စီေရာ္နယ္ဒိုနဲ႔ရင္ဆိုင္ရမွာကို စိတ္လႈပ္ရွားျခင္းမရွိသလို ဂရုမစိုက္ေၾကာငး္ ဘာေလာ့တယ္လီဆုိ

photo-gettyimages

photo-gettyimages

မန္စီးတီးနဲ႔လီဗာပူးတိုက္စစ္မႈးေဟာင္းဘာေလာ့တယ္လီက သူ႔ရဲ႕ဘရက္စီယာပြဲဦးထြက္မွာ ဂ်ဴဗင္တပ္ၾကယ္ပြင့္စီေရာ္နယ္ဒိုနဲ႔ရင္ဆိုင္ရမယ့္အေပၚ တကယ္ကိုဂရုမစိုက္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ၂၉ ႏွစ္အရြယ္ ဘာေလာ့တယ္လီဟာ ဇာတိကလပ္ဘရက္စီယာနဲ႔အတူ ၄ ႀကိမ္ေျမာက္အျဖစ္ အီတလီေဘာလုံးေလာကမွာ ျပန္လည္ေျခခ်တာပါ။ ဒါေပမဲ့လည္း ဘာေလာ့တယ္လီဟာ အရင္ကလပ္မာေဆးနဲ႔တုနး္က ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ဘရက္စီယာရဲ႕ပထမဆုံးစီးရီးေအ ၄ ပြဲကို လြဲေခ်ာ္ခဲ့ရၿပီ အဂၤါညကစားမယ့္ ဂ်ဴဗင္တပ္နဲ႔ပြဲမွာမွ သူ႔ဇာတိကလပ္အတြက္ ပထမဆုံးအႀကိမ္ကစားေပးႏိုင္မွာပါ။

photo-gettyimages

”စီေရာ္နယ္ဒိုနဲ႔ရင္ဆိုင္ေတြ႕ရမွာကို ကၽြန္ေတာ္စိတ္လႈပ္ရွားသလားဆိုရင္ေတာ့ ကၽြန္ေတာ္က တကယ္ကိုဂရုမစိုက္တာပါ။ သူဟာ ႀကီးက်ယ္တဲ့ခ်န္ပီယံတစ္ေယာက္ပါ။ မက္ဆီနဲ႔အတူ ကမာၻေပၚက အေကာင္းဆုံးကစားသမားလညး္ျဖစ္ပါတယ္။ သူနဲ႔ရင္ဆိုင္ကစားရမွာေကာင္းေပမယ့္ ကၽြန္္ေတာ္စိတ္မလႈပ္ရွားပါဘူး။ ဂိုးေတြသြင္းႏိုင္ဖို႔ ကၽြန္ေတာ္ႀကိဳးစားမွာျဖစ္သလုိ တျခားပြဲေတြမွာ ကစားသလုိပဲ ကစားမွာပါ”လို႔ ဘာေလာ့တယ္လီက သတင္းဌာနတစ္ခုကို ေျပာခဲ့တာပါ။

photo-gettyimages

၂၀၁၅-၁၆ ရာသီတုန္းက ေအစီမီလန္မွာ ကစားခဲ့ၿပီးေနာက္ပိုင္း ဘာေလာ့တယ္လီအေနနဲ႔ အီတလီမွာ ပထမဆုံးအႀကိမ္ျပန္ကစားတာပါ။ အီတလီကိုျပန္ေရာက္လာၿပီးေနာက္ပိုင္း သူ႔ရဲ႕ရည္မွန္းခ်က္ကေတာ့ လာမယ့္ႏွစ္ ယူရိုၿပိဳင္ပြဲႀကီးမွာ ပါ၀င္ခြင့္ရေရးျဖစ္ေၾကာင္း ဘာေလာ့တယ္လီက ၀န္ခံခဲ့ပါတယ္။ အီတလီအတြက္ ဘာေလာ့တယ္လီေနာက္ဆုံးကစားေပးခဲ့တာက ၂၀၁၈ စက္တင္ဘာမွာ ကစားခဲ့တဲ့ ပိုလန္နဲ႔ေနးရွင္းလိဂ္ပြဲျဖစ္ပါတယ္။ သူဟာ အီတလီအတြက္ ၃၆ ကစားေပးထားေပမယ့္ ေနာက္ဆုံး ၅ ႏွစ္အတြင္းမွာေတာ့ လက္ေရြးစင္အတြက္ ၃ ပြဲသာ ကစားခြင့္ရခဲ့တာပါ။

[Unicode]

မန်စီးတီးနဲ့လီဗာပူးတိုက်စစ်မှုးဟောင်းဘာလော့တယ်လီက သူ့ရဲ့ဘရက်စီယာပွဲဦးထွက်မှာ ဂျူဗင်တပ်ကြယ်ပွင့်စီရော်နယ်ဒိုနဲ့ရင်ဆိုင်ရမယ့်အပေါ် တကယ်ကိုဂရုမစိုက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၉ နှစ်အရွယ် ဘာလော့တယ်လီဟာ ဇာတိကလပ်ဘရက်စီယာနဲ့အတူ ၄ ကြိမ်မြောက်အဖြစ် အီတလီဘောလုံးလောကမှာ ပြန်လည်ခြေချတာပါ။ ဒါပေမဲ့လည်း ဘာလော့တယ်လီဟာ အရင်ကလပ်မာဆေးနဲ့တုန်းက ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘရက်စီယာရဲ့ပထမဆုံးစီးရီးအေ ၄ ပွဲကို လွဲချော်ခဲ့ရပြီ အင်္ဂါညကစားမယ့် ဂျူဗင်တပ်နဲ့ပွဲမှာမှ သူ့ဇာတိကလပ်အတွက် ပထမဆုံးအကြိမ်ကစားပေးနိုင်မှာပါ။

”စီရော်နယ်ဒိုနဲ့ရင်ဆိုင်တွေ့ရမှာကို ကျွန်တော်စိတ်လှုပ်ရှားသလားဆိုရင်တော့ ကျွန်တော်က တကယ်ကိုဂရုမစိုက်တာပါ။ သူဟာ ကြီးကျယ်တဲ့ချန်ပီယံတစ်ယောက်ပါ။ မက်ဆီနဲ့အတူ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလည်းဖြစ်ပါတယ်။ သူနဲ့ရင်ဆိုင်ကစားရမှာကောင်းပေမယ့် ကျွန်တော်စိတ်မလှုပ်ရှားပါဘူး။ ဂိုးတွေသွင်းနိုင်ဖို့ ကျွန်တော်ကြိုးစားမှာဖြစ်သလို တခြားပွဲတွေမှာ ကစားသလိုပဲ ကစားမှာပါ”လို့ ဘာလော့တယ်လီက သတင်းဌာနတစ်ခုကို ပြောခဲ့တာပါ။

၂၀၁၅-၁၆ ရာသီတုန်းက အေစီမီလန်မှာ ကစားခဲ့ပြီးနောက်ပိုင်း ဘာလော့တယ်လီအနေနဲ့ အီတလီမှာ ပထမဆုံးအကြိမ်ပြန်ကစားတာပါ။ အီတလီကိုပြန်ရောက်လာပြီးနောက်ပိုင်း သူ့ရဲ့ရည်မှန်းချက်ကတော့ လာမယ့်နှစ် ယူရိုပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရရေးဖြစ်ကြောင်း ဘာလော့တယ်လီက ဝန်ခံခဲ့ပါတယ်။ အီတလီအတွက် ဘာလော့တယ်လီနောက်ဆုံးကစားပေးခဲ့တာက ၂၀၁၈ စက်တင်ဘာမှာ ကစားခဲ့တဲ့ ပိုလန်နဲ့နေးရှင်းလိဂ်ပွဲဖြစ်ပါတယ်။ သူဟာ အီတလီအတွက် ၃၆ ကစားပေးထားပေမယ့် နောက်ဆုံး ၅ နှစ်အတွင်းမှာတော့ လက်ရွေးစင်အတွက် ၃ ပွဲသာ ကစားခွင့်ရခဲ့တာပါ။