စီရော်နယ်လ်ဒိုရဲ့အရှိန်အဝါက အသင်းဖော်တွေအပေါ်မှာ ဘယ်လောက်အထိကြီးမားလဲဆိုတာ ထုတ်ပြောခဲ့တဲ့ လီဂရန့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အရန်ဂိုးသမားဖြစ်သူလီဂရန့်က စီရော်နယ်လ်ဒိုဟာ ကွင်းတွင်းမှာသာမကဘဲ ကွင်းပြင်ပမှာပါ အသင်းဖော်တွေအပေါ် ဘယ်လောက်အထိအရှိန်အဝါကြီးမားတယ်ဆိုတာနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ (၁၂)နှစ်အကြာမှာ ယူနိုက်တက်အသင်းအတွက်

ဒုတိယအကြိမ်မြောက်ပွဲဦးထွက်အဖြစ် နယူးကာဆယ်နဲ့ပွဲမှာပါဝင်ကစားခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့တာကြောင့်

အခုဆိုရင် ကစားသမားဘဝတစ်လျှောက် သူ့ရဲ့သွင်းဂိုးအရေအတွက်က (၇၈၇)ဂိုးအထိရှိလာပါပြီ။

ဒ့ါအပြင် စီရော်နယ်လ်ဒိုဟာ မကြာသေးခင်ကလည်း အီရန်ဂန္ထဝင်တိုက်စစ်မှူးကြီးအလီဒါယီကို ကျော်ဖြတ်ပြီးတော့

နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် (၁၁၁)ဂိုးနဲ့စံချိန်တင်ခဲ့ပါသေးတယ်။

Ballon d’Or ဆု(၅)ကြိမ်၊ ချန်ပီယံလိဂ်(၅)ကြိမ်၊ ယူရို-၂၀၁၆ ဖလား၊ ပရီးမီးယားလိဂ်(၃)ကြိမ်အပါအဝင် တစ်ဦးချင်းရော၊

အသင်းလိုက်ပါကြီးမားတဲ့အောင်မြင်မှုရယူထားသူ စီရော်နယ်လ်ဒိုရဲ့အရှိန်အဝါက

လူငယ်ကစားသမားတွေသာမက စီနီယာကစားသမားတွေပါ Respect ပေးရတဲ့သူတစ်ဦးလို့ သတ်မှတ်ရမှာပါ။

အခုလည်း လီဂရန့်က ယူနိုက်တက်ကစားသမားတွေဟာ စီရော်နယ်လ်ဒိုရဲ့အရှိန်အဝါကို ဘယ်လောက်အထိလေးစားကြောက်ရွံ့လဲဆိုတာ

နာမည်ကျော် talkSPORT ရေဒီယိုနဲ့အင်တာဗျူးမှာ အခုလိုထုတ်ဖော်ပြောလိုက်ပါတယ်။

“စီရော်နယ်လ်ဒို ယူနိုက်တက်အသင်းဆီပြန်ရောက်လာတဲ့အတွက် အကုန်လုံးပျော်ရွှင်နေကြတာပါ။

ထိပ်တန်းအဆင့်ကစားသမားတွေဆိုတာကလည်း သူ့လိုအဆင့်တူကစားသမားနဲ့ပဲ တွဲဖက်ကစားချင်ကြတာမျိုးဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုရဲ့အရှိန်အဝါက ဘယ်လောက်ကြီးမားလဲဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ဖောက်သည်ချလိုက်ပါဦးမယ်။

နယူးကာဆယ်နဲ့ပွဲမတိုင်ခင်တစ်ရက်အလို သောကြာညမှာ ကျွန်တော်တို့အသင်းသားတွေ ဟိုတယ်မှာ ညစာစားခဲ့ပြီး သောကြာညတိုင်းလိုလို

အချိုပွဲကျရင်တော့ ကျန်းမာရေးနဲ့အရမ်းကိုက်ညီတဲ့အစားအစာမျိုးမဟုတ်တာတွေကို စားခွင့်ရှိပါတယ်။

အဲဒီမှာ အဆီအဆိမ့်များတဲ့အစားအစာတွေဖြစ်တဲ့ ချော့ကလက်၊ custard လို အစာသွတ်ကိတ်မုန့်၊ မလိုင်ပါတဲ့မုန့်မျိုးစုံကို ကိုယ်ကြိုက်တာကိုယ် ယူစားခွင့်ပေးထားတာပါ။

ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက အဲဒီမုန့်တွေကို တစ်ယောက်မှ လက်ဖျားနဲ့တောင်မထိကြသလို တစ်ယောက်မှလည်း ‘ထ’မယူခဲ့ကြဘူး။

ကျွန်တော်တို့တွေက နယူးကာဆယ်နဲ့ပွဲအတွက် ပြင်ဆင်မှုတွေကို နားထောင်ဖို့ စားပွဲကြီးတစ်ခုမှာ အတူထိုင်နေကြတာဖြစ်ပြီး

အဲဒီအချိန်မှာ ကစားသမားတစ်ယောက်က ‘စီရော်နယ်လ်ဒိုရဲ့ ပန်းကန်ပြားပေါ်မှာ ဘာရှိလဲဟင်’ဆိုပြီးတော့ ကျွန်တော့်ကို မေးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဒီလို အဆီအဆိမ့်များတဲ့ မုန့်တွေကို စားလေ့မရှိတာကြောင့် သူ့ပန်းကန်မှာ ဘာမှမရှိဘူးဆိုတာ ခင်ဗျားတို့ ခန့်မှန်းနိုင်လောက်ပါတယ်။

တည်ခင်းထားတဲ့ Junk Food တွေကို ကစားသမားတွေ တစ်ယောက်မှ မယူရဲကြတာက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒိုရဲ႕အရွိန္အဝါက အသင္းေဖာ္ေတြအေပၚမွာ ဘယ္ေလာက္အထိႀကီးမားလဲဆိုတာ ထုတ္ေျပာခဲ့တဲ့ လီဂရန႔္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕အရန္ဂိုးသမားျဖစ္သူလီဂရန႔္က စီေရာ္နယ္လ္ဒိုဟာ ကြင္းတြင္းမွာသာမကဘဲ ကြင္းျပင္ပမွာပါ အသင္းေဖာ္ေတြအေပၚ ဘယ္ေလာက္အထိအရွိန္အဝါႀကီးမားတယ္ဆိုတာနဲ႔ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ (၁၂)ႏွစ္အၾကာမွာ ယူႏိုက္တက္အသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ပြဲဦးထြက္အျဖစ္ နယူးကာဆယ္နဲ႔ပြဲမွာပါဝင္ကစားခဲ့ၿပီး (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုဆိုရင္ ကစားသမားဘဝတစ္ေလွ်ာက္ သူ႔ရဲ႕သြင္းဂိုးအေရအတြက္က (၇၈၇)ဂိုးအထိရွိလာပါၿပီ။

ဒ့ါအျပင္ စီေရာ္နယ္လ္ဒိုဟာ မၾကာေသးခင္ကလည္း အီရန္ဂႏၴဝင္တိုက္စစ္မႉးႀကီးအလီဒါယီကို ေက်ာ္ျဖတ္ၿပီးေတာ့ ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ (၁၁၁)ဂိုးနဲ႔စံခ်ိန္တင္ခဲ့ပါေသးတယ္။ Ballon d’Or ဆု(၅)ႀကိမ္၊ ခ်န္ပီယံလိဂ္(၅)ႀကိမ္၊ ယူ႐ို-၂၀၁၆ ဖလား၊ ပရီးမီးယားလိဂ္(၃)ႀကိမ္အပါအဝင္ တစ္ဦးခ်င္းေရာ၊ အသင္းလိုက္ပါႀကီးမားတဲ့ေအာင္ျမင္မႈရယူထားသူ စီေရာ္နယ္လ္ဒိုရဲ႕အရွိန္အဝါက လူငယ္ကစားသမားေတြသာမက စီနီယာကစားသမားေတြပါ Respect ေပးရတဲ့သူတစ္ဦးလို႔ သတ္မွတ္ရမွာပါ။

အခုလည္း လီဂရန႔္က ယူႏိုက္တက္ကစားသမားေတြဟာ စီေရာ္နယ္လ္ဒိုရဲ႕အရွိန္အဝါကို ဘယ္ေလာက္အထိေလးစားေၾကာက္႐ြံ႕လဲဆိုတာ နာမည္ေက်ာ္ talkSPORT ေရဒီယိုနဲ႔အင္တာဗ်ဴးမွာ အခုလိုထုတ္ေဖာ္ေျပာလိုက္ပါတယ္။

“စီေရာ္နယ္လ္ဒို ယူႏိုက္တက္အသင္းဆီျပန္ေရာက္လာတဲ့အတြက္ အကုန္လုံးေပ်ာ္႐ႊင္ေနၾကတာပါ။ ထိပ္တန္းအဆင့္ကစားသမားေတြဆိုတာကလည္း သူ႔လိုအဆင့္တူကစားသမားနဲ႔ပဲ တြဲဖက္ကစားခ်င္ၾကတာမ်ိဳးျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုရဲ႕အရွိန္အဝါက ဘယ္ေလာက္ႀကီးမားလဲဆိုတာ ခင္ဗ်ားတို႔ကို ကြၽန္ေတာ္ေဖာက္သည္ခ်လိုက္ပါဦးမယ္။ နယူးကာဆယ္နဲ႔ပြဲမတိုင္ခင္တစ္ရက္အလို ေသာၾကာညမွာ ကြၽန္ေတာ္တို႔အသင္းသားေတြ ဟိုတယ္မွာ ညစာစားခဲ့ၿပီး ေသာၾကာညတိုင္းလိုလို အခ်ိဳပြဲက်ရင္ေတာ့ က်န္းမာေရးနဲ႔အရမ္းကိုက္ညီတဲ့အစားအစာမ်ိဳးမဟုတ္တာေတြကို စားခြင့္ရွိပါတယ္။

အဲဒီမွာ အဆီအဆိမ့္မ်ားတဲ့အစားအစာေတြျဖစ္တဲ့ ေခ်ာ့ကလက္၊ custard လို အစာသြတ္ကိတ္မုန႔္၊ မလိုင္ပါတဲ့မုန႔္မ်ိဳးစုံကို ကိုယ္ႀကိဳက္တာကိုယ္ ယူစားခြင့္ေပးထားတာပါ။ ဒါေပမဲ့ အံ့အားသင့္စရာေကာင္းတာက အဲဒီမုန႔္ေတြကို တစ္ေယာက္မွ လက္ဖ်ားနဲ႔ေတာင္မထိၾကသလို တစ္ေယာက္မွလည္း ‘ထ’မယူခဲ့ၾကဘူး။ ကြၽန္ေတာ္တို႔ေတြက နယူးကာဆယ္နဲ႔ပြဲအတြက္ ျပင္ဆင္မႈေတြကို နားေထာင္ဖို႔ စားပြဲႀကီးတစ္ခုမွာ အတူထိုင္ေနၾကတာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ကစားသမားတစ္ေယာက္က ‘စီေရာ္နယ္လ္ဒိုရဲ႕ ပန္းကန္ျပားေပၚမွာ ဘာရွိလဲဟင္’ဆိုၿပီးေတာ့ ကြၽန္ေတာ့္ကို ေမးခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ဒီလို အဆီအဆိမ့္မ်ားတဲ့ မုန႔္ေတြကို စားေလ့မရွိတာေၾကာင့္ သူ႔ပန္းကန္မွာ ဘာမွမရွိဘူးဆိုတာ ခင္ဗ်ားတို႔ ခန႔္မွန္းႏိုင္ေလာက္ပါတယ္။ တည္ခင္းထားတဲ့ Junk Food ေတြကို ကစားသမားေတြ တစ္ေယာက္မွ မယူရဲၾကတာက ကြၽန္ေတာ့္အတြက္ေတာ့ အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။