စီရော်နယ်လ်ဒိုရဲ့ စံချိန်မှတ်တမ်းကောင်းတွေနဲ့အတူ ဟန်ဂေရီကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပေါ်တူဂီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုလက်ရှိချန်ပီယံ ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဟန်ဂေရီကို ၃ ဂိုးပြတ်အနိုင်ယူပြီးအဖွင့်လှခဲ့သလို နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကလည်း စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲ ၅ ကြိမ်အထိပါဝင်ကစားပြီး ပြိုင်ပွဲသမိုင်းတစ်လျောက် အကြိမ်အများဆုံးကစားခဲ့သူ၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်တွေ ပိုင်ဆိုင်ခဲ့တာပါ။

ဒါပေမဲ့ ပေါ်တူဂီအသင်းရဲ့ နိုင်ပွဲက အလွယ်တကူရခဲ့တာတော့ မဟုတ်ဘူး။ အိမ်ကွင်းပရိသတ် ၅ သောင်းကျော်ရှေ့မှာ ဟန်ဂေရီကလည်း ပေါ်တူဂီကို ခံကစားခဲ့တာကြောင့် ချန်ပီယံတို့ တော်တော်ရုန်းကန်ခဲ့ရတယ်။

ပေါ်တူဂီနည်းပြဆန်းတို့စ်ဟာ ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ် Double Pivot နှစ်ဦးဖြစ်တဲ့ ဒန်နီလိုနဲ့ ဝီလီယံကာဗယ်လ်ဟိုတို့ဟာ

Defensive Minded Players တွေဖြစ်သလို တိုက်စစ်လိုက်ပါမှု အားနည်းတာကြောင့် ပေါ်တူဂီတိုက်စစ်နဲ့ ကွင်းလယ်ချိတ်ဆက်မှုအပိုင်း အားနည်းခဲ့တယ်။

ဖြစ်သင့်တာက Box To Box ကစားနိုင်တဲ့ ရီနာတိုဆန်းချက်စ်ကို ဒီကစားသမားနှစ်ဦးထဲက တစ်ဦးနဲ့ပွဲထုတ်သင့်တယ်လို့ မြင်မိတယ်။

နာမည်ကျော်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ No 10 Role နေရာမှာ ကစားပေမယ့် ခြေမပေါ်ခဲ့ဘဲ သူနဲ့အကိုက်ဆုံးက ကွင်းလယ်အထိဘောလုံးဆင်းယူပြီး တိုက်စစ်နဲ့ ချိတ်ဆက်ရတဲ့ No 6 Role ၊ No 8 Role တွေပါပဲ။

အဲဒါကြောင့်လည်း ပွဲပြီးခါနီးမှာ သူ့အရင်ပုံစံအတိုင်း ကွင်းလယ်ဆင်းပြီး ကစားတော့မှ အရင်ခြေမျိုး ပြန်တွေ့ရတော့တယ်။

ခြေအပျက်ဆုံးကတော့ ဘယ်တောင်ပံတိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဖြစ်ပြီး ဘာမှကို မလုပ်ပြနိုင်ခဲ့ဘူး။

ဟန်ဂေရီအသင်းကတော့ သူတို့မှာရှိတဲ့ အကောင်းဆုံးလူစာရင်းနဲ့ ယူရိုချန်ပီယံအသင်းကို ရင်ဆိုင်ခဲ့ပြီး တော်တော်လေး ချီးကျူးရမယ့်စွမ်းဆောင်ရည်မျိုးပြသခဲ့တယ်။

အဖွင့်ဂိုးမပေးရခင်အချိန်အထိ ပေါ်တူဂီကို ဒုက္ခပေးနိုင်ခဲ့ပြီး တစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်နေလို့သာ ပေါ်တူဂီ ကံကောင်းခဲ့ရတာပါ။

မိနစ် ၈၀ ကျော်အထိဂိုးမရသေးလို့ ဆန်းတို့စ်ဟာ အပြောင်းအလဲတွေလုပ်ခဲ့ပြီး သူ့ရဲ့လူစားလဲမှုတွေက မှန်တယ်လို့ပြောရမယ်။

ရီနာတိုဆန်းချက်စ် ဝင်လာပြီး ပေါ်တူဂီကွင်းလယ်က ပိုလှုပ်လာသလို ဘရူနိူက ကွင်းလယ်အထိ ဘောလုံးဆင်းယူ၊ တိုက်စစ်ကို ဖြတ်တင်ဘောတွေနဲ့ ပံပိုးမှုတွေလုပ်ခဲ့သလို

ရာဖာဆေးလ်ဗားကလည်း ညာခြမ်းကနေ ထိုးဖောက်လာချိန်မှာ ဟန်ဂေရီခံစစ်က ရုန်းကန်လာရတယ်။

ပေါ်တူဂီ ကံကောင်းခဲ့တာက ၈၄ မိနစ်မှာ နောက်ခံလူ ဂွါရဲရိုးရဲ့ကန်ချက် လူထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ဟန်ဂေရီ စိတ်ဓာတ်ကျသွားသလို ပေါ်တူဂီကတော့ ပိုပြီးတိုက်စစ်ဆင်လာနိုင်ခဲ့တယ်။

၈၇ မိနစ်မှာ ရာဖာဆေးလ်ဗားကြောင့် ရတဲ့ ပယ်နယ်တီကို စီရော်နယ်လ်ဒိုက အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး ဒါက စီရော်နယ်လ်ဒိုအတွက် ယူရိုပြိုင်ပွဲမှာ ၁၀ ဂိုးမြောက်ဖြစ်လို့ ပြင်သစ်ဂန္ထဝင် ပလာတီနီရဲ့ ယူရိုသွင်းဂိုးအများဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်။

ပေါ်တူဂီရဲ့ တတိယဂိုးက လှပခဲ့ပြီး ရာဖာဆေးလ်ဗားနဲ့ စီရော်နယ်လ်ဒိုတို့ One Two တွဲလုံးတွေကနေ စီရော်နယ်လ်ဒိုက သူ့အတွက် ဒုတိယမြောက်ဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၁၀၆ ဂိုးအထိရှိလာပြီဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီရဲ့ဂိုအရေအတွက်ကို မီဖို့ ၃ ဂိုးသာလိုပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္မွတ္တမ္းေကာင္းေတြနဲ႔အတူ ဟန္ေဂရီကို ဂိုးျပတ္ႏိုင္ခဲ့တဲ့ ေပၚတူဂီ

ယူ႐ိုလက္ရွိခ်န္ပီယံ ေပၚတူဂီအသင္းဟာ အုပ္စုအဖြင့္ပြဲမွာ ဟန္ေဂရီကို ၃ ဂိုးျပတ္အႏိုင္ယူၿပီးအဖြင့္လွခဲ့သလို နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကလည္း စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲ ၅ ႀကိမ္အထိပါဝင္ကစားၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလ်ာက္ အႀကိမ္အမ်ားဆုံးကစားခဲ့သူ၊ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ေတြ ပိုင္ဆိုင္ခဲ့တာပါ။ ဒါေပမဲ့ ေပၚတူဂီအသင္းရဲ႕ ႏိုင္ပြဲက အလြယ္တကူရခဲ့တာေတာ့ မဟုတ္ဘူး။ အိမ္ကြင္းပရိသတ္ ၅ ေသာင္းေက်ာ္ေရွ႕မွာ ဟန္ေဂရီကလည္း ေပၚတူဂီကို ခံကစားခဲ့တာေၾကာင့္ ခ်န္ပီယံတို႔ ေတာ္ေတာ္႐ုန္းကန္ခဲ့ရတယ္။

ေပၚတူဂီနည္းျပဆန္းတို႔စ္ဟာ ၄-၂-၃-၁ ကစားကြက္ကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္ Double Pivot ႏွစ္ဦးျဖစ္တဲ့ ဒန္နီလိုနဲ႔ ဝီလီယံကာဗယ္လ္ဟိုတို႔ဟာ Defensive Minded Players ေတြျဖစ္သလို တိုက္စစ္လိုက္ပါမႈ အားနည္းတာေၾကာင့္ ေပၚတူဂီတိုက္စစ္နဲ႔ ကြင္းလယ္ခ်ိတ္ဆက္မႈအပိုင္း အားနည္းခဲ့တယ္။ ျဖစ္သင့္တာက Box To Box ကစားႏိုင္တဲ့ ရီနာတိုဆန္းခ်က္စ္ကို ဒီကစားသမားႏွစ္ဦးထဲက တစ္ဦးနဲ႔ပြဲထုတ္သင့္တယ္လို႔ ျမင္မိတယ္။

နာမည္ေက်ာ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ No 10 Role ေနရာမွာ ကစားေပမယ့္ ေျခမေပၚခဲ့ဘဲ သူနဲ႔အကိုက္ဆုံးက ကြင္းလယ္အထိေဘာလုံးဆင္းယူၿပီး တိုက္စစ္နဲ႔ ခ်ိတ္ဆက္ရတဲ့ No 6 Role ၊ No 8 Role ေတြပါပဲ။

အဲဒါေၾကာင့္လည္း ပြဲၿပီးခါနီးမွာ သူ႔အရင္ပုံစံအတိုင္း ကြင္းလယ္ဆင္းၿပီး ကစားေတာ့မွ အရင္ေျခမ်ိဳး ျပန္ေတြ႕ရေတာ့တယ္။ ေျခအပ်က္ဆုံးကေတာ့ ဘယ္ေတာင္ပံတိုက္စစ္ကစားသမား ဒီေယဂိုဂ်ိဳတာျဖစ္ၿပီး ဘာမွကို မလုပ္ျပႏိုင္ခဲ့ဘူး။ ဟန္ေဂရီအသင္းကေတာ့ သူတို႔မွာရွိတဲ့ အေကာင္းဆုံးလူစာရင္းနဲ႔ ယူ႐ိုခ်န္ပီယံအသင္းကို ရင္ဆိုင္ခဲ့ၿပီး ေတာ္ေတာ္ေလး ခ်ီးက်ဴးရမယ့္စြမ္းေဆာင္ရည္မ်ိဳးျပသခဲ့တယ္။

အဖြင့္ဂိုးမေပးရခင္အခ်ိန္အထိ ေပၚတူဂီကို ဒုကၡေပးႏိုင္ခဲ့ၿပီး တစ္ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေဘာျဖစ္ေနလို႔သာ ေပၚတူဂီ ကံေကာင္းခဲ့ရတာပါ။ မိနစ္ ၈၀ ေက်ာ္အထိဂိုးမရေသးလို႔ ဆန္းတို႔စ္ဟာ အေျပာင္းအလဲေတြလုပ္ခဲ့ၿပီး သူ႔ရဲ႕လူစားလဲမႈေတြက မွန္တယ္လို႔ေျပာရမယ္။ ရီနာတိုဆန္းခ်က္စ္ ဝင္လာၿပီး ေပၚတူဂီကြင္းလယ္က ပိုလႈပ္လာသလို ဘ႐ူႏိူက ကြင္းလယ္အထိ ေဘာလုံးဆင္းယူ၊ တိုက္စစ္ကို ျဖတ္တင္ေဘာေတြနဲ႔ ပံပိုးမႈေတြလုပ္ခဲ့သလို ရာဖာေဆးလ္ဗားကလည္း ညာျခမ္းကေန ထိုးေဖာက္လာခ်ိန္မွာ ဟန္ေဂရီခံစစ္က ႐ုန္းကန္လာရတယ္။

ေပၚတူဂီ ကံေကာင္းခဲ့တာက ၈၄ မိနစ္မွာ ေနာက္ခံလူ ဂြါရဲ႐ိုးရဲ႕ကန္ခ်က္ လူထိၿပီး ဂိုးဝင္သြားခဲ့တာေၾကာင့္ ဟန္ေဂရီ စိတ္ဓာတ္က်သြားသလို ေပၚတူဂီကေတာ့ ပိုၿပီးတိုက္စစ္ဆင္လာႏိုင္ခဲ့တယ္။ ၈၇ မိနစ္မွာ ရာဖာေဆးလ္ဗားေၾကာင့္ ရတဲ့ ပယ္နယ္တီကို စီေရာ္နယ္လ္ဒိုက အမွားအယြင္းမရွိကန္သြင္းခဲ့ၿပီး ဒါက စီေရာ္နယ္လ္ဒိုအတြက္ ယူ႐ိုၿပိဳင္ပြဲမွာ ၁၀ ဂိုးေျမာက္ျဖစ္လို႔ ျပင္သစ္ဂႏၴဝင္ ပလာတီနီရဲ႕ ယူ႐ိုသြင္းဂိုးအမ်ားဆုံး စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္။

ေပၚတူဂီရဲ႕ တတိယဂိုးက လွပခဲ့ၿပီး ရာဖာေဆးလ္ဗားနဲ႔ စီေရာ္နယ္လ္ဒိုတို႔ One Two တြဲလုံးေတြကေန စီေရာ္နယ္လ္ဒိုက သူ႔အတြက္ ဒုတိယေျမာက္ဂိုးအျဖစ္ သြင္းယူခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ႏိုင္ငံတကာသြင္းဂိုး ၁၀၆ ဂိုးအထိရွိလာၿပီျဖစ္ၿပီး ေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံး အီရန္ဂႏၴဝင္တိုက္စစ္မႉး အလီဒါယီရဲ႕ဂိုအ​ေရအတြက္ကို မီဖို႔ ၃ ဂိုးသာလိုပါေတာ့တယ္။