စီရော်နယ်လ်ဒို၊ ဆန်ချိုတို့ရဲ့ဂိုးတွေနဲ့ ကာရစ်အဖွင့်လှပြီး အုပ်စုကတက်ခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ယူနိုက်တက်အသင်းမှာ ပျောက်ဆုံးနေတာက ဘောလုံးအသင်းတစ်သင်းနဲ့ကိုက်ညီတဲ့ စုစည်းမှုမျိုးမရှိတာဘဲဖြစ်ပြီး

ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုမရှိဘဲ တစ်ယောက်ချင်းကစားနေရသလိုဖြစ်နေတာပါပဲ။

ဒါက,ကစားသမားသစ်တွေသာမဟုတ်ဘဲ ကျန်တဲ့စီနီယာကစားသမားတွေကြားမှာပါ အရင်လိုနားလည်မှုတွေမရှိတော့တာ အံ့အားသင့်စရာကောင်းတယ်။

ပြီးခဲ့တဲ့ရာသီတွေမှာ အဲဒီအားနည်းချက်ကို ဘရူနိုဖာနန်ဒက်စ်က ကွင်းထဲမှာ အသေရုန်းပြီးတော့ တစ်သင်းလုံးနဲ့ချိတ်ဆက်ကစားပေးခဲ့ပေမယ့်

တစ်ရာသီလုံးတောက်လျှောက် ပွဲတိုင်းကစားရတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်လည်း အခုနောက်ပိုင်း သိပ်မရုန်းနိုင်တော့သလိုဖြစ်နေတယ်။

နောက်တစ်ချက်က ယူနိုက်တက်အသင်းရဲ့ တိုက်စစ်နဲ့ကွင်းလယ်တိုက်စစ်ပိုင်းမှာ ကစားပုံမတူတဲ့ ကစားသမားကောင်းတွေရှိနေပေမယ့်

ဆိုးလ်ရှားရော၊ အခု ကာရစ်ပါ အဲဒီအားသာချက်ကို ဘယ်လိုသုံးရမလဲ မသိသေးတဲ့ပုံပါပဲ။

ဥပမာပြောရရင် ကာရစ်က အခုပွဲမှာ ဗန်ဒီဘိခ်ကို ပွဲထွက်ခွင့်ပေးခဲ့ပေမယ့် ဗန်ဒီဘိခ်ဟာ တွဲကစားမယ့်သူမရှိဖြစ်နေသလို

သူ့အတွက် Cover လုပ်ပေးမယ့်သူမရှိတဲ့အတွက် လူစားလဲမခံရခင်အချိန်အထိ ဘာမှကို မလုပ်ပြနိုင်ခဲ့ဘူး။

ဝက်ဖို့ဒ်နဲ့ပွဲမှာ ဗန်ဒီဘိခ်က ကွင်းလယ်ညာခြမ်းကနေ ဆန်ချိုနဲ့ Link Up လုပ်ကစားသလို ဘရူနိုဖာနန်ဒက်စ်ရှိနေလို့ သူ့အတွက် Space တွေရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ရမှာပါ။

ကာရစ်လက်ထက်မှာလည်း ဖရက်ဒ်နဲ့တွမ်မီနေးအတွဲအပေါ် ဆက်ပြီးတော့ မှီခိုနေတာက စိတ်ပျက်စရာကောင်းပြီး

နှစ်ယောက်စလုံးဆီက ခံစစ်နဲ့တိုက်စစ်အတွက်ဘာမှမျှော်လင့်လို့မရတဲ့အတွက် ဖြစ်သင့်တာကတော့ ဖရက်ဒ် ဒါမှမဟုတ် တွမ်မီနေးတစ်ယောက်ကိုသာ

ပွဲထုတ်ပြီးတော့ ကျန်တဲ့နေရာမှာ ဗန်ဒီဘိခ်ကို အသုံးပြုသင့်တယ်လို့ထင်မိတယ်။

ဒီပွဲမှာ ဗီလာရီးယဲလ်အသင်းဟာ သာမန်အတိုင်းလေးပဲကစားနေတာတောင် ယူနိုက်တက်ခံစစ်ပိုင်းက မထိန်းချုပ်နိုင်ခဲ့ဘဲ

အပိုင်ဂိုးသွင်းချက်နှစ်ကြိမ်လောက်ကို ထုံးစံအတိုင်း ဒီဂီယာ မယုံနိုင်လောက်အောင်ကာကွယ်ခဲ့လို့သာ ယူနိုက်တက်သက်သာခဲ့ရတယ်။

Holding Midfielders နှစ်ယောက်ထားတာတောင် ဘာလို့ပြိုင်ဘက်တိုက်စစ်ကို မထိန်းချုပ်နိုင်ရတာလဲဆိုတဲ့ပြဿနာအတွက် အဖြေရှိပေမယ့်

ကာရစ်တစ်ယောက် အပြောင်းအလဲကို ရဲရဲဝံ့ဝံ့မလုပ်ရဲဘဲ ဖရက်ဒ်နဲ့တွမ်မီနေးတို့ကို ဆက်သုံးနေဆဲပါပဲ။

ပွဲရလဒ်အရ ယူနိုက်တက်နိုင်ခဲ့လို့ကျေနပ်စရာဖြစ်ပေမယ့် ကွင်းတွင်းခြေစွမ်းပိုင်းမှာတော့ အားနည်းချက်တွေရှိနေဆဲဖြစ်ပြီး လာမယ့်ချယ်လ်ဆီးနဲ့ပွဲကျရင်လည်း ထပ်ခံရဖို့ရှိနေပါတယ်။

ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ဝင်လာပြီးနောက်ပိုင်း ယူနိုက်တက်အသင်း တန်ပြန်တိုက်စစ်တွေနဲ့ ဗီလာရီးယဲလ်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး

ဆန်ချို အစောကတည်းက အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးသမားရူလီကာကွယ်နိုင်ခဲ့ပါတယ်။

(၇၈)မိနစ်မှာ ရခဲ့တဲ့ဂိုးကတော့ ရူလီရဲ့အမှားမကင်းဘဲ သူလူပေးမှားတာကနေ ပြန်ကျွံထွက်လာတဲ့ဘောလုံးကို

စီရော်နယ်လ်ဒိုက ပါးပါးနပ်နပ်နဲ့ အသာလေး Lob လုပ်ပြီးတော့ သွင်းခဲ့တာပါ။

ပွဲပြီးခါနီးမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေ ဆန်ချိုက ယူနိုက်တက်ကစားသမားဘဝ(၁၅)ပွဲမြောက်မှာ ပထမဆုံးဂိုးအဖြစ် သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ယန်းဘွိုင်းစ်နဲ့ပွဲရလဒ်ကို စောင့်ကြည့်စရာမလိုတော့ဘဲ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

တစ်ခု စိုးရိမ်စရာရှိတာက ဆိုးလ်ရှားတုန်းက ယာယီနည်းပြဘဝနဲ့ ရလဒ်ကောင်းတွေဆက်တိုက်ရယူနိုင်ခဲ့လို့

ယူနိုက်တက်ဘုတ်အဖွဲ့ဟာ ယုံကြည်မှုမှားပြီး ဆိုးလ်ရှားကို အမြဲတမ်းနည်းပြခန့်ခဲ့သလိုမျိုး အခု ကာရစ်လက်ထက်မှာလည်း

အဲဒီလို ရူးကြောင်ကြောင်အမှားအမျိုးထပ်လုပ်မှာကိုပဲ စိုးရိမ်ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳတို႔ရဲ႕ဂိုးေတြနဲ႔ ကာရစ္အဖြင့္လွၿပီး အုပ္စုကတက္ခဲ့တဲ့ ယူႏိုက္တက္

ဒီရာသီ ယူႏိုက္တက္အသင္းမွာ ေပ်ာက္ဆုံးေနတာက ေဘာလုံးအသင္းတစ္သင္းနဲ႔ကိုက္ညီတဲ့ စုစည္းမႈမ်ိဳးမရွိတာဘဲျဖစ္ၿပီး

ကစားသမားေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ခ်ိတ္ဆက္မႈမရွိဘဲ တစ္ေယာက္ခ်င္းကစားေနရသလိုျဖစ္ေနတာပါပဲ။

ဒါက,ကစားသမားသစ္ေတြသာမဟုတ္ဘဲ က်န္တဲ့စီနီယာကစားသမားေတြၾကားမွာပါ အရင္လိုနားလည္မႈေတြမရွိေတာ့တာ အံ့အားသင့္စရာေကာင္းတယ္။

ၿပီးခဲ့တဲ့ရာသီေတြမွာ အဲဒီအားနည္းခ်က္ကို ဘ႐ူႏိုဖာနန္ဒက္စ္က ကြင္းထဲမွာ အေသ႐ုန္းၿပီးေတာ့ တစ္သင္းလုံးနဲ႔ခ်ိတ္ဆက္ကစားေပးခဲ့ေပမယ့္

တစ္ရာသီလုံးေတာက္ေလွ်ာက္ ပြဲတိုင္းကစားရတဲ့အတြက္ ဘ႐ူႏိုဖာနန္ဒက္စ္လည္း အခုေနာက္ပိုင္း သိပ္မ႐ုန္းႏိုင္ေတာ့သလိုျဖစ္ေနတယ္။

ေနာက္တစ္ခ်က္က ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္နဲ႔ကြင္းလယ္တိုက္စစ္ပိုင္းမွာ ကစားပုံမတူတဲ့ ကစားသမားေကာင္းေတြရွိေနေပမယ့္

ဆိုးလ္ရွားေရာ၊ အခု ကာရစ္ပါ အဲဒီအားသာခ်က္ကို ဘယ္လိုသုံးရမလဲ မသိေသးတဲ့ပုံပါပဲ။

ဥပမာေျပာရရင္ ကာရစ္က အခုပြဲမွာ ဗန္ဒီဘိခ္ကို ပြဲထြက္ခြင့္ေပးခဲ့ေပမယ့္ ဗန္ဒီဘိခ္ဟာ တြဲကစားမယ့္သူမရွိျဖစ္ေနသလို

သူ႔အတြက္ Cover လုပ္ေပးမယ့္သူမရွိတဲ့အတြက္ လူစားလဲမခံရခင္အခ်ိန္အထိ ဘာမွကို မလုပ္ျပႏိုင္ခဲ့ဘူး။

ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ဗန္ဒီဘိခ္က ကြင္းလယ္ညာျခမ္းကေန ဆန္ခ်ိဳနဲ႔ Link Up လုပ္ကစားသလို ဘ႐ူႏိုဖာနန္ဒက္စ္ရွိေနလို႔ သူ႔အတြက္ Space ေတြရခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာကို ေတြ႕ရမွာပါ။

ကာရစ္လက္ထက္မွာလည္း ဖရက္ဒ္နဲ႔တြမ္မီေနးအတြဲအေပၚ ဆက္ၿပီးေတာ့ မွီခိုေနတာက စိတ္ပ်က္စရာေကာင္းၿပီး

ႏွစ္ေယာက္စလုံးဆီက ခံစစ္နဲ႔တိုက္စစ္အတြက္ဘာမွေမွ်ာ္လင့္လို႔မရတဲ့အတြက္ ျဖစ္သင့္တာကေတာ့ ဖရက္ဒ္ ဒါမွမဟုတ္ တြမ္မီေနးတစ္ေယာက္ကိုသာ ပြဲထုတ္ၿပီးေတာ့

က်န္တဲ့ေနရာမွာ ဗန္ဒီဘိခ္ကို အသုံးျပဳသင့္တယ္လို႔ထင္မိတယ္။

ဒီပြဲမွာ ဗီလာရီးယဲလ္အသင္းဟာ သာမန္အတိုင္းေလးပဲကစားေနတာေတာင္ ယူႏိုက္တက္ခံစစ္ပိုင္းက မထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲ

အပိုင္ဂိုးသြင္းခ်က္ႏွစ္ႀကိမ္ေလာက္ကို ထုံးစံအတိုင္း ဒီဂီယာ မယုံႏိုင္ေလာက္ေအာင္ကာကြယ္ခဲ့လို႔သာ ယူႏိုက္တက္သက္သာခဲ့ရတယ္။

Holding Midfielders ႏွစ္ေယာက္ထားတာေတာင္ ဘာလို႔ၿပိဳင္ဘက္တိုက္စစ္ကို မထိန္းခ်ဳပ္ႏိုင္ရတာလဲဆိုတဲ့ျပႆနာအတြက္ အေျဖရွိေပမယ့္

ကာရစ္တစ္ေယာက္ အေျပာင္းအလဲကို ရဲရဲဝံ့ဝံ့မလုပ္ရဲဘဲ ဖရက္ဒ္နဲ႔တြမ္မီေနးတို႔ကို ဆက္သုံးေနဆဲပါပဲ။

ပြဲရလဒ္အရ ယူႏိုက္တက္ႏိုင္ခဲ့လို႔ေက်နပ္စရာျဖစ္ေပမယ့္ ကြင္းတြင္းေျခစြမ္းပိုင္းမွာေတာ့ အားနည္းခ်က္ေတြရွိေနဆဲျဖစ္ၿပီး လာမယ့္ခ်ယ္လ္ဆီးနဲ႔ပြဲက်ရင္လည္း ထပ္ခံရဖို႔ရွိေနပါတယ္။

ဒုတိယပိုင္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဝင္လာၿပီးေနာက္ပိုင္း ယူႏိုက္တက္အသင္း တန္ျပန္တိုက္စစ္ေတြနဲ႔ ဗီလာရီးယဲလ္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး

ဆန္ခ်ိဳ အေစာကတည္းက အပိုင္အခြင့္အေရးရခဲ့ေပမယ့္ ဂိုးသမား႐ူလီကာကြယ္ႏိုင္ခဲ့ပါတယ္။

(၇၈)မိနစ္မွာ ရခဲ့တဲ့ဂိုးကေတာ့ ႐ူလီရဲ႕အမွားမကင္းဘဲ သူလူေပးမွားတာကေန ျပန္ကြၽံထြက္လာတဲ့ေဘာလုံးကို စီေရာ္နယ္လ္ဒိုက ပါးပါးနပ္နပ္နဲ႔ အသာေလး Lob လုပ္ၿပီးေတာ့ သြင္းခဲ့တာပါ။

ပြဲၿပီးခါနီးမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေပးပို႔မႈကေန ဆန္ခ်ိဳက ယူႏိုက္တက္ကစားသမားဘဝ(၁၅)ပြဲေျမာက္မွာ ပထမဆုံးဂိုးအျဖစ္ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔ အုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့ယန္းဘြိဳင္းစ္နဲ႔ပြဲရလဒ္ကို ေစာင့္ၾကည့္စရာမလိုေတာ့ဘဲ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါၿပီ။

တစ္ခု စိုးရိမ္စရာရွိတာက ဆိုးလ္ရွားတုန္းက ယာယီနည္းျပဘဝနဲ႔ ရလဒ္ေကာင္းေတြဆက္တိုက္ရယူႏိုင္ခဲ့လို႔ ယူႏိုက္တက္ဘုတ္အဖြဲ႕ဟာ

ယုံၾကည္မႈမွားၿပီး ဆိုးလ္ရွားကို အၿမဲတမ္းနည္းျပခန႔္ခဲ့သလိုမ်ိဳး အခု ကာရစ္လက္ထက္မွာလည္း အဲဒီလို ႐ူးေၾကာင္ေၾကာင္အမွားအမ်ိဳးထပ္လုပ္မွာကိုပဲ စိုးရိမ္ရတာပါ။