စီရော်နယ်လ်ဒို၊ မက်ဆီခေတ်လွန်မှာ ဟာလန်းက ၂၁ ရာစုရဲ့ ဂိုးသွင်းစက်ဖြစ်လာပြီလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟာလန်းကို ဘယ်အသင်းကမှ တားဆီးလို့မရတော့ဘူးလား . .အသက်(၂၁)နှစ်သာရှိသေးတဲ့ ဒီ’နော်ဝေချာတိတ်လေး’က ဘောလုံးစင်မြင့်ပေါ်ရောက်လို့ ဘာမှမကြာခင်မှာပဲ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြပြီး ပြိုင်ဘက်တွေကို မရှုမလှချေမှုန်းပြနေတာက ကြည့်လို့တောင်မကောင်းတော့ဘူး။

မိုလ်ဒီမှာကတည်းက ‘တောက်မယ့်မီးခဲ တရဲရဲ’ဖြစ်နေတဲ့ ဟာလန်းတစ်ယောက် ဆာလ်ဘာ့ဂ်အသင်းကိုရောက်ပြီး ကစားသမားဘဝ Upgrade လုပ်ချိန်မှာ တစ်ကမ္ဘာလုံးက မီဒီယာတွေရော၊ ဥရောပထိပ်သီးကလပ်တွေပါ သတိထားမိလောက်တဲ့အထိ ခြေစွမ်းပြခဲ့တာမလား။

၂၀၁၉-၂၀ ရာသီမှာ ဆာလ်ဘာ့ဂ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်ပွဲမှာပဲ ဟက်ထရစ်စသွင်းပြီး အသက်(၁၉)နှစ်အရွယ်မှာပဲ ဘောလုံးလောကရဲ့’ ခေါင်’ကြီးတွေဖြစ်တဲ့ ဗန်ဘက်စတန်၊ ရွန်နီတို့နဲ့အတူ ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းခဲ့တဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်ပြလိုက်တယ်။

ဒါတင်မကသေးဘဲ ..ချန်ပီယံလိဂ်(၅)ပွဲဆက်တိုက်ဂိုးသွင်းခဲ့လို့ ဒယ်လ်ပီယာရို၊ ရီဘရော့ဗ်၊ နေမာ၊ စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီးတို့သာ စွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို အရယူပြခဲ့ပြီး

ဆယ်ကျော်သက်ကစားသမားတွေထဲမှာ ချန်ပီယံလိဂ်(၅)ပွဲဆက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်ကိုပါ ပိုင်ဆိုင်ခဲ့ပြန်တယ်။

ဆယ်ကျော်သက်အရွယ်မှာကတည်းက ဒေါင်ဒေါင်မြည်ခြေစွမ်းပြသနေတဲ့ ဟာလန်းဟာ ဒေ့ါမွန်ကို ရောက်တော့လည်း ရပ်တန့်လို့မရသေးတဲ့ စွမ်းဆောင်ရည် ဆက်ပြီးပြနေတုန်းပဲ။

ဒေါ့မွန်အသင်းမှာကစားတဲ့ (၂)ရာသီကျော်ကာလအတွင်းမှာပဲ သူ့သွင်းထားတဲ့ဂိုးအရေအတွက်က (၆၇)ပွဲ၊ (၆၈)ဂိုးဆိုတော့ တစ်ပွဲတစ်ဂိုးနှုန်းတောင် မဟုတ်တော့ဘူး။

ဒါတောင် ကိုယ်တော်လေးက သူ့ဂိုးသွင်းစွမ်းဆောင်ရည်ကို မကျေမနပ်ဖြစ်နေပြီး ကစားတဲ့ပွဲအရေအတွက်ထက် ဂိုးတွေပိုသွင်းချင်တယ်လို့ သိပ်မကြာသေးခင်ကပဲ ကြုံးဝါးခဲ့သေးတယ်။

ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်မှာ သွင်းဂိုး(၁၀)ဂိုးနဲ့ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ ဟာလန်း အသက်(၂၀)အရွယ်မှာကတည်းက တစ်ခေတ်တစ်ခါတုန်းက ဘောလုံးဥသျှောင်ကြီးတွေဖြစ်ကြတဲ့

ဘရာဇီးလ်ဂန္ထဝင်ကြီးရော်နယ်လ်ဒို၊ ဘောလုံးမှော်ဆရာလို့ သတ်မှတ်ခဲ့ခဲ့ရတဲ့ ဇီဒန်းတို့ထက်တောင် ချန်ပီယံလိဂ်သွင်းဂိုးပိုများခဲ့တယ်။

ဒါတင်ဘယ်ဟုတ်ဦးမလဲ . .အခုဆိုရင် ဟာလန်းက ချန်ပီယံလိဂ်(၁၇)ပွဲသာကစားပြီးချိန်မှာ (၂၁)ဂိုးအထိသွင်းယူခဲ့တာကြောင့် ပွဲအနည်းဆုံးနဲ့ အဲဒီသွင်းဂိုးအရေအတွက်ပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားဖြစ်ခဲ့တဲ့အပြင်

သွင်းဂိုးတစ်ဂိုးအတွက် (၆၃)မိနစ်သာအချိန်ယူရလို့ ချန်ပီယံလိဂ်သွင်းဂိုး(၂၀)နဲ့အထက် သွင်းခဲ့တဲ့ကစားသမားတွေထဲမှာ တစ်ပွဲပျမ်းမျှသွင်းဂိုးရာခိုင်နှုန်းအကောင်းဆုံးလည်းဖြစ်ခဲ့တယ်။

လက်ရှိဘောလုံးလောကမှာ ပြိုင်ဘက်ကင်းလို့ သတ်မှတ်ခံထားရတဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့တောင် ဟာလန်းလိုအသက်အရွယ်မှာ အဲဒီလောက် မစွမ်းဆောင်နိုင်ခဲ့ဘူး။

ချန်ပီယံလိဂ်(၁၇)ပွဲကစားအပြီးမှာ မက်ဆီက (၆)ဂိုးသာသွင်းခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၃၅)ဂိုးနဲ့စံချိန်တင်ထားတဲ့ ဆရာကြီးစီရော်နယ်လ်ဒိုဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချန်ပီယံလိဂ်ဂိုးတောင် စျေးဦးမပေါက်သေးတဲ့အနေအထားဖြစ်ခဲ့တယ်။

အသက်ငယ်ငယ်လေးနဲ့ ဘောလုံးလောကရဲ့ဂန္ထဝင်ကြီးတွေကို Knock Out ချနိုင်ခဲ့တဲ့အပြင် စီရော်နယ်လ်ဒို၊ မက်ဆီတို့တောင် မစွမ်းဆောင်နိုင်တဲ့ သွင်းဂိုးစွမ်းရည်ပိုင်ဆိုင်ထားတဲ့ ဟာလန်းရဲ့အရည်အသွေးက ဘာမှသံသယဖြစ်စရာမလိုတော့ဘူး။

ဒီပုံစံအတိုင်းသာဆိုရင် စီရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကိုတောင် တစ်ချိန်မှာ ဟာလန်း ကျော်ဖြတ်သွားမလားပဲ။

သေချာတာကတော့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ ခေတ်လွန်မှာ ၂၁ ရာစုရဲ့ဂိုးသွင်းစက်ဖြစ်လာမယ့်သူက ဟာလန်းပဲဆိုတာ မြေကြီးလက်ခတ်မလွဲပဲဖြစ်ပါတော့တယ် ..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒို၊ မက္ဆီေခတ္လြန္မွာ ဟာလန္းက ၂၁ ရာစုရဲ႕ ဂိုးသြင္းစက္ျဖစ္လာၿပီလား

ဟာလန္းကို ဘယ္အသင္းကမွ တားဆီးလို႔မရေတာ့ဘူးလား . .အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဒီ’ေနာ္ေဝခ်ာတိတ္ေလး’က ေဘာလုံးစင္ျမင့္ေပၚေရာက္လို႔ ဘာမွမၾကာခင္မွာပဲ ဂိုးေတြတဒိုင္းဒိုင္းသြင္းျပၿပီး ၿပိဳင္ဘက္ေတြကို မရႈမလွေခ်မႈန္းျပေနတာက ၾကည့္လို႔ေတာင္မေကာင္းေတာ့ဘူး။ မိုလ္ဒီမွာကတည္းက ‘ေတာက္မယ့္မီးခဲ တရဲရဲ’ျဖစ္ေနတဲ့ ဟာလန္းတစ္ေယာက္ ဆာလ္ဘာ့ဂ္အသင္းကိုေရာက္ၿပီး ကစားသမားဘဝ Upgrade လုပ္ခ်ိန္မွာ တစ္ကမာၻလုံးက မီဒီယာေတြေရာ၊ ဥေရာပထိပ္သီးကလပ္ေတြပါ သတိထားမိေလာက္တဲ့အထိ ေျခစြမ္းျပခဲ့တာမလား။

၂၀၁၉-၂၀ ရာသီမွာ ဆာလ္ဘာ့ဂ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲဦးထြက္ပြဲမွာပဲ ဟက္ထရစ္စသြင္းၿပီး အသက္(၁၉)ႏွစ္အ႐ြယ္မွာပဲ ေဘာလုံးေလာကရဲ႕’ ေခါင္’ႀကီးေတြျဖစ္တဲ့ ဗန္ဘက္စတန္၊ ႐ြန္နီတို႔နဲ႔အတူ ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာ ဂိုးသြင္းခဲ့တဲ့ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ျပလိုက္တယ္။ ဒါတင္မကေသးဘဲ ..ခ်န္ပီယံလိဂ္(၅)ပြဲဆက္တိုက္ဂိုးသြင္းခဲ့လို႔ ဒယ္လ္ပီယာ႐ို၊ ရီဘေရာ့ဗ္၊ ေနမာ၊ စီေရာ္နယ္လ္ဒို၊ လီဝန္ေဒါစကီးတို႔သာ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းကို အရယူျပခဲ့ၿပီး ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ ခ်န္ပီယံလိဂ္(၅)ပြဲဆက္ဂိုးသြင္းခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံခ်ိန္ကိုပါ ပိုင္ဆိုင္ခဲ့ျပန္တယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာကတည္းက ေဒါင္ေဒါင္ျမည္ေျခစြမ္းျပသေနတဲ့ ဟာလန္းဟာ ေဒ့ါမြန္ကို ေရာက္ေတာ့လည္း ရပ္တန႔္လို႔မရေသးတဲ့ စြမ္းေဆာင္ရည္ ဆက္ၿပီးျပေနတုန္းပဲ။ ေဒါ့မြန္အသင္းမွာကစားတဲ့ (၂)ရာသီေက်ာ္ကာလအတြင္းမွာပဲ သူ႔သြင္းထားတဲ့ဂိုးအေရအတြက္က (၆၇)ပြဲ၊ (၆၈)ဂိုးဆိုေတာ့ တစ္ပြဲတစ္ဂိုးႏႈန္းေတာင္ မဟုတ္ေတာ့ဘူး။

ဒါေတာင္ ကိုယ္ေတာ္ေလးက သူ႔ဂိုးသြင္းစြမ္းေဆာင္ရည္ကို မေက်မနပ္ျဖစ္ေနၿပီး ကစားတဲ့ပြဲအေရအတြက္ထက္ ဂိုးေတြပိုသြင္းခ်င္တယ္လို႔ သိပ္မၾကာေသးခင္ကပဲ ႀကဳံးဝါးခဲ့ေသးတယ္။ ၿပီးခဲ့တဲ့ရာသီ၊ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး(၁၀)ဂိုးနဲ႔ဂိုးသြင္းအမ်ားဆုံးျဖစ္ခဲ့တဲ့ ဟာလန္း အသက္(၂၀)အ႐ြယ္မွာကတည္းက တစ္ေခတ္တစ္ခါတုန္းက ေဘာလုံးဥေသွ်ာင္ႀကီးေတြျဖစ္ၾကတဲ့ ဘရာဇီးလ္ဂႏၴဝင္ႀကီးေရာ္နယ္လ္ဒို၊ ေဘာလုံးေမွာ္ဆရာလို႔ သတ္မွတ္ခဲ့ခဲ့ရတဲ့ ဇီဒန္းတို႔ထက္ေတာင္ ခ်န္ပီယံလိဂ္သြင္းဂိုးပိုမ်ားခဲ့တယ္။

ဒါတင္ဘယ္ဟုတ္ဦးမလဲ . .အခုဆိုရင္ ဟာလန္းက ခ်န္ပီယံလိဂ္(၁၇)ပြဲသာကစားၿပီးခ်ိန္မွာ (၂၁)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ပြဲအနည္းဆုံးနဲ႔ အဲဒီသြင္းဂိုးအေရအတြက္ပိုင္ဆိုင္ခဲ့တဲ့ ပထမဆုံးဆယ္ေက်ာ္သက္ကစားသမားျဖစ္ခဲ့တဲ့အျပင္ သြင္းဂိုးတစ္ဂိုးအတြက္ (၆၃)မိနစ္သာအခ်ိန္ယူရလို႔ ခ်န္ပီယံလိဂ္သြင္းဂိုး(၂၀)နဲ႔အထက္ သြင္းခဲ့တဲ့ကစားသမားေတြထဲမွာ တစ္ပြဲပ်မ္းမွ်သြင္းဂိုးရာခိုင္ႏႈန္းအေကာင္းဆုံးလည္းျဖစ္ခဲ့တယ္။ လက္ရွိေဘာလုံးေလာကမွာ ၿပိဳင္ဘက္ကင္းလို႔ သတ္မွတ္ခံထားရတဲ့ စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ေတာင္ ဟာလန္းလိုအသက္အ႐ြယ္မွာ အဲဒီေလာက္ မစြမ္းေဆာင္ႏိုင္ခဲ့ဘူး။

ခ်န္ပီယံလိဂ္(၁၇)ပြဲကစားအၿပီးမွာ မက္ဆီက (၆)ဂိုးသာသြင္းခဲ့သလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၁၃၅)ဂိုးနဲ႔စံခ်ိန္တင္ထားတဲ့ ဆရာႀကီးစီေရာ္နယ္လ္ဒိုဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ခ်န္ပီယံလိဂ္ဂိုးေတာင္ ေစ်းဦးမေပါက္ေသးတဲ့အေနအထားျဖစ္ခဲ့တယ္။ အသက္ငယ္ငယ္ေလးနဲ႔ ေဘာလုံးေလာကရဲ႕ဂႏၴဝင္ႀကီးေတြကို Knock Out ခ်ႏိုင္ခဲ့တဲ့အျပင္ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ေတာင္ မစြမ္းေဆာင္ႏိုင္တဲ့ သြင္းဂိုးစြမ္းရည္ပိုင္ဆိုင္ထားတဲ့ ဟာလန္းရဲ႕အရည္အေသြးက ဘာမွသံသယျဖစ္စရာမလိုေတာ့ဘူး။ ဒီပုံစံအတိုင္းသာဆိုရင္ စီေရာ္နယ္လ္ဒိုရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္ကိုေတာင္ တစ္ခ်ိန္မွာ ဟာလန္း ေက်ာ္ျဖတ္သြားမလားပဲ။ ေသခ်ာတာကေတာ့ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ ေခတ္လြန္မွာ ၂၁ ရာစုရဲ႕ဂိုးသြင္းစက္ျဖစ္လာမယ့္သူက ဟာလန္းပဲဆိုတာ ေျမႀကီးလက္ခတ္မလြဲပဲျဖစ္ပါေတာ့တယ္ ..