စီရော်နယ်လ်ဒို ခေတ်လွန် သမိုင်းသစ်တစ်ခုကို ခက်ခက်ခဲခဲရေးသားနေရတဲ့ ရီးယဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၈ ခုနှစ်တုန်းက နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်းဆီ လက်လွှတ်ခံခဲ့တဲ့အချိန်မှာ ရီးယဲလ်ပရိသတ်တွေ တော်တော်လေးကို ဒေါသပေါက်ကွဲခဲ့ကြတယ်။

ရီးယဲလ်သမိုင်းမှာ စံချိန်တင်သွင်းဂိုးပိုင်ရှင်၊ ချန်ပီယံလိဂ်ဖလားကို (၄)ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ခဲ့သူစတဲ့ မှတ်တမ်းကောင်းတွေ ရယူပေးနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုလို ကစားသမားမျိုးကို လစာကိစ္စညှိလို့ မရတာကြောင့် ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချခဲ့တဲ့အကျိုးဆက်က ဘာလဲဆိုတာ အခုအချိန်မှာ ရီးယဲလ်ဥက္ကဌပီရက်ဇ်တစ်ယောက် ကောင်းကောင်းသိနေလောက်ပြီ။

အသက်အရွယ်ရလာတဲ့ ကစားသမားတစ်ဦးနေရာမှာ သွေးသစ်လောင်းဖို့ လိုအပ်စမြဲဆိုပေမယ့် စီရော်နယ်လ်ဒိုရဲ့နေရာဟာ အလွယ်တကူအစားထိုးလို့ မရတာကို မန်ချက်စတာယူနိုက်တက်အသင်းက သက်သေပြခဲ့သလို အခုရီးယဲလ်အသင်းကလည်း ယူနိုက်တက်လိုပဲ ခံစားနေရပြီ။

စီရော်နယ်လ်ဒို မရှိတဲ့ ၂၀၁၈-၁၉ ရာသီဟာ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့သလို ဖီဖာကလပ်ကမ္ဘာ့ချန်ပီယံဆုကလွဲလို့ အဓိကဆုဖလား ဘာမှကိုမရခဲ့ဘူး။

ရီးယဲလ်အသင်းက စီရော်နယ်လ်ဒို ခေတ်လွန်မှာ ခေတ်သစ်တစ်ခု စတင်နိုင်ဖို့အတွက် မာရီယာနိုကို သူရဲကောင်းအဖြစ်သတ်မှတ်ပြီး ကျောနံပါတ်(၇)ပိုင်ရှင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။

လိုင်ယွန်အသင်းမှာ ဂိုးတွေတဒိုင်းဒိုင်း သွင်းယူခဲ့တာကြောင့် မာရီယာနိုဟာ မထင်မှတ်ဘဲ ရီးယဲလ်အသင်းရဲ့ စင်မြင့်ထက်မှာ သူကောင်းပြုခံခဲ့ရပေမယ့် နံပါတ်(၇)ဝတ်ဆင်ရတဲ့ ဖိအား၊ ပရိသတ်တွေရဲ့ ကြီးမားတွေမျှော်လင့်ချက်တွေအောက်မှာ မလူးသာမလွန့်သာဖြစ်ခဲ့သလို နောက်ဆုံး ပုံမှန်ကစားခွင့်ပျောက်တဲ့အထိပါ အခြေအနေဆိုးသွားတယ်။

ရီးယဲလ်အသင်းကလည်း စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေကြောင့် ချန်ပီယံလိဂ်(၃)ကြိမ်ဆက်ရယူခဲ့သူ ဇီဒန်းကို နည်းပြထိုင်ခုံပေါ် ပြန်ခေါ်ခဲ့ရပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် တာဝန်ပေးခဲ့ပြန်တယ်။ ဇီဒန်းရဲ့ ဘာနေဗျူး တစ်ကျော့ပြန်ခရီးက စီရော်နယ်လ်ဒို မရှိတော့လို့ လွယ်ကူတဲ့လမ်း မဟုတ်ခဲ့ဘူး။ စီရော်နယ်လ်ဒိုကြောင့် ဇီဒန်းဖြစ်ခဲ့တာလား၊ ဇီဒန်းကြောင့် စီရော်နယ်လ်ဒိုဖြစ်ခဲ့တာလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကလည်း အရမ်းကို ရှင်းလင်းသွားခဲ့တယ်။

ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားတစ်လုံးနဲ့ ပရိသတ်တွေကို ချွေးသိပ်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ မန်စီးတီးကို နှစ်ကျော့စလုံးရှုံးပြီး ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရလို့ မက်ဒရစ်မြေမှာကျတဲ့ နှင်းစက်တွေက ဇီဒန်းအတွက် မအေးမြခဲ့တာတော့ အမှန်ပဲ။

ပြီးခဲ့တဲ့ရာသီမှာ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အသည်းနှလုံး ဟာဇက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ကျော်အထိပေးပြီး စီရော်နယ်လ်ဒိုရဲ့ ကွက်လပ်နေရာကို ဖြည့်တင်းဖို့ ကြိုးစားခဲ့ပေမယ့် ဟာဇက်ကလည်း အဲဒီပုစ္ဆာအတွက် မှန်ကန်တဲ့အဖြေမဟုတ်သေးပြန်ဘူး။

အသင်းကို စရောက်လာကတည်းက ဖြစ်သင့်တဲ့ခန္ဓာကိုယ်ထက် ပိုဝနေတဲ့ ဟာဇက်ဟာ အပြာရောက်ခြင်္သေ့အသင်းအတွက် သူ့မှာရှိတဲ့အရည်အသွေး အားလုံးနီးပါးပေးခဲ့ပြီးဖြစ်လို့ ရီးယဲလ်အသင်းမှာ နောက်ထပ်ပေးစရာ မရှိတဲ့အနေအထားမျိုးဖြစ်နေတယ်။ ကျောနံပါတ်(၇)သူရဲကောင်းသစ်ဟာ ဒဏ်ရာရဲ့ထိုးနှက်ချက်တွေကြောင့် ပရိသတ်မြင်ကွင်းထဲကနေ မကြာခဏပျောက်ဆုံးခဲ့ရပြီး အခုအချိန်အထိ အရင်ပုံစံပြန်ရဖို့ ရုန်းကန်နေရဆဲပဲ။

အမှန်တော့ ရီးယဲလ်အသင်းဟာ ခေတ်သစ်တစ်ခုကို ပြန်မတည်ဆောက်နိုင်ခင်စပ်ကြားအချိန်တွေမှာ ရိုလာကိုစတာခရီးစဉ်နဲ့ ကြုံရတာက အစဉ်အလာလိုဖြစ်နေပြီ။

နည်းပြကြီး ဒဲလ်ဘော့စကေးလက်ထက်မှာ ချန်ပီယံလိဂ်(၂)ကြိမ်၊ လာလီဂါ(၂)ကြိမ်စတဲ့ ဆုဖလားတွေရယူခဲ့ပေမယ့် ၂၀၀၃ ခုနှစ်မှာ သူနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း ကြမ်းတမ်းတဲ့ လှိုင်းတံပိုးအောက်မှာ အနိမ့်အမြင့်၊ အတက်အကျတွေကို နှစ်အကြာကြီး ရင်ဆိုင်ခဲ့ရပြီးမှ ၂၀၁၄ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ပြန်ယူပြီး တည်ငြိမ်တဲ့လမ်းကြောင်းပေါ် ရောက်ခဲ့တာပါပဲ။

အဲဒီနောက်မှာ စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်နဲ့ ဇီဒန်းရဲ့ အရည်အသွေးပေါင်းစပ်ပြီး အမြင့်ဆုံးသော အောင်မြင်မှုတွေကို တစ်ခုပြီးတစ်ခု ရယူနိုင်ခဲ့တယ်။ ဇီဒန်းဟာလည်း သူနဲ့ လက်တွဲညီခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ အသက်အရွယ်ရလာချိန်မှာ ပြောင်းလဲမှုတွေလုပ်ရမှာကို မြင်နေလို့ ဗင်နီစီယက်စ်၊ ရိုဒရီဂို၊ မန်ဒီ၊ ဗယ်လ်ဗာဒီစတဲ့ လူငယ်တွေနဲ့ သွေးသစ်လောင်းခဲ့ပေမယ့် အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့ မရတာကြောင့် အချိန်တစ်ခုတော့ လိုအပ်နေပါသေးတယ်။

ဒီရာသီမှာတော့ ရီးယဲလ်အသင်းအခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေဘဝနဲ့ဖြတ်သန်းနေရပြီး လာလီဂါမှာ အခါးသီးဆုံးမြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနဲ့ (၁၀)မှတ်ပြတ်၊ စပိန်ဘုရင့်ဖလားမှာ နာမည်တောင်မကြားဖူးတဲ့ အယ်လ်ကိုရာနိုအသင်းကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရ၊ စပိန်စူပါဖလားမှာ ဘီလ်ဘာအိုကိုရှုံးစတဲ့ မှတ်တမ်းတွေနဲ့ ဇီဒန်းရဲ့ နည်းပြထိုင်ခုံက ခပ်လှုပ်လှုပ်ဖြစ်နေပြီ။

ချန်ပီယံလိဂ် မျှော်လင့်ချက်ရှိနေဆဲဆိုပေမယ့် အသင်းရဲ့လက်ရှိအနေအထားအရ (၃)နှစ်ဆက်ဗိုလ်စွဲတုန်းကလို ရီးယဲလ်ပရိသတ်တွေ ချန်ပီယံဖြစ်မယ်လို့ ရဲရဲဝံ့ဝံ့ လက်မထောင်လို့ မရပါဘူး။ ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ဆိုတာကလည်း နည်းပြတွေကို ဖြုတ်ထုတ်သတ်လုပ်တဲ့နေရာမှာ လက်ယဉ်တဲ့သူဖြစ်လို့ မက်ဒရစ်မြေကို ဇီဒန်း ဒုတိယံမိ စွန့်ခွာရဖို့က ဖြစ်နိုင်ခြေရှိနေဆဲပဲ။

စီရော်နယ်လ်ဒို မရှိတော့တဲ့နောက် သမိုင်းသစ်တစ်ခုကို စတင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ရီးယဲလ်၊ အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နှစ်တော်တော်ကြာ အချိန်ယူရလေ့ရှိတဲ့ ရီးယဲလ်အသင်း အခုရင်ဆိုင်နေရတဲ့ အခြေအနေဆိုးတွေကို အမြန်ဆုံးကျော်ဖြတ်နိုင်မလားဆိုတာကတော့ . . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္လ္ဒို ေခတ္လြန္ သမိုင္းသစ္တစ္ခုကို ခက္ခက္ခဲခဲေရးသားေနရတဲ့ ရီးယဲလ္

၂၀၁၈ ခုႏွစ္တုန္းက နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကို ဂ်ဴဗင္တပ္စ္အသင္းဆီ လက္လႊတ္ခံခဲ့တဲ့အခ်ိန္မွာ ရီးယဲလ္ပရိသတ္ေတြ ေတာ္ေတာ္ေလးကို ေဒါသေပါက္ကြဲခဲ့ၾကတယ္။ ရီးယဲလ္သမိုင္းမွာ စံခ်ိန္တင္သြင္းဂိုးပိုင္ရွင္၊ ခ်န္ပီယံလိဂ္ဖလားကို (၄)ႀကိမ္အထိ ရရွိေအာင္ စြမ္းေဆာင္ခဲ့သူစတဲ့ မွတ္တမ္းေကာင္းေတြ ရယူေပးႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးကို လစာကိစၥညႇိလို႔ မရတာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းဆီ ေရာင္းခ်ခဲ့တဲ့အက်ိဳးဆက္က ဘာလဲဆိုတာ အခုအခ်ိန္မွာ ရီးယဲလ္ဥကၠဌပီရက္ဇ္တစ္ေယာက္ ေကာင္းေကာင္းသိေနေလာက္ၿပီ။ အသက္အ႐ြယ္ရလာတဲ့ ကစားသမားတစ္ဦးေနရာမွာ ေသြးသစ္ေလာင္းဖို႔ လိုအပ္စၿမဲဆိုေပမယ့္ စီေရာ္နယ္လ္ဒိုရဲ႕ေနရာဟာ အလြယ္တကူအစားထိုးလို႔ မရတာကို မန္ခ်က္စတာယူႏိုက္တက္အသင္းက သက္ေသျပခဲ့သလို အခုရီးယဲလ္အသင္းကလည္း ယူႏိုက္တက္လိုပဲ ခံစားေနရၿပီ။ စီေရာ္နယ္လ္ဒို မရွိတဲ့ ၂၀၁၈-၁၉ ရာသီဟာ ရီးယဲလ္အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးရာသီေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ခဲ့သလို ဖီဖာကလပ္ကမာၻ႔ခ်န္ပီယံဆုကလြဲလို႔ အဓိကဆုဖလား ဘာမွကိုမရခဲ့ဘူး။

ရီးယဲလ္အသင္းက စီေရာ္နယ္လ္ဒို ေခတ္လြန္မွာ ေခတ္သစ္တစ္ခု စတင္ႏိုင္ဖို႔အတြက္ မာရီယာႏိုကို သူရဲေကာင္းအျဖစ္သတ္မွတ္ၿပီး ေက်ာနံပါတ္(၇)ပိုင္ရွင္အျဖစ္ သတ္မွတ္ေပးခဲ့တယ္။ လိုင္ယြန္အသင္းမွာ ဂိုးေတြတဒိုင္းဒိုင္း သြင္းယူခဲ့တာေၾကာင့္ မာရီယာႏိုဟာ မထင္မွတ္ဘဲ ရီးယဲလ္အသင္းရဲ႕ စင္ျမင့္ထက္မွာ သူေကာင္းျပဳခံခဲ့ရေပမယ့္ နံပါတ္(၇)ဝတ္ဆင္ရတဲ့ ဖိအား၊ ပရိသတ္ေတြရဲ႕ ႀကီးမားေတြေမွ်ာ္လင့္ခ်က္ေတြေအာက္မွာ မလူးသာမလြန႔္သာျဖစ္ခဲ့သလို ေနာက္ဆုံး ပုံမွန္ကစားခြင့္ေပ်ာက္တဲ့အထိပါ အေျခအေနဆိုးသြားတယ္။ ရီးယဲလ္အသင္းကလည္း စိတ္ပ်က္စရာေကာင္းတဲ့ ရလဒ္ေတြေၾကာင့္ ခ်န္ပီယံလိဂ္(၃)ႀကိမ္ဆက္ရယူခဲ့သူ ဇီဒန္းကို နည္းျပထိုင္ခုံေပၚ ျပန္ေခၚခဲ့ရၿပီး လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ တာဝန္ေပးခဲ့ျပန္တယ္။ ဇီဒန္းရဲ႕ ဘာေနဗ်ဴး တစ္ေက်ာ့ျပန္ခရီးက စီေရာ္နယ္လ္ဒို မရွိေတာ့လို႔ လြယ္ကူတဲ့လမ္း မဟုတ္ခဲ့ဘူး။ စီေရာ္နယ္လ္ဒိုေၾကာင့္ ဇီဒန္းျဖစ္ခဲ့တာလား၊ ဇီဒန္းေၾကာင့္ စီေရာ္နယ္လ္ဒိုျဖစ္ခဲ့တာလားဆိုတဲ့ ေမးခြန္းရဲ႕ အေျဖကလည္း အရမ္းကို ရွင္းလင္းသြားခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီက လာလီဂါဖလားတစ္လုံးနဲ႔ ပရိသတ္ေတြကို ေခြၽးသိပ္ႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာ မန္စီးတီးကို ႏွစ္ေက်ာ့စလုံးရႈံးၿပီး ရႈံးထြက္(၁၆)သင္းအဆင့္က ထြက္ခဲ့ရလို႔ မက္ဒရစ္ေျမမွာက်တဲ့ ႏွင္းစက္ေတြက ဇီဒန္းအတြက္ မေအးျမခဲ့တာေတာ့ အမွန္ပဲ။

ၿပီးခဲ့တဲ့ရာသီမွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ အသည္းႏွလုံး ဟာဇက္ကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၁၀၀)ေက်ာ္အထိေပးၿပီး စီေရာ္နယ္လ္ဒိုရဲ႕ ကြက္လပ္ေနရာကို ျဖည့္တင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဟာဇက္ကလည္း အဲဒီပုစာၦအတြက္ မွန္ကန္တဲ့အေျဖမဟုတ္ေသးျပန္ဘူး။ အသင္းကို စေရာက္လာကတည္းက ျဖစ္သင့္တဲ့ခႏၶာကိုယ္ထက္ ပိုဝေနတဲ့ ဟာဇက္ဟာ အျပာေရာက္ျခေသၤ့အသင္းအတြက္ သူ႔မွာရွိတဲ့အရည္အေသြး အားလုံးနီးပါးေပးခဲ့ၿပီးျဖစ္လို႔ ရီးယဲလ္အသင္းမွာ ေနာက္ထပ္ေပးစရာ မရွိတဲ့အေနအထားမ်ိဳးျဖစ္ေနတယ္။ ေက်ာနံပါတ္(၇)သူရဲေကာင္းသစ္ဟာ ဒဏ္ရာရဲ႕ထိုးႏွက္ခ်က္ေတြေၾကာင့္ ပရိသတ္ျမင္ကြင္းထဲကေန မၾကာခဏေပ်ာက္ဆုံးခဲ့ရၿပီး အခုအခ်ိန္အထိ အရင္ပုံစံျပန္ရဖို႔ ႐ုန္းကန္ေနရဆဲပဲ။

အမွန္ေတာ့ ရီးယဲလ္အသင္းဟာ ေခတ္သစ္တစ္ခုကို ျပန္မတည္ေဆာက္ႏိုင္ခင္စပ္ၾကားအခ်ိန္ေတြမွာ ႐ိုလာကိုစတာခရီးစဥ္နဲ႔ ႀကဳံရတာက အစဥ္အလာလိုျဖစ္ေနၿပီ။ နည္းျပႀကီး ဒဲလ္ေဘာ့စေကးလက္ထက္မွာ ခ်န္ပီယံလိဂ္(၂)ႀကိမ္၊ လာလီဂါ(၂)ႀကိမ္စတဲ့ ဆုဖလားေတြရယူခဲ့ေပမယ့္ ၂၀၀၃ ခုႏွစ္မွာ သူနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း ၾကမ္းတမ္းတဲ့ လႈိင္းတံပိုးေအာက္မွာ အနိမ့္အျမင့္၊ အတက္အက်ေတြကို ႏွစ္အၾကာႀကီး ရင္ဆိုင္ခဲ့ရၿပီးမွ ၂၀၁၄ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလား ျပန္ယူၿပီး တည္ၿငိမ္တဲ့လမ္းေၾကာင္းေပၚ ေရာက္ခဲ့တာပါပဲ။ အဲဒီေနာက္မွာ စီေရာ္နယ္လ္ဒိုရဲ႕ စြမ္းေဆာင္ရည္နဲ႔ ဇီဒန္းရဲ႕ အရည္အေသြးေပါင္းစပ္ၿပီး အျမင့္ဆုံးေသာ ေအာင္ျမင္မႈေတြကို တစ္ခုၿပီးတစ္ခု ရယူႏိုင္ခဲ့တယ္။ ဇီဒန္းဟာလည္း သူနဲ႔ လက္တြဲညီခဲ့ၾကတဲ့ ရဲေဘာ္ရဲဘက္ေတြ အသက္အ႐ြယ္ရလာခ်ိန္မွာ ေျပာင္းလဲမႈေတြလုပ္ရမွာကို ျမင္ေနလို႔ ဗင္နီစီယက္စ္၊ ႐ိုဒရီဂို၊ မန္ဒီ၊ ဗယ္လ္ဗာဒီစတဲ့ လူငယ္ေတြနဲ႔ ေသြးသစ္ေလာင္းခဲ့ေပမယ့္ အခုေရတြင္းတူး၊ အခုေရၾကည္ေသာက္လို႔ မရတာေၾကာင့္ အခ်ိန္တစ္ခုေတာ့ လိုအပ္ေနပါေသးတယ္။

ဒီရာသီမွာေတာ့ ရီးယဲလ္အသင္းအေျခအေနက တစ္ေန႔ေ႐ႊ၊ တစ္ေန႔ေငြဘဝနဲ႔ျဖတ္သန္းေနရၿပီး လာလီဂါမွာ အခါးသီးဆုံးၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုအသင္းနဲ႔ (၁၀)မွတ္ျပတ္၊ စပိန္ဘုရင့္ဖလားမွာ နာမည္ေတာင္မၾကားဖူးတဲ့ အယ္လ္ကိုရာႏိုအသင္းကို ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရ၊ စပိန္စူပါဖလားမွာ ဘီလ္ဘာအိုကိုရႈံးစတဲ့ မွတ္တမ္းေတြနဲ႔ ဇီဒန္းရဲ႕ နည္းျပထိုင္ခုံက ခပ္လႈပ္လႈပ္ျဖစ္ေနၿပီ။ ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ခ်က္ရွိေနဆဲဆိုေပမယ့္ အသင္းရဲ႕လက္ရွိအေနအထားအရ (၃)ႏွစ္ဆက္ဗိုလ္စြဲတုန္းကလို ရီးယဲလ္ပရိသတ္ေတြ ခ်န္ပီယံျဖစ္မယ္လို႔ ရဲရဲဝံ့ဝံ့ လက္မေထာင္လို႔ မရပါဘူး။ ရီးယဲလ္ဥကၠဌ ပီရက္ဇ္ဆိုတာကလည္း နည္းျပေတြကို ျဖဳတ္ထုတ္သတ္လုပ္တဲ့ေနရာမွာ လက္ယဥ္တဲ့သူျဖစ္လို႔ မက္ဒရစ္ေျမကို ဇီဒန္း ဒုတိယံမိ စြန႔္ခြာရဖို႔က ျဖစ္ႏိုင္ေျခရွိေနဆဲပဲ။ စီေရာ္နယ္လ္ဒို မရွိေတာ့တဲ့ေနာက္ သမိုင္းသစ္တစ္ခုကို စတင္ဖို႔ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရတဲ့ ရီးယဲလ္၊ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ ႏွစ္ေတာ္ေတာ္ၾကာ အခ်ိန္ယူရေလ့ရွိတဲ့ ရီးယဲလ္အသင္း အခုရင္ဆိုင္ေနရတဲ့ အေျခအေနဆိုးေတြကို အျမန္ဆုံးေက်ာ္ျဖတ္ႏိုင္မလားဆိုတာကေတာ့ . . . .