စီရော်နယ်လ်ဒို၊ မက်ဆီတို့လို သွင်းဂိုးမှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့တဲ့ ဆွာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းရဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ဟာ အလာဗတ်စ်နဲ့ကစားခဲ့တဲ့ လာလီဂါပွဲမှာ အသင်းအတွက်ဂိုးသွင်းယူခဲ့ပြီး နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်လ်ဒို၊ မက်ဆီတို့လိုပဲ ကစားသမားဘ၀ ဂိုး(၅၀၀)ပြည့်သွင်းယူခဲ့သူအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ အလာဗတ်စ်နဲ့ပွဲမှာ ဆွာရက်ဇ်ဟာ အသင်းအတွက်တစ်လုံးသောအနိုင်ဂိုးကို (၅၄)မိနစ်မှာ ထရစ်ပီယာရဲ့ပေးပို့မှုကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ဆွာရက်ဇ်အတွက် အခုရာသီလာလီဂါမှာ (၁၉)ဂိုးမြောက်ဖြစ်ပြီး သူ့ထက်သွင်းဂိုးပိုများတာက ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ(၂၁ဂိုး)သာ ရှိပါတော့တယ်။ ဒါ့အပြင် ဆွာရက်ဇ်ဟာ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး(၅၀၀)အထိသွင်းယူခဲ့တဲ့ ပထမဆုံးဥရုဂွေးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါပြီ။

ဆွာရက်ဇ်ရဲ့ကစားသမားဘဝတစ်လျှောက် ဂိုးအများဆုံးသွင်းယူခဲ့တာက ဘာစီလိုနာကစားသမားဘဝမှာဖြစ်ပြီး (၁၉၈)ဂိုးအထိသွင်းခဲ့သလို လာလီဂါ(၄)ကြိမ်နဲ့ ချန်ပီယံလိဂ်(၁)ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဥရုဂွေးကလပ်နေစီယွန်နယ်အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ စတင်ခဲ့သူ ဆွာရက်ဇ်ဟာ နေစီယွန်နယ်အသင်းအတွက် (၁၂)ဂိုး၊ ဂရိုနင်ဂျန်အသင်းအတွက် (၁၅)ဂိုး၊ အေဂျက်စ်ကစားသမားဘဝမှာ (၁၁၁)ဂိုး၊ လီဗာပူးလ်အသင်းအတွက် (၈၂)ဂိုးသွင်းယူခဲ့ပြီး ဥရုဂွေးလက်ရွေးစင်အသင်းအတွက် (၆၃)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဆွာရက်ဇ်ဟာ ဘောလုံးလောကမှာ လက်ရှိကစားနေတဲ့ ကစားသမားတွေထဲမှာ သွင်းဂိုး(၅၀၀)ပြည့်ခဲ့တဲ့ ပဉ္စမမြောက်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိကစားနေတဲ့ ကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေတာက ဂျူဗင်တပ်စ်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဖြစ်ပြီး (၇၈၈)ဂိုးနဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နေတာပါ။ မက်ဆီကတော့ (၇၅၉)ဂိုးနဲ့ အဆင့်(၂)၊ အီဘရာဟီမိုဗစ်၊ လီဝန်ဒေါစကီးတို့က (၅၇၀)ဂိုး၊ (၅၄၁)ဂိုးနဲ့ အဆင့်(၃၊၄)နေရာတွေမှာ ရပ်တည်နေကြပါတယ်။

ဘာစီလိုနာအသင်းဟာ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်လို့ ဆွာရက်ဇ်ကို စာချုပ်ထပ်မချုပ်ဘဲ လက်လွှတ်ခံခဲ့ပြီး အခု ဆွာရက်ဇ်က အက်သလက်တီကိုအသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတာကြောင့် မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔လို သြင္းဂိုးမွတ္တမ္းေကာင္းတစ္ခု ပိုင္ဆိုင္ခဲ့တဲ့ ဆြာရက္ဇ္

အက္သလက္တီကိုအသင္းရဲ႕ ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉး ဆြာရက္ဇ္ဟာ အလာဗတ္စ္နဲ႔ကစားခဲ့တဲ့ လာလီဂါပြဲမွာ အသင္းအတြက္ဂိုးသြင္းယူခဲ့ၿပီး နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔လိုပဲ ကစားသမားဘ၀ ဂိုး(၅၀၀)ျပည့္သြင္းယူခဲ့သူအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။ အလာဗတ္စ္နဲ႔ပြဲမွာ ဆြာရက္ဇ္ဟာ အသင္းအတြက္တစ္လုံးေသာအႏိုင္ဂိုးကို (၅၄)မိနစ္မွာ ထရစ္ပီယာရဲ႕ေပးပို႔မႈကေန သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ ဆြာရက္ဇ္အတြက္ အခုရာသီလာလီဂါမွာ (၁၉)ဂိုးေျမာက္ျဖစ္ၿပီး သူ႔ထက္သြင္းဂိုးပိုမ်ားတာက ဘာစီလိုနာတိုက္စစ္မႉးမက္ဆီ(၂၁ဂိုး)သာ ရွိပါေတာ့တယ္။ ဒါ့အျပင္ ဆြာရက္ဇ္ဟာ ကစားသမားဘဝတစ္ေလွ်ာက္ သြင္းဂိုး(၅၀၀)အထိသြင္းယူခဲ့တဲ့ ပထမဆုံးဥ႐ုေဂြးကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ ဆြာရက္ဇ္ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းယူခဲ့တာက ဘာစီလိုနာကစားသမားဘဝမွာျဖစ္ၿပီး (၁၉၈)ဂိုးအထိသြင္းခဲ့သလို လာလီဂါ(၄)ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္(၁)ႀကိမ္ ရယူႏိုင္ခဲ့ပါတယ္။

ဥ႐ုေဂြးကလပ္ေနစီယြန္နယ္အသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘ၀ စတင္ခဲ့သူ ဆြာရက္ဇ္ဟာ ေနစီယြန္နယ္အသင္းအတြက္ (၁၂)ဂိုး၊ ဂ႐ိုနင္ဂ်န္အသင္းအတြက္ (၁၅)ဂိုး၊ ေအဂ်က္စ္ကစားသမားဘဝမွာ (၁၁၁)ဂိုး၊ လီဗာပူးလ္အသင္းအတြက္ (၈၂)ဂိုးသြင္းယူခဲ့ၿပီး ဥ႐ုေဂြးလက္ေ႐ြးစင္အသင္းအတြက္ (၆၃)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဆြာရက္ဇ္ဟာ ေဘာလုံးေလာကမွာ လက္ရွိကစားေနတဲ့ ကစားသမားေတြထဲမွာ သြင္းဂိုး(၅၀၀)ျပည့္ခဲ့တဲ့ ပၪၥမေျမာက္ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ လက္ရွိကစားေနတဲ့ ကစားသမားေတြထဲမွာ သြင္းဂိုးအမ်ားဆုံးအျဖစ္ ရပ္တည္ေနတာက ဂ်ဴဗင္တပ္စ္နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုျဖစ္ၿပီး (၇၈၈)ဂိုးနဲ႔ ထိပ္ဆုံးေနရာမွာရပ္တည္ေနတာပါ။ မက္ဆီကေတာ့ (၇၅၉)ဂိုးနဲ႔ အဆင့္(၂)၊ အီဘရာဟီမိုဗစ္၊ လီဝန္ေဒါစကီးတို႔က (၅၇၀)ဂိုး၊ (၅၄၁)ဂိုးနဲ႔ အဆင့္(၃၊၄)ေနရာေတြမွာ ရပ္တည္ေနၾကပါတယ္။

ဘာစီလိုနာအသင္းဟာ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္လို႔ ဆြာရက္ဇ္ကို စာခ်ဳပ္ထပ္မခ်ဳပ္ဘဲ လက္လႊတ္ခံခဲ့ၿပီး အခု ဆြာရက္ဇ္က အက္သလက္တီကိုအသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူေနတာေၾကာင့္ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္လို႔သတ္မွတ္ရမွာပဲျဖစ္ပါတယ္။