စီရော်နယ်လ်ဒို အသက်(၄၁)နှစ်အရွယ်ရောက်တဲ့အထိ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေးဆက်ပေးရဖို့ရှိနေတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဂျူဗင်တပ်စ်အသင်းကနေ သူတို့နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုကို ပေါင်(၁၂.၈)သန်းနဲ့ခေါ်ယူစာချုပ်ခဲ့ပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် Add-Ons ကြေးအဖြစ် နောက်ထပ်ပေါင်(၆.၈)သန်းပေးချေရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဂျူဗင်တပ်စ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ သဘောတူညီထားချက်အရ ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုအသက်(၄၁)နှစ်အရွယ်ရောက်တာတောင် သူ့အတွက်ပြောင်းရွှေ့ကြေးအဖြစ် ဂျူဗင်တပ်စ်အသင်းကို ဆက်လက်ပေးချေရမယ့်အနေအထားမှာရှိနေပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုရဲ့ပြောင်းရွှေ့ကြေးကို တစ်ခါတည်းပေးမှာမဟုတ်ဘဲ (၅)နှစ်အတွင်းအရစ်ကျခွဲပေးသွားမှာဖြစ်လို့ စီရော်နယ်လ်ဒို (၄၁)နှစ်အရွယ်ရောက်မှ ဂျူဗင်တပ်စ်အသင်းဟာ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအားလုံးရရှိမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက ရီးယဲလ်အသင်းဆီကနေ စီရော်နယ်လ်ဒိုကိုခေါ်ယူခဲ့ချိန်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၈)သန်းအထိအသုံးပြုခဲ့ရပြီး

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘဝ(၃)ရာသီအတွင်း (၁၃၄)ပွဲကစား၊ (၁၀၁)ဂိုးသွင်းယူခဲ့သလို စီးရီးအေနဲ့တခြားပြည်တွင်းဆုဖလားတွေရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ခန့်မှန်းသတင်းတွေထွက်ပေါ်ခဲ့ပြီး စျေးကွက်ပိတ်သိမ်းဖို့နီးကပ်လာချိန်မှာ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့သလို

မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဆီက ကမ်းလှမ်းမှုရရှိခဲ့လို့ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ် ပေါင်(၄၈၀,၀၀၀)၊ (၁)နှစ်ကို ပေါင်(၂၅)သန်းအထိလစာရရှိမှာဖြစ်ပြီး တစ်ချိန်က သူဝတ်ဆင်ကစားခဲ့တဲ့ကျောနံပါတ်(၇)ဂျာစီကို ပြန်လည်ဝတ်ဆင်မှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒို အသက္(၄၁)ႏွစ္အ႐ြယ္ေရာက္တဲ့အထိ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေ႐ႊ႕ေၾကးဆက္ေပးရဖို႔ရွိေနတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဂ်ဴဗင္တပ္စ္အသင္းကေန သူတို႔နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုကို ေပါင္(၁၂.၈)သန္းနဲ႔ေခၚယူစာခ်ဳပ္ခဲ့ၿပီး ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ Add-Ons ေၾကးအျဖစ္ ေနာက္ထပ္ေပါင္(၆.၈)သန္းေပးေခ်ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ယူႏိုက္တက္အသင္းတို႔ရဲ႕ သေဘာတူညီထားခ်က္အရ ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုအသက္(၄၁)ႏွစ္အ႐ြယ္ေရာက္တာေတာင္ သူ႔အတြက္ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ဂ်ဴဗင္တပ္စ္အသင္းကို ဆက္လက္ေပးေခ်ရမယ့္အေနအထားမွာရွိေနပါၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို တစ္ခါတည္းေပးမွာမဟုတ္ဘဲ (၅)ႏွစ္အတြင္းအရစ္က်ခြဲေပးသြားမွာျဖစ္လို႔ စီေရာ္နယ္လ္ဒို (၄၁)ႏွစ္အ႐ြယ္ေရာက္မွ ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို႔ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးအားလုံးရရွိမွာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက ရီးယဲလ္အသင္းဆီကေန စီေရာ္နယ္လ္ဒိုကိုေခၚယူခဲ့ခ်ိန္မွာ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၈၈)သန္းအထိအသုံးျပဳခဲ့ရၿပီး စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝ(၃)ရာသီအတြင္း (၁၃၄)ပြဲကစား၊ (၁၀၁)ဂိုးသြင္းယူခဲ့သလို စီးရီးေအနဲ႔တျခားျပည္တြင္းဆုဖလားေတြရယူႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္တဲ့ခန႔္မွန္းသတင္းေတြထြက္ေပၚခဲ့ၿပီး ေစ်းကြက္ပိတ္သိမ္းဖို႔နီးကပ္လာခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လမ္းခြဲဖို႔ဆုံးျဖတ္ခဲ့သလို မန္စီးတီးအသင္းဆီေျပာင္းေ႐ႊ႕ဖို႔နီးစပ္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းဆီက ကမ္းလွမ္းမႈရရွိခဲ့လို႔ အသင္းေဟာင္းကို ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းမွာ တစ္ပတ္ ေပါင္(၄၈၀,၀၀၀)၊ (၁)ႏွစ္ကို ေပါင္(၂၅)သန္းအထိလစာရရွိမွာျဖစ္ၿပီး တစ္ခ်ိန္က သူဝတ္ဆင္ကစားခဲ့တဲ့ေက်ာနံပါတ္(၇)ဂ်ာစီကို ျပန္လည္ဝတ္ဆင္မွာလည္းျဖစ္ပါတယ္။