စီရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်(၆)ကြိမ်မြောက်ရရှိရေး အိပ်မက်က အဆုံးသတ်သွားပြီလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ကစားခဲ့တဲ့ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲတွေမှာ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပေါ်တိုအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါပြီ။ ဒီရလဒ်ဟာ ဂျူဗင်တပ်စ်ပရိသတ်တွေသာမက တခြားပရိသတ်တွေအတွက်ပါ Shock ဖြစ်စေတဲ့ရလဒ်လို့ပြောရမယ်။

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် အတွဲအဖက်တွေမှာ ပေါ်တိုနဲ့ ဆုံတွေ့ခဲ့တာကြောင့် ဂျူဗီတို့ ကွာတားဖိုင်နယ်ကို လွယ်လွယ်လေးတက်သွားနိုင်မယ်လို့ အများစုက ယူဆခဲ့ကြပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ နှစ်ကျော့စလုံး ရုန်းကန်ခဲ့ရပြီး အခုဆိုရင် ပြိုင်ပွဲကထွက်ခဲ့ရပြီဖြစ်သလို သူတို့ရဲ့ အဓိက ကစားသမားစီရော်နယ်လ်ဒိုကလည်း နှစ်ပွဲစလုံးမှာ ခြေစွမ်းမပြနိုင်ခဲ့ဘူး။

မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်အသင်းတွေမှာ ချန်ပီယံလိဂ်အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘဝမှာတော့ စိတ်ပျက်စရာအနေအထားနဲ့ ရင်ဆိုင်နေရပြီး ပထမရာသီမှာ ကွာတားဖိုင်နယ်၊ ဒုတိယရာသီနဲ့ အခု တတိယရာသီတွေမှာ ရှုံးထွက်(၁၆)အသင်းအဆင့်တွေနဲ့ ကျေနပ်ခဲ့ရတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပြည်တွင်းမှာအောင်မြင်မှုတွေ ရယူနေပေမယ့် နှစ်အတော်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ စီရော်နယ်လ်ဒိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)အထိပေးပြီး ခေါ်ယူခဲ့ပေမယ့် အခုအချိန်အထိတော့ မျှော်လင့်သလိုဖြစ်မလာသေးဘူး။

စီရော်နယ်လ်ဒိုကလည်း စီးရီးအေမှာသာ ခြေစွာနေပေမယ့် ချန်ပီယံလိဂ်မှာ အဆိပ်မရှိတဲ့မြွေတစ်ကောင်လိုဖြစ်နေပြီး ၂၀၁၈-၁၉ ရာသီမှာ (၆)ဂိုး၊ ၂၀၁၉-၂၀ နဲ့ အခုရာသီတွေမှာ (၄)ဂိုးစီသာသွင်းနိုင်ခဲ့တယ်။

ဒါဟာ ၂၀၁၀-၁၁ ရာသီနောက်ပိုင်း စီရော်နယ်လ်ဒိုရဲ့ အဆိုးရွားဆုံး ချန်ပီယံလိဂ်သွင်းဂိုးမှတ်တမ်းဖြစ်သလို ၂၀၁၃-၁၄ ရာသီတုန်းက (၁၇)ဂိုးသွင်းယူပြီး တစ်ရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ စံချိန်ပိုင်ဆိုင်ထားသူ စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်ကျဆင်းနေပြီဆိုတာ အကောင်းဆုံးသက်သေတစ်ခုပါပဲ။

စီရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို ပြန်ကြည့်ရင် ယူနိုက်တက်နဲ့ (၁)ကြိမ်၊ ရီးယဲလ်နဲ့ (၄)ကြိမ် စုစုပေါင်း ချန်ပီယံဆု(၅)ကြိမ်ပိုင်ဆိုင်ခဲ့တယ်၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် ချိုးဖျက်ဖို့ခက်တဲ့ သွင်းဂိုးစံချိန်တွေ အများကြီးရယူနိုင်ခဲ့တယ်။

ဒီအောင်မြင်မှုမှတ်တမ်းတွေက ဘောလုံးသမိုင်းမှာ ဂန္ထဝင်တွေလို့ သတ်မှတ်ရမယ့် ကစားသမားတချို့တောင် မရခဲ့ကြတဲ့အတွက် စီရော်နယ်လ်ဒိုအတွက် ကျေနပ်စရာလို့ ပြောလို့ရပေမယ့် သူက အောင်မြင်မှုအသစ်အသစ်တွေကို ထပ်ပြီးရယူဖို့ ဆန္ဒပြင်းပြနေသူပါ။

ဒါပေမဲ့ အသက်(၃၆)နှစ်ဆိုတဲ့ အသက်အရွယ်က စီရော်နယ်လ်ဒို ဘယ်လောက်ပဲ ကြံ့ခိုင်နေပါစေ၊ ဘယ်လိုပဲ အောင်မြင်မှုအသစ်တွေကို ရယူဖို့ဆန္ဒပြင်းပြနေပါစေ တစ်ချိန်တုန်းက ချန်ပီယံလိဂ်မှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းခဲ့တဲ့ စီရော်နယ်လ်ဒိုကို ပြန်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ စီရော်နယ်လ်ဒိုအနေနဲ့ ကစားသမားဘဝနေဝင်ချိန်မတိုင်ခင် (၆)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ပစ်မှတ်ထားနေပေမယ့် လက်တွေ့မှာတော့ ခက်ခဲနေပြီလို့ပဲပြောရမှာပါ။

အသက်(၄၀)လောက်အထိ ဘောလုံးကစားနိုင်တယ်လို့ သူကိုယ်တိုင်ပြောခဲ့ပေမယ့် အရင်လိုအောင်မြင်မှုတွေ ရဖို့က သိပ်မဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ စီရော်နယ်လ်ဒိုအတွက် ကစားသမားဘဝက အနားယူရမယ့်အချိန်ရောက်လာဖို့ကလည်း သိပ်မကြာတော့ဘူး။

အဲဒါကြောင့် စီရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်(၆)ကြိမ်မြောက်ရယူနိုင်ရေး အိပ်မက်က အဆုံးသတ်သွားပြီလား၊ ဒါမှမဟုတ် စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြနိုင်တဲ့ သူ့ရဲ့ထုံးစံအတိုင်း မဖြစ်ဖြစ်အောင် ကြိုးစားပြနိုင်မလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္လ္ဒိုရဲ႕ ခ်န္ပီယံလိဂ္(၆)ႀကိမ္ေျမာက္ရရွိေရး အိပ္မက္က အဆုံးသတ္သြားၿပီလား

မေန႔က ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲေတြမွာ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္အသင္းဟာ ေပၚတိုအသင္းကို (၃-၂)ဂိုးနဲ႔ အႏိုင္ရခဲ့ေပမယ့္ အေဝးဂိုးစည္းမ်ဥ္းအရ ၿပိဳင္ပြဲကေနထြက္ခြာခဲ့ရပါၿပီ။ ဒီရလဒ္ဟာ ဂ်ဴဗင္တပ္စ္ပရိသတ္ေတြသာမက တျခားပရိသတ္ေတြအတြက္ပါ Shock ျဖစ္ေစတဲ့ရလဒ္လို႔ေျပာရမယ္။ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ အတြဲအဖက္ေတြမွာ ေပၚတိုနဲ႔ ဆုံေတြ႕ခဲ့တာေၾကာင့္ ဂ်ဴဗီတို႔ ကြာတားဖိုင္နယ္ကို လြယ္လြယ္ေလးတက္သြားႏိုင္မယ္လို႔ အမ်ားစုက ယူဆခဲ့ၾကေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းဟာ ႏွစ္ေက်ာ့စလုံး ႐ုန္းကန္ခဲ့ရၿပီး အခုဆိုရင္ ၿပိဳင္ပြဲကထြက္ခဲ့ရၿပီျဖစ္သလို သူတို႔ရဲ႕ အဓိက ကစားသမားစီေရာ္နယ္လ္ဒိုကလည္း ႏွစ္ပြဲစလုံးမွာ ေျခစြမ္းမျပႏိုင္ခဲ့ဘူး။ မန္ခ်က္စတာယူႏိုက္တက္၊ ရီးယဲလ္အသင္းေတြမွာ ခ်န္ပီယံလိဂ္ေအာင္ပြဲေတြ ရယူႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝမွာေတာ့ စိတ္ပ်က္စရာအေနအထားနဲ႔ ရင္ဆိုင္ေနရၿပီး ပထမရာသီမွာ ကြာတားဖိုင္နယ္၊ ဒုတိယရာသီနဲ႔ အခု တတိယရာသီေတြမွာ ရႈံးထြက္(၁၆)အသင္းအဆင့္ေတြနဲ႔ ေက်နပ္ခဲ့ရတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ျပည္တြင္းမွာေအာင္ျမင္မႈေတြ ရယူေနေပမယ့္ ႏွစ္အေတာ္ၾကာေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဖလားကို ျပန္လည္ရယူႏိုင္ဖို႔ စီေရာ္နယ္လ္ဒိုကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၁၀၀)အထိေပးၿပီး ေခၚယူခဲ့ေပမယ့္ အခုအခ်ိန္အထိေတာ့ ေမွ်ာ္လင့္သလိုျဖစ္မလာေသးဘူး။ စီေရာ္နယ္လ္ဒိုကလည္း စီးရီးေအမွာသာ ေျခစြာေနေပမယ့္ ခ်န္ပီယံလိဂ္မွာ အဆိပ္မရွိတဲ့ေႁမြတစ္ေကာင္လိုျဖစ္ေနၿပီး ၂၀၁၈-၁၉ ရာသီမွာ (၆)ဂိုး၊ ၂၀၁၉-၂၀ နဲ႔ အခုရာသီေတြမွာ (၄)ဂိုးစီသာသြင္းႏိုင္ခဲ့တယ္။ ဒါဟာ ၂၀၁၀-၁၁ ရာသီေနာက္ပိုင္း စီေရာ္နယ္လ္ဒိုရဲ႕ အဆိုး႐ြားဆုံး ခ်န္ပီယံလိဂ္သြင္းဂိုးမွတ္တမ္းျဖစ္သလို ၂၀၁၃-၁၄ ရာသီတုန္းက (၁၇)ဂိုးသြင္းယူၿပီး တစ္ရာသီအတြင္း ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံးကစားသမားဆိုတဲ့ စံခ်ိန္ပိုင္ဆိုင္ထားသူ စီေရာ္နယ္လ္ဒိုရဲ႕ စြမ္းေဆာင္ရည္က်ဆင္းေနၿပီဆိုတာ အေကာင္းဆုံးသက္ေသတစ္ခုပါပဲ။ စီေရာ္နယ္လ္ဒိုရဲ႕ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကို ျပန္ၾကည့္ရင္ ယူႏိုက္တက္နဲ႔ (၁)ႀကိမ္၊ ရီးယဲလ္နဲ႔ (၄)ႀကိမ္ စုစုေပါင္း ခ်န္ပီယံဆု(၅)ႀကိမ္ပိုင္ဆိုင္ခဲ့တယ္၊ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ခ်ိဳးဖ်က္ဖို႔ခက္တဲ့ သြင္းဂိုးစံခ်ိန္ေတြ အမ်ားႀကီးရယူႏိုင္ခဲ့တယ္။ ဒီေအာင္ျမင္မႈမွတ္တမ္းေတြက ေဘာလုံးသမိုင္းမွာ ဂႏၴဝင္ေတြလို႔ သတ္မွတ္ရမယ့္ ကစားသမားတခ်ိဳ႕ေတာင္ မရခဲ့ၾကတဲ့အတြက္ စီေရာ္နယ္လ္ဒိုအတြက္ ေက်နပ္စရာလို႔ ေျပာလို႔ရေပမယ့္ သူက ေအာင္ျမင္မႈအသစ္အသစ္ေတြကို ထပ္ၿပီးရယူဖို႔ ဆႏၵျပင္းျပေနသူပါ။

ဒါေပမဲ့ အသက္(၃၆)ႏွစ္ဆိုတဲ့ အသက္အ႐ြယ္က စီေရာ္နယ္လ္ဒို ဘယ္ေလာက္ပဲ ႀကံ့ခိုင္ေနပါေစ၊ ဘယ္လိုပဲ ေအာင္ျမင္မႈအသစ္ေတြကို ရယူဖို႔ဆႏၵျပင္းျပေနပါေစ တစ္ခ်ိန္တုန္းက ခ်န္ပီယံလိဂ္မွာ ဂိုးေတြတဒိုင္းဒိုင္းသြင္းခဲ့တဲ့ စီေရာ္နယ္လ္ဒိုကို ျပန္ရဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ စီေရာ္နယ္လ္ဒိုအေနနဲ႔ ကစားသမားဘဝေနဝင္ခ်ိန္မတိုင္ခင္ (၆)ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားကို ရယူဖို႔ ပစ္မွတ္ထားေနေပမယ့္ လက္ေတြ႕မွာေတာ့ ခက္ခဲေနၿပီလို႔ပဲေျပာရမွာပါ။ အသက္(၄၀)ေလာက္အထိ ေဘာလုံးကစားႏိုင္တယ္လို႔ သူကိုယ္တိုင္ေျပာခဲ့ေပမယ့္ အရင္လိုေအာင္ျမင္မႈေတြ ရဖို႔က သိပ္မျဖစ္ႏိုင္ေတာ့ပါဘူး။ ၿပီးေတာ့ စီေရာ္နယ္လ္ဒိုအတြက္ ကစားသမားဘဝက အနားယူရမယ့္အခ်ိန္ေရာက္လာဖို႔ကလည္း သိပ္မၾကာေတာ့ဘူး။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ ခ်န္ပီယံလိဂ္(၆)ႀကိမ္ေျမာက္ရယူႏိုင္ေရး အိပ္မက္က အဆုံးသတ္သြားၿပီလား၊ ဒါမွမဟုတ္ စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္ျပႏိုင္တဲ့ သူ႔ရဲ႕ထုံးစံအတိုင္း မျဖစ္ျဖစ္ေအာင္ ႀကိဳးစားျပႏိုင္မလားဆိုတာကေတာ့ . . .