စီရော်နယ်လ်ဒိုမရှိတော့တဲ့ ဂျူဗင်တပ်စ်အသင်း စီးရီးအေမှာ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးရီအေးထိပ်သီးဂျူဗင်တပ်စ်အသင်းဟာ မနေ့က တန်းတက်အမ်ပိုလီအသင်းနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲမှာ မထင်မှတ်ဘဲ (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် တစ်ကျော့ပြန်နည်းပြကြီးအယ်လီဂရီအတွက် မျက်နှာပန်းမလှဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဆုနဲ့လွဲချော်ခဲ့လို့ ဒီရာသီမှာ ချန်ပီယံဖြစ်ဖို့ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ရာသီအဖွင့်ပွဲမှာ အူဒီးနီးစ်ကို (၂)ဂိုးပြတ်နိုင်နေရာကနေ ဂိုးတွေပြန်ပေးလိုက်ရတဲ့အတွက် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပြီး

အခု အိမ်ကွင်းပွဲမှာတော့ ဒီရာသီမှာတန်းတက်လာတဲ့ အမ်ပိုလီအသင်းကို အနိုင်မကစားနိုင်ဘဲ ပထမပိုင်း(၂၁)မိနစ်မှာ မန်ကူဆိုရဲ့တစ်လုံးတည်းသောဂိုးကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ မကြာသေးခင်ကမှ သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီရောင်းချခဲ့ပြီး စီရော်နယ်လ်ဒိုမရှိတော့လို့ စတင်ရုန်းကန်နေရပြီလားလို့ မေးခွန်းထုတ်ရမှာပဲဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘဝ (၃)ရာသီအတွင်း (၁၀၁)ဂိုးသွင်းယူခဲ့ပြီးတော့ စီးရီးအေမှာ (၈၁)ဂိုးအထိသွင်းယူခဲ့သလို (၂)ဂိုးနဲ့အထက်သွင်းယူခဲ့တာက (၁၉)ပွဲရှိပြီး၊ ၁၉၉၄-၉၅ ရာသီကစလို့ စီးရီးအေသွင်းဂိုး(၅၀)ကို ပွဲအနည်းဆုံး(၆၁ပွဲ)နဲ့သွင်းယူခဲ့သူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အခုအချိန်မှာ စီရော်နယ်လ်ဒိုကို လက်လွှတ်လိုက်ပြီဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်း အခက်အခဲတွေနဲ့စတင်ရင်ဆိုင်နေရပြီဖြစ်ပြီး အသင်းရဲ့အဆင့်မြင့်တန်းအမှတ်ပေးပြိုင်ပွဲ(၅၂)နှစ်တာကာလအတွင်း တတိယအကြိမ်မြောက်အဖြစ် ရာသီအစ(၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၀-၁၁ ရာသီနဲ့ ၂၀၁၅-၁၆ ရာသီတွေမှာ ရာသီအဖွင့်(၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး အခု (၆)ရာသီအကြာမှာ အဲဒီမှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ရပါပြီ။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းဟာ သူတို့အိမ်ကွင်းဖြစ်တဲ့ Juventus Stadium ကွင်းမှာ စတင်ကစားခဲ့တဲ့ ၂၀၁၁-၁၂ ရာသီကစလို့ အခုအချိန်အထိ စီးရီးအေ(၁၀)ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီဖြစ်ပြီး အဲဒီ(၁၀)ပွဲမှာ(၃)ပွဲက အခု ၂၀၂၁ ခုနှစ်အတွင်းရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

အမ်ပိုလီနဲ့ပွဲအပြီးမှာ သတင်းထောက်တွေက စီရော်နယ်လ်ဒိုမရှိတော့တာက အသင်းအတွက် ဘယ်လောက်ထိခိုက်မှုရှိလဲလို့ မေးမြန်းခဲ့ချိန်မှာ အယ်လီဂရီက “စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ (၃)နှစ်ကြာကစားခဲ့ပြီး ဂိုးတွေအများကြီးသွင်းယူခဲ့သလို သူဟာ တကယ့်အရည်အချင်းရှိတဲ့ကစားသမားတစ်ဦးပါပဲ။

ဒါပေမဲ့ အခုအချိန်ကစလို့ စီရော်နယ်လ်ဒိုအကြောင်းကို ကျွန်တော်တို့ ခေါင်းထဲမှာထည့်ထားလို့ မရတော့ပါဘူး။

ကျွန်တော်တို့အသင်းရဲ့ကစားသမားစုဖွဲ့မှုက အင်အားတောင့်တင်းနေဆဲဖြစ်ပါတယ်။

ပွဲတိုင်းမှာတော့ အမြဲတမ်းအသာစီးက,ကစားနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်ထားရပါမယ်။

အခုအချိန်မှာ အားလုံးညီညွတ်မှုရှိရမှာဖြစ်ပြီး ဒါမှလည်း အနာဂတ်အောင်မြင်မှုတွေရယူနိုင်ဖို့ အကူအညီဖြစ်စေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒိုမရွိေတာ့တဲ့ ဂ်ဴဗင္တပ္စ္အသင္း စီးရီးေအမွာ (၂)ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံး

စီးရီေအးထိပ္သီးဂ်ဴဗင္တပ္စ္အသင္းဟာ မေန႔က တန္းတက္အမ္ပိုလီအသင္းနဲ႔ကစားခဲ့တဲ့ စီးရီးေအပြဲမွာ မထင္မွတ္ဘဲ (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ တစ္ေက်ာ့ျပန္နည္းျပႀကီးအယ္လီဂရီအတြက္ မ်က္ႏွာပန္းမလွျဖစ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီက စီးရီးေအခ်န္ပီယံဆုနဲ႔လြဲေခ်ာ္ခဲ့လို႔ ဒီရာသီမွာ ခ်န္ပီယံျဖစ္ဖို႔ပစ္မွတ္ထားေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ရာသီအဖြင့္ပြဲမွာ အူဒီးနီးစ္ကို (၂)ဂိုးျပတ္ႏိုင္ေနရာကေန ဂိုးေတြျပန္ေပးလိုက္ရတဲ့အတြက္ သေရတစ္မွတ္နဲ႔သာေက်နပ္ခဲ့ရၿပီး အခု အိမ္ကြင္းပြဲမွာေတာ့ ဒီရာသီမွာတန္းတက္လာတဲ့ အမ္ပိုလီအသင္းကို အႏိုင္မကစားႏိုင္ဘဲ ပထမပိုင္း(၂၁)မိနစ္မွာ မန္ကူဆိုရဲ႕တစ္လုံးတည္းေသာဂိုးေၾကာင့္ ရႈံးပြဲႀကဳံေတြ႕ခဲ့ရတာပါ။

ဂ်ဴဗင္တပ္စ္အသင္းဟာ မၾကာေသးခင္ကမွ သူတို႔ရဲ႕အဓိကတိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုကို မန္ခ်က္စတာယူႏိုက္တက္အသင္းဆီေရာင္းခ်ခဲ့ၿပီး စီေရာ္နယ္လ္ဒိုမရွိေတာ့လို႔ စတင္႐ုန္းကန္ေနရၿပီလားလို႔ ေမးခြန္းထုတ္ရမွာပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝ (၃)ရာသီအတြင္း (၁၀၁)ဂိုးသြင္းယူခဲ့ၿပီးေတာ့ စီးရီးေအမွာ (၈၁)ဂိုးအထိသြင္းယူခဲ့သလို (၂)ဂိုးနဲ႔အထက္သြင္းယူခဲ့တာက (၁၉)ပြဲရွိၿပီး၊ ၁၉၉၄-၉၅ ရာသီကစလို႔ စီးရီးေအသြင္းဂိုး(၅၀)ကို ပြဲအနည္းဆုံး(၆၁ပြဲ)နဲ႔သြင္းယူခဲ့သူအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

အခုအခ်ိန္မွာ စီေရာ္နယ္လ္ဒိုကို လက္လႊတ္လိုက္ၿပီျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္း အခက္အခဲေတြနဲ႔စတင္ရင္ဆိုင္ေနရၿပီျဖစ္ၿပီး အသင္းရဲ႕အဆင့္ျမင့္တန္းအမွတ္ေပးၿပိဳင္ပြဲ(၅၂)ႏွစ္တာကာလအတြင္း တတိယအႀကိမ္ေျမာက္အျဖစ္ ရာသီအစ(၂)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာလည္းျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၀-၁၁ ရာသီနဲ႔ ၂၀၁၅-၁၆ ရာသီေတြမွာ ရာသီအဖြင့္(၂)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး အခု (၆)ရာသီအၾကာမွာ အဲဒီမွတ္တမ္းဆိုးကို ျပန္လည္ပိုင္ဆိုင္ခဲ့ရပါၿပီ။ ဒါ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို႔အိမ္ကြင္းျဖစ္တဲ့ Juventus Stadium ကြင္းမွာ စတင္ကစားခဲ့တဲ့ ၂၀၁၁-၁၂ ရာသီကစလို႔ အခုအခ်ိန္အထိ စီးရီးေအ(၁၀)ပြဲေျမာက္ ရႈံးပြဲႀကဳံေတြ႕ခဲ့ၿပီျဖစ္ၿပီး အဲဒီ(၁၀)ပြဲမွာ(၃)ပြဲက အခု ၂၀၂၁ ခုႏွစ္အတြင္းရႈံးနိမ့္ခဲ့တာပဲျဖစ္ပါတယ္။

အမ္ပိုလီနဲ႔ပြဲအၿပီးမွာ သတင္းေထာက္ေတြက စီေရာ္နယ္လ္ဒိုမရွိေတာ့တာက အသင္းအတြက္ ဘယ္ေလာက္ထိခိုက္မႈရွိလဲလို႔ ေမးျမန္းခဲ့ခ်ိန္မွာ အယ္လီဂရီက “စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ (၃)ႏွစ္ၾကာကစားခဲ့ၿပီး ဂိုးေတြအမ်ားႀကီးသြင္းယူခဲ့သလို သူဟာ တကယ့္အရည္အခ်င္းရွိတဲ့ကစားသမားတစ္ဦးပါပဲ။ ဒါေပမဲ့ အခုအခ်ိန္ကစလို႔ စီေရာ္နယ္လ္ဒိုအေၾကာင္းကို ကြၽန္ေတာ္တို႔ ေခါင္းထဲမွာထည့္ထားလို႔ မရေတာ့ပါဘူး။ ကြၽန္ေတာ္တို႔အသင္းရဲ႕ကစားသမားစုဖြဲ႕မႈက အင္အားေတာင့္တင္းေနဆဲျဖစ္ပါတယ္။ ပြဲတိုင္းမွာေတာ့ အၿမဲတမ္းအသာစီးက,ကစားႏိုင္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ နားလည္ထားရပါမယ္။ အခုအခ်ိန္မွာ အားလုံးညီၫြတ္မႈရွိရမွာျဖစ္ၿပီး ဒါမွလည္း အနာဂတ္ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔ အကူအညီျဖစ္ေစမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။