
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုကို အခုရက်ပိုင်းအတွင်းမှာပဲ တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး စီရော်နယ်လ်ဒိုရောက်ရှိလာလို့ အသင်းရဲဲ့ Instagram မှာ Followers တွေ ပိုများလာသလို၊ အသင်းရဲ့ရှယ်ယာစျေးနှုန်းတွေလည်း ချက်ချင်းမြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင် ဘောလုံးနဲ့ပတ်သက်လို့စစ်တမ်းကောက်ခံနေသူတွေရဲ့ သုံးသပ်ချက်အရ ယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒို ပြန်ရောက်လာတာက ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ယူနိုက်တက်အသင်း ဗိုလ်စွဲဖို့ရေပန်းစားမှုရာခိုင်နှုန်းက အရင်ကထက် ပိုမြင့်တက်လာခဲ့ပါတယ်။
အခုဆိုရင် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေက အရင်(၇%)သာရှိတာကနေ စီရော်နယ်လ်ဒိုရောက်ရှိလာပြီးနောက်ပိုင်း (၁၂%)အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အခုစစ်တမ်းကို နာမည်ကျော်အဖွဲ့ဖြစ်တဲ့ The Twenty First Group က စာရင်းပြုစုခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုရဲ့စွမ်းဆောင်ရည်မှတ်တမ်းတွေအရ ယူနိုက်တက်အသင်းအပေါ် ဘယ်လောက်အထိအကျိုးပြုနိုင်လဲဆိုတာ တွက်ချက်ခဲ့တာပါ။
The Twenty First Group ရဲ့ထုတ်ပြန်ချက်က ယူနိုက်တက်ပရိသတ်တွေအတွက် ဝမ်းမြောက်စရာသတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း သူတို့အချစ်တော် စီရော်နယ်လ်ဒို အသင်းအတွက်တစ်ကျော့ပြန်အောင်မြင်မှုတွေရယူတာကို မြင်ချင်နေကြတာဖြစ်ပါတယ်။
The Twenty First Group ရဲ့အကြီးအကဲတစ်ဦးဖြစ်သူ အိုမာချာဒူရီက “ကျွန်တော်တို့ရဲဲ့ စစ်တမ်းတွေအရ ယူနိုက်တက်အသင်းဆီ စီရော်နယ်လ်ဒိုရောက်ရှိလာတဲ့အတွက် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေရာခိုင်နှုန်းက (၅%)ပိုမြင့်တက်လာပြီး (၇%)ကနေ (၁၂%)ကို မြင့်တက်သွားတာပါ။
ဒါ့အပြင် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေကလည်း အရင်(၅%)ကနေ အခု (၈%)အထိ မြင့်တက်လာခဲ့ပါတယ်။
ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲ(၂)ခုမှာ အနည်းဆုံးဖလားတစ်လုံးရနိုင်မယ့်ဖြစ်နိုင်ခြေကလည်း (၁၂%)ကနေ (၁၉%)ကို မြင့်တက်သွားပါတယ်”လို့ပြောကြားခဲ့ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိကစားခဲ့ချိန်တုန်းက
ပရီးမီးယားလိဂ်(၃)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်ရယူခဲ့ပြီး တစ်ဦးချင်းအကောင်းဆုံးဆုတွေအဖြစ် Ballon d’Or ၊ ဖီဖာကမ္ဘာ့အကောင်းဆုံးဆုတွေကို ၂၀၀၈ ခုနှစ်မှာဆွတ်ခူးခဲ့သူဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ




zawgyiစီေရာ္နယ္လ္ဒိုေရာက္လာလို႔ ယူႏိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္မွာဗိုလ္စြဲဖို႔ေရပန္းစားမႈရာခိုင္ႏႈန္း ျမင့္တက္လာ




မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုကို အခုရက္ပိုင္းအတြင္းမွာပဲ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီး စီေရာ္နယ္လ္ဒိုေရာက္ရွိလာလို႔ အသင္းရဲဲ့ Instagram မွာ Followers ေတြ ပိုမ်ားလာသလို၊ အသင္းရဲ႕ရွယ္ယာေစ်းႏႈန္းေတြလည္း ခ်က္ခ်င္းျမင့္တက္ခဲ့ပါတယ္။ ဒါ့အျပင္ ေဘာလုံးနဲ႔ပတ္သက္လို႔စစ္တမ္းေကာက္ခံေနသူေတြရဲ႕ သုံးသပ္ခ်က္အရ ယူႏိုက္တက္အသင္းကို စီေရာ္နယ္လ္ဒို ျပန္ေရာက္လာတာက ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြမွာ ယူႏိုက္တက္အသင္း ဗိုလ္စြဲဖို႔ေရပန္းစားမႈရာခိုင္ႏႈန္းက အရင္ကထက္ ပိုျမင့္တက္လာခဲ့ပါတယ္။ အခုဆိုရင္ ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ေျခက အရင္(၇%)သာရွိတာကေန စီေရာ္နယ္လ္ဒိုေရာက္ရွိလာၿပီးေနာက္ပိုင္း (၁၂%)အထိ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ အခုစစ္တမ္းကို နာမည္ေက်ာ္အဖြဲ႕ျဖစ္တဲ့ The Twenty First Group က စာရင္းျပဳစုခဲ့တာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုရဲ႕စြမ္းေဆာင္ရည္မွတ္တမ္းေတြအရ ယူႏိုက္တက္အသင္းအေပၚ ဘယ္ေလာက္အထိအက်ိဳးျပဳႏိုင္လဲဆိုတာ တြက္ခ်က္ခဲ့တာပါ။The Twenty First Group ရဲ႕ထုတ္ျပန္ခ်က္က ယူႏိုက္တက္ပရိသတ္ေတြအတြက္ ဝမ္းေျမာက္စရာသတင္းတစ္ပုဒ္ျဖစ္ခဲ့ၿပီး ယူႏိုက္တက္ပရိသတ္ေတြကလည္း သူတို႔အခ်စ္ေတာ္ စီေရာ္နယ္လ္ဒို အသင္းအတြက္တစ္ေက်ာ့ျပန္ေအာင္ျမင္မႈေတြရယူတာကို ျမင္ခ်င္ေနၾကတာျဖစ္ပါတယ္။ The Twenty First Group ရဲ႕အႀကီးအကဲတစ္ဦးျဖစ္သူ အိုမာခ်ာဒူရီက “ကြၽန္ေတာ္တို႔ရဲဲ့ စစ္တမ္းေတြအရ ယူႏိုက္တက္အသင္းဆီ စီေရာ္နယ္လ္ဒိုေရာက္ရွိလာတဲ့အတြက္ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ျဖစ္ႏိုင္ေျခရာခိုင္ႏႈန္းက (၅%)ပိုျမင့္တက္လာၿပီး (၇%)ကေန (၁၂%)ကို ျမင့္တက္သြားတာပါ။ ဒါ့အျပင္ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ျဖစ္ႏိုင္ေျခကလည္း အရင္(၅%)ကေန အခု (၈%)အထိ ျမင့္တက္လာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲ(၂)ခုမွာ အနည္းဆုံးဖလားတစ္လုံးရႏိုင္မယ့္ျဖစ္ႏိုင္ေျခကလည္း (၁၂%)ကေန (၁၉%)ကို ျမင့္တက္သြားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းမွာ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိကစားခဲ့ခ်ိန္တုန္းက ပရီးမီးယားလိဂ္(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္ရယူခဲ့ၿပီး တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြအျဖစ္ Ballon d’Or ၊ ဖီဖာကမာၻ႔အေကာင္းဆုံးဆုေတြကို ၂၀၀၈ ခုႏွစ္မွာဆြတ္ခူးခဲ့သူျဖစ္ပါတယ္။