
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိုင်ယာလန်ကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အနိုင်ဂိုး(၂)ဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် သူက နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် (၁၁၁)ဂိုးနဲ့ရပ်တည်နိုင်ခဲ့ပါပြီ။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီကို ကျော်ဖြတ်ပြီးတော့ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်သလို အဲဒီသွင်းဂိုး(၁၁၁)ဂိုးကို မတူညီတဲ့ပုံစံ၊ မတူညီတဲ့ပြိုင်ဘက်တွေကို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
အဲဒါကြောင့် စီရော်နယ်လ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးတွေနဲ့ပတ်သက်လို့ အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ရေအောင်လား . . .
စီရော်နယ်လ်ဒို နိုင်ငံတကာခြေစစ်ပွဲတွေမှာ ထိပ်တန်းအဆင့်ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ(၄၂)ပွဲမှာ (၃၃)ဂိုး၊ ယူရိုခြေစစ်ပွဲတစ်လျှောက် (၃၅)ပွဲကစား၊ (၃၁)ဂိုးအထိသွင်းယူခဲ့တဲ့အတွက် နိုင်ငံတကာခြေစစ်ပွဲတွေမှာ စုစုပေါင်း(၇၇)ပွဲကစား (၆၄)ဂိုးအထိသွင်းယူခဲ့တာပါ။
ခြေစမ်းပွဲတွေမှာတော့ သူ့ရဲ့အားထုတ်မှုက သာမန်အနေအထားလောက်သာရှိတယ်လို့ သတ်မှတ်ရမှာဖြစ်ပေမယ့် ခြေစမ်းပွဲ(၅၁)ပွဲမှာ၊ (၁၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဓိကနိုင်ငံပြိုင်ပွဲကြီးတွေဖြစ်တဲ့ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်းမှာ သူ့ရဲ့သွင်းဂိုးအရေအတွက်က (၂၁)ဂိုးအထိရှိပြီး ယူရိုမှာ(၂၅)ပွဲကစား (၁၄)ဂိုး၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ (၁၇)ပွဲကစား (၇)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပလာတီနီကို ကျော်ဖြတ်ပြီးတော့ ပြိုင်ပွဲသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးစံချိန်အပါအဝင် တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
ကျန်တဲ့ပြိုင်ပွဲတွေဖြစ်တဲ့ UEFA Nations League မှာ (၆)ပွဲကစား၊ (၅)ဂိုး၊ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ (၄)ပွဲကစား၊(၂)ဂိုးသွင်းယူခဲ့လို့ ပေါ်တူဂီအသင်းအတွက် စုစုပေါင်းပွဲ(၁၈၀)မှာ သွင်းဂိုးအရေအတွက်က (၁၁၁)ဂိုးပြည့်မြောက်ခဲ့တာပါ။
စီရော်နယ်လ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုး(၁၁၁)ဂိုးမှာ ဘယ်ခြေနဲ့ (၂၅)ဂိုး၊ ညာခြေနဲ့(၅၈)ဂိုး၊ ခေါင်းတိုက်ဂိုး(၂၈)ဂိုးရှိခဲ့ပါတယ်။
ပယ်နယ်တီဧရိယာအတွင်းသွင်းယူခဲ့တာက (၉၀)ဂိုး၊ ပယ်နယ်တီဧရိယာပြင်ပမှာ(၂၁)ဂိုးသွင်းယူခဲ့သလို အဲဒီထဲမှာ ဖရီးကစ်ကနေ (၁၀)ဂိုး၊ ပယ်နယ်တီသွင်းဂိုးက(၁၄)ဂိုးရှိခဲ့ပြီး ဟက်ထရစ်အကြိမ်ပေါင်း(၉)ကြိမ်အထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုရဲ့သွင်းဂိုးတွေထဲမှာ ပယ်နယ်တီကနေသွင်းယူခဲ့တာက (၁၄)ဂိုးသာရှိလို့ ပြိုင်ဘက်ပရိသတ်တွေသတ်မှတ်ထားသလို ပယ်နယ်တီတွေနဲ့ပဲဂိုးသွင်းနိုင်တဲ့ ‘Penaldo’ မဟုတ်ဘူးဆိုတာ အချက်အလက်တွေအရအထင်အရှားတွေ့မြင်ရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စီေရာ္နယ္လ္ဒိုရဲ႕ ႏိုင္ငံတကာသြင္းဂိုးေတြနဲ႔ပတ္သက္တဲ့ မွတ္တမ္းမွတ္ရာမ်ား
ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က အိုင္ယာလန္ကို(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာ အႏိုင္ဂိုး(၂)ဂိုးသြင္းယူခဲ့ၿပီး အခုဆိုရင္ သူက ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအျဖစ္ (၁၁၁)ဂိုးနဲ႔ရပ္တည္ႏိုင္ခဲ့ပါၿပီ။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီကို ေက်ာ္ျဖတ္ၿပီးေတာ့ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာျဖစ္သလို အဲဒီသြင္းဂိုး(၁၁၁)ဂိုးကို မတူညီတဲ့ပုံစံ၊ မတူညီတဲ့ၿပိဳင္ဘက္ေတြကို သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။
အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ ႏိုင္ငံတကာသြင္းဂိုးေတြနဲ႔ပတ္သက္လို႔ အေသးစိတ္ခြဲျခမ္းစိတ္ျဖာၾကည့္ေရေအာင္လား . . . စီေရာ္နယ္လ္ဒို ႏိုင္ငံတကာေျခစစ္ပြဲေတြမွာ ထိပ္တန္းအဆင့္ဂိုးသြင္းစြမ္းရည္ျပသႏိုင္ခဲ့ၿပီး ကမာၻ႔ဖလားေျခစစ္ပြဲ(၄၂)ပြဲမွာ (၃၃)ဂိုး၊ ယူ႐ိုေျခစစ္ပြဲတစ္ေလွ်ာက္ (၃၅)ပြဲကစား၊ (၃၁)ဂိုးအထိသြင္းယူခဲ့တဲ့အတြက္ ႏိုင္ငံတကာေျခစစ္ပြဲေတြမွာ စုစုေပါင္း(၇၇)ပြဲကစား (၆၄)ဂိုးအထိသြင္းယူခဲ့တာပါ။ ေျခစမ္းပြဲေတြမွာေတာ့ သူ႔ရဲ႕အားထုတ္မႈက သာမန္အေနအထားေလာက္သာရွိတယ္လို႔ သတ္မွတ္ရမွာျဖစ္ေပမယ့္ ေျခစမ္းပြဲ(၅၁)ပြဲမွာ၊ (၁၉)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အဓိကႏိုင္ငံၿပိဳင္ပြဲႀကီးေတြျဖစ္တဲ့ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ သူ႔ရဲ႕သြင္းဂိုးအေရအတြက္က (၂၁)ဂိုးအထိရွိၿပီး ယူ႐ိုမွာ(၂၅)ပြဲကစား (၁၄)ဂိုး၊ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ (၁၇)ပြဲကစား (၇)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ပလာတီနီကို ေက်ာ္ျဖတ္ၿပီးေတာ့ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးစံခ်ိန္အပါအဝင္ တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္းေကာင္းေတြကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ က်န္တဲ့ၿပိဳင္ပြဲေတြျဖစ္တဲ့ UEFA Nations League မွာ (၆)ပြဲကစား၊ (၅)ဂိုး၊ ကြန္ဖက္ဒေရးရွင္းဖလားၿပိဳင္ပြဲမွာ (၄)ပြဲကစား၊(၂)ဂိုးသြင္းယူခဲ့လို႔ ေပၚတူဂီအသင္းအတြက္ စုစုေပါင္းပြဲ(၁၈၀)မွာ သြင္းဂိုးအေရအတြက္က (၁၁၁)ဂိုးျပည့္ေျမာက္ခဲ့တာပါ။
စီေရာ္နယ္လ္ဒိုရဲ႕ ႏိုင္ငံတကာသြင္းဂိုး(၁၁၁)ဂိုးမွာ ဘယ္ေျခနဲ႔ (၂၅)ဂိုး၊ ညာေျခနဲ႔(၅၈)ဂိုး၊ ေခါင္းတိုက္ဂိုး(၂၈)ဂိုးရွိခဲ့ပါတယ္။ ပယ္နယ္တီဧရိယာအတြင္းသြင္းယူခဲ့တာက (၉၀)ဂိုး၊ ပယ္နယ္တီဧရိယာျပင္ပမွာ(၂၁)ဂိုးသြင္းယူခဲ့သလို အဲဒီထဲမွာ ဖရီးကစ္ကေန (၁၀)ဂိုး၊ ပယ္နယ္တီသြင္းဂိုးက(၁၄)ဂိုးရွိခဲ့ၿပီး ဟက္ထရစ္အႀကိမ္ေပါင္း(၉)ႀကိမ္အထိရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုရဲ႕သြင္းဂိုးေတြထဲမွာ ပယ္နယ္တီကေနသြင္းယူခဲ့တာက (၁၄)ဂိုးသာရွိလို႔ ၿပိဳင္ဘက္ပရိသတ္ေတြသတ္မွတ္ထားသလို ပယ္နယ္တီေတြနဲ႔ပဲဂိုးသြင္းႏိုင္တဲ့ ‘Penaldo’ မဟုတ္ဘူးဆိုတာ အခ်က္အလက္ေတြအရအထင္အရွားေတြ႕ျမင္ရမွာပါ။