပြိုင်တော့မည်ဖြစ်ပြီး အကယ်၍ လီဗာပူးသာ မန်စီးတီးကို အနိုင်ရရှိလျှင် အမှတ်ပေးဇယားထိပ်ဆုံးမှ ၉မှတ်အသာဖြင့် ဦးဆောင်ခွင့်ရရှိမည်ဖြစ်သည်။

Photo Credit

လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ပ်ကလည်း စကိုင်းစပို့တ်သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့်အင်တာဗျူးအစီအစဉ်တွင် အဆိုပါပွဲမှာ အမှတ်ပေးချန်ပီယံဆုအတွက် အရေးကြီးသည့်ပွဲဖြစ်၍ မိမိတို့အသင်း အနိုင်ရရှိရန် ရာနှုန်းပြည့်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

Photo Credit

ိသို့သော် ဆာလာကမူ ”ပြီးခဲ့တဲ့ရာသီတုန်းက ဒီဇင်ဘာလအရောက် အမှတ်ပေးချန်ပီယံဆုအကြောင်း သူတို့ပြောလာကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အသင်းက ၆ မှတ် ၇မှတ်လောက်ဖြတ်ထားချိန်ဆိုတော့ ချန်ပီယံအားပြိုင်မှုက ပြီးသွားပြီလို့ ပြောခဲ့ကြပါတယ်”

Photo Credit

”ချန်ပီယံလုပွဲက ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ ပြောရရင် ၃ပွဲစာပဲကွာသွားမှာပါ။ တကယ်လို့ ကိုယ်က ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ရရင် အခြေအနေပြန်ဆိုးသွားနိုင်ပါတယ်။ ကျွန်တော်တို့အသင်းအနိုင်ရခဲ့ရင်တောင်မှ ရာသီအဆုံးသတ်ဖို့က အများကြီးကျန်နေပါသေးတယ်။ အခုမှ နိုဝင်ဘာပဲရှိသေးပြီး ပရီးမီးယားလိဂ်ချန်ပီယံအကြောင်း ပြောဖို့က စောလွန်းပါသေးတယ်”ဟု ဆာလာက ပြောကြားခဲ့သည်။

Photo Credit

လီဗာပူးသည် ယခုရာသီ ပရီးမီးယားလိဂ် ၁၁ပွဲကစားပြီးချိန်တွင် ၁၀ပွဲနိုင်၊ ၁ပွဲသရေကျထားသော်လည်း နောက်ဆုံး ၂ရာသီဆက် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ဆာလာမှာမူ ယခုအချိန်အထိ ၅ဂိုးသာသွင်းယူထားနိုင်သည်။

Photo Credit

Zawgyi

စီးတီးကို ႏိုင္ခဲ့လွ်င္လည္း ခ်န္ပီယံဆုအေၾကာင္း ေျပာရန္ ေစာလြန္းေသးေၾကာင္း ဆာလာ သတိေပး

လီဗာပူးအသင္းတုိက္စစ္မွဴး ဆာလာက အကယ္၍ လက္ရွိခ်န္ပီယံမန္စီးတီးကို အႏိုင္ရခဲ့လွ်င္လည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုအေၾကာင္း ေျပာရန္ ေစာလြန္းေသးေၾကာင္း ေျပာၾကားလုိက္သည္။
အမွတ္ေပးဇယားထိပ္ဆုံးမွ အသင္းႏွစ္သင္းမွာ တနဂၤေႏြေန႔တြင္ အန္ဖီးလ္ကြင္း၌ အားၿပိဳင္ေတာ့မည္ျဖစ္ၿပီး အကယ္၍ လီဗာပူးသာ မန္စီးတီးကို အႏိုင္ရရွိလွ်င္ အမွတ္ေပးဇယားထိပ္ဆုံးမွ ၉မွတ္အသာျဖင့္ ဦးေဆာင္ခြင့္ရရွိမည္ျဖစ္သည္။
လီဗာပူးအသင္းနည္းျပ ဂ်ာဂန္ကေလာ့ပ္ကလည္း စကိုင္းစပို႔တ္သတင္းဌာနႏွင့္ျပဳလုပ္ခဲ့သည့္အင္တာဗ်ဴးအစီအစဥ္တြင္ အဆုိပါပဲြမွာ အမွတ္ေပးခ်န္ပီယံဆုအတြက္ အေရးႀကီးသည့္ပြဲျဖစ္၍ မိမိတို႔အသင္း အႏုိင္ရရွိရန္ ရာႏႈန္းျပည့္ႀကိဳးစားသြားမည္ဟု ေျပာၾကားခဲ့သည္။
ိသို႔ေသာ္ ဆာလာကမူ ”ၿပီးခဲ့တဲ့ရာသီတုန္းက ဒီဇင္ဘာလအေရာက္ အမွတ္ေပးခ်န္ပီယံဆုအေၾကာင္း သူတုိ႔ေျပာလာၾကပါတယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္တုိ႔အသင္းက ၆ မွတ္ ၇မွတ္ေလာက္ျဖတ္ထားခ်ိန္ဆုိေတာ့ ခ်န္ပီယံအားၿပိဳင္မႈက ၿပီးသြားၿပီလုိ႔ ေျပာခဲ့ၾကပါတယ္”
”ခ်န္ပီယံလုပဲြက ၿပီးဆုံးသြားမွာမဟုတ္ပါဘူး။ ေျပာရရင္ ၃ပြဲစာပဲကြာသြားမွာပါ။ တကယ္လုိ႔ ကုိယ္က ရလဒ္ဆုိးေတြနဲ႔ရင္ဆုိင္ရရင္ အေျခအေနျပန္ဆုိးသြားႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔အသင္းအႏုိင္ရခဲ့ရင္ေတာင္မွ ရာသီအဆုံးသတ္ဖို႔က အမ်ားႀကီးက်န္ေနပါေသးတယ္။ အခုမွ ႏုိ၀င္ဘာပဲရွိေသးၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံအေၾကာင္း ေျပာဖို႔က ေစာလြန္းပါေသးတယ္”ဟု ဆာလာက ေျပာၾကားခဲ့သည္။
လီဗာပူးသည္ ယခုရာသီ ပရီးမီးယားလိဂ္ ၁၁ပဲြကစားၿပီးခ်ိန္တြင္ ၁၀ပြဲႏိုင္၊ ၁ပြဲသေရက်ထားေသာ္လည္း ေနာက္ဆုံး ၂ရာသီဆက္ ဂိုးသြင္းဘုရင္ျဖစ္ခဲ့ေသာ ဆာလာမွာမူ ယခုအခ်ိန္အထိ ၅ဂိုးသာသြင္းယူထားႏိုင္သည္။