စီရော်နယ်လ်ဒိုရဲ့သွင်းဂိုးတွေသာမရှိရင် အုပ်စုကထွက်ရလောက်ပြီဖြစ်တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်မှာ အဖိုးတန်ဂိုးတွေသွင်းယူပြီးတော့ ဆိုးလ်ရှားကို အကြိမ်ကြိမ်ကယ်တင်နေတဲ့ စီရော်နယ်လ်ဒိုဟာ

အခုပွဲမှာလည်း သရေတစ်မှတ်ရဖို့အတွက် နှစ်ဂိုးသွင်းယူပြီးတော့ မန်ချက်စတာယူနိုက်တက်နဲ့ဆိုးလ်ရှားကို ကယ်တင်လိုက်ပြန်ပါပြီ။

မနှစ်က အုပ်စုအဆင့်မှာ PSG တစ်သင်းလောက်သာ လောက်လောက်လားလားပါပေမယ့် အုပ်စုကလှည့်ပြန်ခဲ့ရတဲ့ ယူနိုက်တက်တို့

ဒီနှစ်မှာလည်း အတ္တလန်တာ၊ ဗီလာရီးယဲလ်၊ ယန်းဘွိုင်းစ်တို့လို သာမန်အသင်းတွေနဲ့သာ ဆုံတွေ့နေပေမယ့်

အုပ်စုကတက်ဖို့အသည်းအသန်ရုန်းကန်နေရတာက စိတ်ပျက်စရာပါပဲ။

တစ်ဖက်ပွဲမှာ ဗီလာရီးယဲလ်က ယန်းဘွိုင်းစ်ကို အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်နဲ့ဗီလာရီးယဲလ်တို့ (၇)မှတ်စီတူညီနေပြီး

အခုပွဲမှာ သရေတစ်မှတ်ရလိုက်တာက ယူနိုက်တက်အသင်းအတွက် အုပ်စုတက်ဖို့မျှော်လင့်ချက်အတွက် တော်တော်လေးတန်ဖိုးရှိစေခဲ့တယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့စပါးနဲ့ပွဲတုန်းက (၃-၅-၂)ကစားကွက်အပြောင်းအလဲလုပ်ခဲ့သလို

အခုပွဲမှာတော့ (၃-၄-၃)ပုံစံခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ စီရော်နယ်လ်ဒို၊ ဘရူနိုဖာနန်ဒက်စ်ကို တွဲသုံးခဲ့တယ်။

ဘရူနိုဖာနန်ဒက်စ်လို ကွင်းလယ်တိုက်စစ်သမားစစ်စစ်ကို တိုက်စစ်ညာခြမ်းမှာ ဘယ်လို Idea မျိုးနဲ့ထားကစားတာလဲဆိုတာတော့ စဉ်းစားမရဘဲ

ဘရူနိုဟာ သူအားသန်တဲ့အတိုင်း ကွင်းလယ်ကိုပဲ ဝင်ကစားခဲ့တာကြောင့်

ဘစ်ဆာကာတစ်ယောက်တည်းနဲ့ ညာခြမ်းကတိုက်စစ်က အသက်မဲ့ခဲ့ပါတယ်။

ဒီပွဲမှာ အဆိုးရွားဆုံးကစားသမားက ပေ့ါဘာဖြစ်ပြီး ဒုတိယကတော့ တွမ်မီနေးပါပဲ။

နှစ်ယောက်စလုံးက ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုအားနည်းခဲ့တဲ့အပြင်

တစ်ယောက်နဲ့တစ်ယောက်အချိတ်အဆက်မမိတာကြောင့်လည်း ယူနိုက်တက်ကွင်းလယ်က ဖြစ်ချင်းတိုင်းဖြစ်ခဲ့ရတယ်။

အတ္တလန်တာအသင်းက တိုက်စစ်မှူးဇာပါတာရဲ့တိုးအားရုန်းအားကိုအဓိကထားပြီးတော့ လွတ်သွားတဲ့ Space တွေကနေ

ပါဆယ်လစ်၊ အီလီချစ်တို့က အသုံးချပြီး ယူနိုက်တက်ခံစစ်ကို ထိုးဖောက်ကစားခဲ့တယ်။

ပွဲအစပိုင်းလောက်မှာ တွမ်မီနေးရဲ့ကန်ချက်က အတ္တလန်တာကစားသမားနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့ချိန်မှာ

ဂိုးဝင်သွားပြီလို့ထင်ရပေမယ့် ကံမကောင်းစွာနဲ့ပဲ တိုင်ထိထွက်ခဲ့ပါတယ်။

ပွဲချိန်ကြာလာတာနဲ့အမျှ အတ္တလန်တာအသင်းက ယူနိုက်တက်ဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့ပြီး

ဒီပွဲမှာ စီရော်နယ်လ်ဒိုပြီးရင် နောက်ထပ်ချီးကျူးရမယ့်ကစားသမားက နောက်ခံလူဘိုင္ယီပါပဲ။

အတ္တလန်တာအသင်းရဲ့ အပိုင်ကန်သွင်းချက်တစ်ကြိမ်ကို အကောင်းဆုံးဖျက်ထုတ်နိုင်ခဲ့သလို တိုက်စစ်လမ်းကြောင်းတွေကို အကြိမ်ကြိမ်ဟန့်တားနိုင်ခဲ့တယ်။

ပထမပိုင်း(၁၂)မိနစ်မှာ အတ္တလန်တာအဖွင့်ဂိုးရခဲ့ပြီး ဇာပါတာရဲ့ပေးပို့မှုကနေ အီလီချစ်က အပြင်းကန်သွင်းခဲ့တာပါ။

ပထမပိုင်းမှာ ဗာရန်း ဒဏ်ရာရခဲ့လို့ ဂရင်းဝုဒ်ဝင်ကစားခဲ့တာကြောင့် အရင်အတိုင်း (၄-၂-၃-၁)ကစားကွက်ပြန်ဖြစ်သွားပြီး

ပထမပိုင်းပြီးခါနီးမှာ ဂရင်းဝုဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့တွဲလုံးတွေကနေ စီရော်နယ်လ်ဒိုက ချေပဂိုးသွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အတ္တလန်တာအသင်းနည်းပြဂတ်စ်ပါရီနီက ဘရူနိုဖာနန်ဒက်စ်ဆီက ဘောလုံးမထွက်အောင် Marking လုပ်ကစားစေတာကြောင့်

ယူနိုက်တက်တိုက်စစ်တစ်ခုလုံး ဘာမှလုပ်လို့မရတော့ဘဲ စီရော်နယ်လ်ဒို ဒုတိယချေပဂိုးမသွင်းခင်အထိ ဂိုးသွင်းခွင့်ဆိုလို့ မယ်မယ်ရရမရှိခဲ့ဘူး။

(၅၆)မိနစ်မှာတော့ ပါလိုမီနိုပေးတာက ဇာပါတာက လူကျွံထောင်ချောက်ကိုကျော်ဖြတ်ပြီး

အတ္တလန်တာအသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ ဒီပွဲမှာ ရှုံးပြီလို့ထင်ခဲ့ရတယ်။

ဒါပေမဲ့ ကံကောင်းခဲ့တာက နာကျင်အချိန်ပိုမှာ ဂရင်းဝုဒ် ‘မ’ပေးလိုက်တဲ့ဘောလုံးကို

စီရော်နယ်လ်ဒိုက Volley ကန်ချက်နဲ့သွင်းယူပြီးတော့ အဖိုးတန်သရေတစ်မှတ်ရအောင်စွမ်းဆောင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဆန်ချို၊ ဗန်ဒီဘိခ်တို့ဝင်လာမှ ယူနိုက်တက်တိုက်စစ်က နည်းနည်းပြန်လှုပ်ခဲ့ပြီး

ဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်ကို အခုထက်ပိုပွဲထွက်ခွင့်ပေးသင့်တယ်လို့လည်း မြင်မိတယ်။

ယူနိုက်တက်အသင်းဟာ အခုပွဲသရေကျခဲ့တာကြောင့် အုပ်စုကတက်ဖို့အတွက် လက်ကျန်နှစ်ပွဲဖြစ်တဲ့

ဗီလာရီးယဲလ်(အဝေး)၊ ယန်းဘွိုင်းစ်(အိမ်)တို့နဲ့ပွဲမှာ ဆက်လက်ရုန်းကန်ရဦးမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒိုရဲ႕သြင္းဂိုးေတြသာမရွိရင္ အုပ္စုကထြက္ရေလာက္ၿပီျဖစ္တဲ့ ယူႏိုက္တက္

ခ်န္ပီယံလိဂ္မွာ အဖိုးတန္ဂိုးေတြသြင္းယူၿပီးေတာ့ ဆိုးလ္ရွားကို အႀကိမ္ႀကိမ္ကယ္တင္ေနတဲ့ စီေရာ္နယ္လ္ဒို ဟာ

အခုပြဲမွာလည္း သေရတစ္မွတ္ရဖို႔အတြက္ ႏွစ္ဂိုးသြင္းယူၿပီးေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ဆိုးလ္ရွားကို ကယ္တင္လိုက္ျပန္ပါၿပီ။

မႏွစ္က အုပ္စုအဆင့္မွာ PSG တစ္သင္းေလာက္သာ ေလာက္ေလာက္လားလားပါေပမယ့္ အုပ္စုကလွည့္ျပန္ခဲ့ရတဲ့ ယူႏိုက္တက္တို႔ ဒီႏွစ္မွာလည္း

အတၱလန္တာ၊ ဗီလာရီးယဲလ္၊ ယန္းဘြိဳင္းစ္တို႔လို သာမန္အသင္းေတြနဲ႔သာ ဆုံေတြ႕ေနေပမယ့္ အုပ္စုကတက္ဖို႔အသည္းအသန္႐ုန္းကန္ေနရတာက စိတ္ပ်က္စရာပါပဲ။

တစ္ဖက္ပြဲမွာ ဗီလာရီးယဲလ္က ယန္းဘြိဳင္းစ္ကို အႏိုင္ရခဲ့တာေၾကာင့္ ယူႏိုက္တက္နဲ႔ဗီလာရီးယဲလ္တို႔ (၇)မွတ္စီတူညီေနၿပီး အခုပြဲမွာ

သေရတစ္မွတ္ရလိုက္တာက ယူႏိုက္တက္အသင္းအတြက္ အုပ္စုတက္ဖို႔ေမွ်ာ္လင့္ခ်က္အတြက္ ေတာ္ေတာ္ေလးတန္ဖိုးရွိေစခဲ့တယ္။

ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့စပါးနဲ႔ပြဲတုန္းက (၃-၅-၂)ကစားကြက္အေျပာင္းအလဲလုပ္ခဲ့သလို အခုပြဲမွာေတာ့

(၃-၄-၃)ပုံစံခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာ ရပ္ရွ္ဖို႔ဒ္၊ စီေရာ္နယ္လ္ဒို၊ ဘ႐ူႏိုဖာနန္ဒက္စ္ကို တြဲသုံးခဲ့တယ္။

ဘ႐ူႏိုဖာနန္ဒက္စ္လို ကြင္းလယ္တိုက္စစ္သမားစစ္စစ္ကို တိုက္စစ္ညာျခမ္းမွာ ဘယ္လို Idea မ်ိဳးနဲ႔ထားကစားတာလဲဆိုတာေတာ့

စဥ္းစားမရဘဲ ဘ႐ူႏိုဟာ သူအားသန္တဲ့အတိုင္း ကြင္းလယ္ကိုပဲ ဝင္ကစားတဲ့တာေၾကာင့္ ဘစ္ဆာကာတစ္ေယာက္တည္းနဲ႔ ညာျခမ္းကတိုက္စစ္က အသက္မဲ့ခဲ့ပါတယ္။

ဒီပြဲမွာ အဆိုး႐ြားဆုံးကစားသမားက ေပ့ါဘာျဖစ္ၿပီး ဒုတိယကေတာ့ တြမ္မီေနးပါပဲ။

ႏွစ္ေယာက္စလုံးက ကြင္းလယ္နဲ႔တိုက္စစ္ခ်ိတ္ဆက္မႈအားနည္းခဲ့တဲ့အျပင္ တစ္ေယာက္နဲ႔တစ္ေယာက္အခ်ိတ္အဆက္မမိတာေၾကာင့္လည္း ယူႏိုက္တက္ကြင္းလယ္က ျဖစ္ခ်င္းတိုင္းျဖစ္ခဲ့ရတယ္။

အတၱလန္တာအသင္းက တိုက္စစ္မႉးဇာပါတာရဲ႕တိုးအား႐ုန္းအားကိုအဓိကထားၿပီးေတာ့ လြတ္သြားတဲ့ Space ေတြကေန ပါဆယ္လစ္၊ အီလီခ်စ္တို႔က အသုံးခ်ၿပီး ယူႏိုက္တက္ခံစစ္ကို ထိုးေဖာက္ကစားခဲ့တယ္။

ပြဲအစပိုင္းေလာက္မွာ တြမ္မီေနးရဲ႕ကန္ခ်က္က အတၱလန္တာကစားသမားနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့ခ်ိန္မွာ ဂိုးဝင္သြားၿပီလို႔ထင္ရေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ တိုင္ထိထြက္ခဲ့ပါတယ္။

ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် အတၱလန္တာအသင္းက ယူႏိုက္တက္ဘက္ကို ထိုးေဖာက္ကစားႏိုင္ခဲ့ၿပီး ဒီပြဲမွာ စီေရာ္နယ္လ္ဒိုၿပီးရင္ ေနာက္ထပ္ခ်ီးက်ဴးရမယ့္ကစားသမားက ေနာက္ခံလူဘာယီပါပဲ။

အတၱလန္တာအသင္းရဲ႕ အပိုင္ကန္သြင္းခ်က္တစ္ႀကိမ္ကို အေကာင္းဆုံးဖ်က္ထုတ္ႏိုင္ခဲ့သလို တိုက္စစ္လမ္းေၾကာင္းေတြကို အႀကိမ္ႀကိမ္ဟန႔္တားႏိုင္ခဲ့တယ္။

ပထမပိုင္း(၁၂)မိနစ္မွာ အတၱလန္တာအဖြင့္ဂိုးရခဲ့ၿပီး ဇာပါတာရဲ႕ေပးပို႔မႈကေန အီလီခ်စ္က အျပင္းကန္သြင္းခဲ့တာပါ။

ပထမပိုင္းမွာ ဗာရန္း ဒဏ္ရာရခဲ့လို႔ ဂရင္းဝုဒ္ဝင္ကစားခဲ့တာေၾကာင့္ အရင္အတိုင္း (၄-၂-၃-၁)ကစားကြက္ျပန္ျဖစ္သြားၿပီး

ပထမပိုင္းၿပီးခါနီးမွာ ဂရင္းဝုဒ္၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕တြဲလုံးေတြကေန စီေရာ္နယ္လ္ဒိုက ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အတၱလန္တာအသင္းနည္းျပဂတ္စ္ပါရီနီက ဘ႐ူႏိုဖာနန္ဒက္စ္ဆီက ေဘာလုံးမထြက္ေအာင္ Marking လုပ္ကစားေစတာေၾကာင့္

ယူႏိုက္တက္တိုက္စစ္တစ္ခုလုံး ဘာမွလုပ္လို႔မရေတာ့ဘဲ စီေရာ္နယ္လ္ဒို ဒုတိယေခ်ပဂိုးမသြင္းခင္အထိ ဂိုးသြင္းခြင့္ဆိုလို႔ မယ္မယ္ရရမရွိခဲ့ဘူး။

(၅၆)မိနစ္မွာေတာ့ ပါလိုမီႏိုေပးတာက ဇာပါတာက လူကြၽံေထာင္ေခ်ာက္ကိုေက်ာ္ျဖတ္ၿပီး အတၱလန္တာအသင္းအတြက္ ဒုတိယဂိုးသြင္းယူခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ဒီပြဲမွာ ရႈံးၿပီလို႔ထင္ခဲ့ရတယ္။

ဒါေပမဲ့ ကံေကာင္းခဲ့တာက နာက်င္အခ်ိန္ပိုမွာ ဂရင္းဝုဒ္ ‘မ’ေပးလိုက္တဲ့ေဘာလုံးကို စီေရာ္နယ္လ္ဒိုက Volley ကန္ခ်က္နဲ႔သြင္းယူၿပီးေတာ့ အဖိုးတန္သေရတစ္မွတ္ရေအာင္စြမ္းေဆာင္ခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာ ဆန္ခ်ိဳ၊ ဗန္ဒီဘိခ္တို႔ဝင္လာမွ ယူႏိုက္တက္တိုက္စစ္က နည္းနည္းျပန္လႈပ္ခဲ့ၿပီး ဆိုးလ္ရွားအေနနဲ႔ ဗန္ဒီဘိခ္ကို အခုထက္ပိုပြဲထြက္ခြင့္ေပးသင့္တယ္လို႔လည္း ျမင္မိတယ္။

ယူႏိုက္တက္အသင္းဟာ အခုပြဲသေရက်ခဲ့တာေၾကာင့္ အုပ္စုကတက္ဖို႔အတြက္ လက္က်န္ႏွစ္ပြဲျဖစ္တဲ့ ဗီလာရီးယဲလ္(အေဝး)၊ ယန္းဘြိဳင္းစ္(အိမ္)တို႔နဲ႔ပြဲမွာ ဆက္လက္႐ုန္းကန္ရဦးမွာျဖစ္ပါတယ္။