စီရော်နယ်လ်ဒိုရဲ့ဂိုးကို မှားယွင်းပြီးခွင့်မပြုခဲ့တဲ့အတွက် ဒိုင်လူကြီး ပြန်လည်တောင်းပန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆားဘီးယားနဲ့ပေါ်တူဂီတို့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စီရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ဂိုးကို မှားယွင်းပြီး ဂိုးအဖြစ်မသတ်မှတ်ခဲ့တဲ့ဆုံးဖြတ်ချက်အတွက် ကွင်းလယ်ဒိုင်ဒန်နီမက်ကယ်လီက ပွဲအပြီးမှာတောင်းပန်ခဲ့တယ်လို့ ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အဲဒီပွဲဟာ (၂)ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပွဲပြီးခါနီးမှာ စီရော်နယ်လ်ဒို ကန်ခဲ့တဲ့ဘောလုံးကို ဂိုးစည်းကျော်ပြီးမှ ဆားဘီးယားနောက်ခံလူ စတီဖင်မီထရိုဗစ်က ရှင်းထုတ်နိုင်ခဲ့ပေမယ့် ဒတ်ချ်လူမျိုးကွင်းလယ်ဒိုင် မက်ကယ်လီက ဂိုးအဖြစ်မသတ်မှတ်ခဲ့ပါဘူး။

ရုပ်သံအနှေးပြကွက်တွေအရ ဘောလုံးဟာ ဂိုးစည်းကို သိသိသာသာကျော်သွားခဲ့ပေမယ့် ဒီအဖြစ်အပျက်ကို ပြန်ကြည့်ဖို့ VAR လည်းမရှိသလို၊ Goal Line နည်းစနစ်လည်း မသုံးတဲ့အတွက် မက်ကယ်လီက ဂိုးပေးဖို့ငြင်းဆန်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုလည်း အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး အဝါကတ်ပါ ပြသခံခဲ့ရပါတယ်။

ပွဲအပြီးမှာ ဖာနန်ဒိုဆန်းတို့စ်က “ကျွန်တော်တို့ ဆားဘီးယားဘက်ကို အနိုင်ဂိုးသွင်းယူခဲ့သလို ဘောလုံးက ဂိုးစည်းကျော်သွားပေမယ့် ဂိုးအဖြစ်မသတ်မှတ်ခံခဲ့ရပါဘူး။ ဒီလိုပြိုင်ပွဲအဆင့်အတန်းမျိုးမှာ အခုလိုဖြစ်ရပ်တွေက မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ပွဲအပြီးအဝတ်လဲခန်းအတွင်းမှာ ဒိုင်လူကြီးက သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ကျွန်တော့်ကို တောင်းပန်ခဲ့ပြီး အဲဒီအမှားအတွက်အရှက်ရမိတယ်လို့ ပြောခဲ့ပါတယ်။

ဒိုင်လူကြီးတွေဟာ လူသားတွေဖြစ်တာကြောင့် အမှားလုပ်မိတာတွေရှိပြီး အဲဒါကြောင့်ပဲ အဲဒီလိုအမှားမျိုးမဖြစ်ရအောင် VAR ၊ Goal Line နည်းစနစ်တွေကို အသုံးပြုနေကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆားဘီးယားနဲ့ပွဲမှာ ဒိုင်လူကြီးရဲ့အမှားကြောင့် သရေကျခဲ့တဲ့အတွက် ပေါ်တူဂီမီဒီယာတွေဟာ ကွင်းလယ်ဒိုင်မက်ကယ်လီကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး Record သတင်းစာက “‘ROUBO!’,(သူခိုး)ဆိုတဲ့ စကားလုံးနဲ့ နောက်ကျောဖုံးအပြည့်ဖော်ပြခဲ့သလို နာမည်ကျော် A Bola သတင်းကလည်း “အရှက်မရှိတဲ့ဒိုင်လူကြီး”လို့ ဝေဖန်ရေးသားခဲ့ပါတယ်။

အဲဒီပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်တာကနေ အသင်းခေါင်းဆောင်လက်ပတ်လွှင့်ပစ်တဲ့အထိ ဒေါသပေါက်ကွဲခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အဲဒီလုပ်ရပ်အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့် စီရော်နယ်လ်ဒိုက “ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်ခွင့်ရတာက ဂုဏ်ယူစရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်သလို ကျွန်တော့်ဘဝအတွက်လည်း ကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်။

ကျွန်တော့်နိုင်ငံအတွက် အကောင်းဆုံးပေးဆပ်သွားမှာဖြစ်ပြီး အဲဒါက ဘယ်တော့မှမပြောင်းလဲပါဘူး။ စိတ်ခံစားချက်ကို မထိန်းနိုင်တဲ့အခိုက်အတန့်တွေဆိုတာ မကြာခဏကြုံတွေ့ရလေ့ရှိပြီး အထူးသဖြင့် နိုင်ငံအသင်းအတွက် ထိခိုက်မှုရှိစေတဲ့အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရရင် စိတ်ထိန်းနိုင်ဖို့ခက်ပါတယ်။ လာမယ့်စိန်ခေါ်မှုအသစ်တွေကို ခေါင်းမော့ပြီးရင်ဆိုင်သွားမယ်၊ ကြိုးစားထား ပေါ်တူဂီရေ”လို့ သူ့ရဲ့ Instagram မှာရေးသားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်(၂)ပွဲအပြီးမှာ (၄)မှတ်ရရှိထားပြီး လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် တတိယမြောက်ပွဲစဉ်အဖြစ် လူဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္လ္ဒိုရဲ႕ဂိုးကို မွားယြင္းၿပီးခြင့္မျပဳခဲ့တဲ့အတြက္ ဒိုင္လူႀကီး ျပန္လည္ေတာင္းပန္

ဆားဘီးယားနဲ႔ေပၚတူဂီတို႔ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ စီေရာ္နယ္လ္ဒို သြင္းယူခဲ့တဲ့ဂိုးကို မွားယြင္းၿပီး ဂိုးအျဖစ္မသတ္မွတ္ခဲ့တဲ့ဆုံးျဖတ္ခ်က္အတြက္ ကြင္းလယ္ဒိုင္ဒန္နီမက္ကယ္လီက ပြဲအၿပီးမွာေတာင္းပန္ခဲ့တယ္လို႔ ေပၚတူဂီအသင္းနည္းျပဖာနန္ဒိုဆန္းတို႔စ္က ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အဲဒီပြဲဟာ (၂)ဂိုးစီသေရရလဒ္ထြက္ေပၚခဲ့ၿပီး ပြဲၿပီးခါနီးမွာ စီေရာ္နယ္လ္ဒို ကန္ခဲ့တဲ့ေဘာလုံးကို ဂိုးစည္းေက်ာ္ၿပီးမွ ဆားဘီးယားေနာက္ခံလူ စတီဖင္မီထ႐ိုဗစ္က ရွင္းထုတ္ႏိုင္ခဲ့ေပမယ့္ ဒတ္ခ်္လူမ်ိဳးကြင္းလယ္ဒိုင္ မက္ကယ္လီက ဂိုးအျဖစ္မသတ္မွတ္ခဲ့ပါဘူး။ ႐ုပ္သံအေႏွးျပကြက္ေတြအရ ေဘာလုံးဟာ ဂိုးစည္းကို သိသိသာသာေက်ာ္သြားခဲ့ေပမယ့္ ဒီအျဖစ္အပ်က္ကို ျပန္ၾကည့္ဖို႔ VAR လည္းမရွိသလို၊ Goal Line နည္းစနစ္လည္း မသုံးတဲ့အတြက္ မက္ကယ္လီက ဂိုးေပးဖို႔ျငင္းဆန္ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုလည္း အႀကီးအက်ယ္ေပါက္ကြဲခဲ့ၿပီး အဝါကတ္ပါ ျပသခံခဲ့ရပါတယ္။

ပြဲအၿပီးမွာ ဖာနန္ဒိုဆန္းတို႔စ္က “ကြၽန္ေတာ္တို႔ ဆားဘီးယားဘက္ကို အႏိုင္ဂိုးသြင္းယူခဲ့သလို ေဘာလုံးက ဂိုးစည္းေက်ာ္သြားေပမယ့္ ဂိုးအျဖစ္မသတ္မွတ္ခံခဲ့ရပါဘူး။ ဒီလိုၿပိဳင္ပြဲအဆင့္အတန္းမ်ိဳးမွာ အခုလိုျဖစ္ရပ္ေတြက မျဖစ္သင့္ဘူးလို႔ထင္ပါတယ္။ ပြဲအၿပီးအဝတ္လဲခန္းအတြင္းမွာ ဒိုင္လူႀကီးက သူ႔ရဲ႕ဆုံးျဖတ္ခ်က္အတြက္ ကြၽန္ေတာ့္ကို ေတာင္းပန္ခဲ့ၿပီး အဲဒီအမွားအတြက္အရွက္ရမိတယ္လို႔ ေျပာခဲ့ပါတယ္။ ဒိုင္လူႀကီးေတြဟာ လူသားေတြျဖစ္တာေၾကာင့္ အမွားလုပ္မိတာေတြရွိၿပီး အဲဒါေၾကာင့္ပဲ အဲဒီလိုအမွားမ်ိဳးမျဖစ္ရေအာင္ VAR ၊ Goal Line နည္းစနစ္ေတြကို အသုံးျပဳေနၾကတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဆားဘီးယားနဲ႔ပြဲမွာ ဒိုင္လူႀကီးရဲ႕အမွားေၾကာင့္ သေရက်ခဲ့တဲ့အတြက္ ေပၚတူဂီမီဒီယာေတြဟာ ကြင္းလယ္ဒိုင္မက္ကယ္လီကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၿပီး Record သတင္းစာက “‘ROUBO!’,(သူခိုး)ဆိုတဲ့ စကားလုံးနဲ႔ ေနာက္ေက်ာဖုံးအျပည့္ေဖာ္ျပခဲ့သလို နာမည္ေက်ာ္ A Bola သတင္းကလည္း “အရွက္မရွိတဲ့ဒိုင္လူႀကီး”လို႔ ေဝဖန္ေရးသားခဲ့ပါတယ္။

အဲဒီပြဲမွာ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို မေက်မနပ္ျဖစ္တာကေန အသင္းေခါင္းေဆာင္လက္ပတ္လႊင့္ပစ္တဲ့အထိ ေဒါသေပါက္ကြဲခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ အဲဒီလုပ္ရပ္အတြက္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုက “ေပၚတူဂီအသင္းေခါင္းေဆာင္ျဖစ္ခြင့္ရတာက ဂုဏ္ယူစရာေကာင္းတဲ့ကိစၥတစ္ခုျဖစ္သလို ကြၽန္ေတာ့္ဘဝအတြက္လည္း ႀကီးမားတဲ့အခြင့္အေရးျဖစ္ပါတယ္။ ကြၽန္ေတာ့္ႏိုင္ငံအတြက္ အေကာင္းဆုံးေပးဆပ္သြားမွာျဖစ္ၿပီး အဲဒါက ဘယ္ေတာ့မွမေျပာင္းလဲပါဘူး။ စိတ္ခံစားခ်က္ကို မထိန္းႏိုင္တဲ့အခိုက္အတန႔္ေတြဆိုတာ မၾကာခဏႀကဳံေတြ႕ရေလ့ရွိၿပီး အထူးသျဖင့္ ႏိုင္ငံအသင္းအတြက္ ထိခိုက္မႈရွိေစတဲ့အျဖစ္အပ်က္ေတြနဲ႔ ရင္ဆိုင္ရရင္ စိတ္ထိန္းႏိုင္ဖို႔ခက္ပါတယ္။ လာမယ့္စိန္ေခၚမႈအသစ္ေတြကို ေခါင္းေမာ့ၿပီးရင္ဆိုင္သြားမယ္၊ ႀကိဳးစားထား ေပၚတူဂီေရ”လို႔ သူ႔ရဲ႕ Instagram မွာေရးသားခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားအုပ္စုပြဲစဥ္(၂)ပြဲအၿပီးမွာ (၄)မွတ္ရရွိထားၿပီး လာမယ့္ဗုဒၶဟူးေန႔က်ရင္ တတိယေျမာက္ပြဲစဥ္အျဖစ္ လူဇင္ဘတ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။